Black Romance(Unicode) 🚨🚨🚨

10.3K 210 10
                                    

ကျွန်တော့်နာမည်က ရှိုင်းထက်ကိုပါ။ ကျွန်တော်ဆယ်တန်းရောက်တော့ အဖေနဲ့ အမေက အောင်မှတ်ကောင်းအောင်ဆိုပြီး private school မှာ ထားတယ်ဗျ။

ကျွန်တော်တို့ကျောင်းက အမှတ်တွေနဲ့အတန်းတွေခွဲတာဗျ။
ကျွန်တော်ကတော့ ထုံးစံအတိုင်း Bခန်းပေါ့။

ကျွန်တော်တို့ နှစ်ဝက်လောက်လဲရောက်ရော ကျွန်တော့်အမှတ်ကြောင့် အရှေ့ဆုံးအတန်းမှာ ထိုင်ရတယ်။ ကျွန်တော်တို့ခုံမှာ နှစ်ယောက်တည်းရယ်။

ကျွန်တော်ရယ်၊ ဟန်မင်းသူရယ်။

အင်း၊ ဟန်မင်းသူ။ သူက အေခန်းကနေတမင်ပြောင်းလာတာ။

ဘာလို့လဲလို့ ကျွန်တော်မေးတော့ သူက အေခန်းမှာပျင်းလို့လို့ဖြေတယ်ဗျ။

သူ့ကို ကျွန်တော်က နှစ်စကတည်းက သဘောကျနေတာဗျ။
အခု အရှေ့ဆုံးအတန်းမှာ နှစ်ယောက်တည်းထိုင်ရတော့ ကျွန်တော်ရင်ခုန်တာပေါ့။

သူ့က ရယ်လိုက်ရင်သွားတက်ကလေးနဲ့ အရမ်းချောတာ၊ သူ့ကို ကျနော်စမြင်တုန်းက ရိုးရိုးအေးအေးနဲ့ စာဂျပိုးလေးလို့ထင်ထားခဲ့တာ။

ကျနော်တို့အတူထိုင်မှ သူက မရိုးမှန်း၊ မျက်နှာပြောင်မှန်းသိလိုက်ရတယ်။

ကျနော့်ကို တစ်ခါတလေကျ သဲလေးတဲ့ တစ်ခါတလေကျတော့လည်း ချစ်ဆုံးတဲ့။

ကျနော့်နာမည်ပဲခေါ်လို့ပြောလည်းမရဘူး။
ဆရာမထွက်သွားလို့အနားရတဲ့အချိန်တွေဆိုရင် သူကကျနော့်ပုခုံးလာလာဖက်ပြီးတော့ ပါးလည်း လာလာဆွဲတယ်။ ပြီးတော့ပြောတယ်။

"မင်းပါးလေးတွေက အိနေတာပဲ"တဲ့

ကျွန်တော်ခုန်နေတဲ့ နှလုံးသားကို လျစ်လျူရှုလိုက်ပြီး မျက်စောင်းပဲထိုးလိုက်တယ်။

ကျွန်တော်တို့အချိန်ပိုတွေဆင်းရတော့ ထမင်းချိုင့်တွေပါထုတ်ရတယ်။
မိန်းကလေးတွေက Bခန်းမှာ စားပြီး ယောကျ်ားလေးတွေက အေခန်းမှာ စားရတယ်။

အနားမှာ ဆရာမတွေတစ်ယောက်မှမရှိဘူး။

စားပြီးသွားလို့ထိုင်နေတုန်း သူကကျွန်တော့်လက်ကို ကိုင်ပြီး
ကြည့်နေတယ်။ ကျွန်တော်လည်း မထူးဆန်းတာနဲ့ အသာနေလိုက်တယ်။ ရုန်းမရမှန်းသိနေတယ်လေ။

Black Romance(One Shot)Where stories live. Discover now