Author's letter

23.5K 1K 294
                                    

ဒါကိုတင်ပြီးတာနဲ့ ဒီအကောင့်က ကျွန်မလက်ထဲမှာရှိတော့မှာမဟုတ်ပါဘူး၊ နောက်ပြီး တည်စာအုပ် Mock-up နဲ့အတူ ဈေးပါထွက်လာတာနဲ့ စာအုပ်ကိစ္စမှာ ကျွန်မဝင်မပါတော့ပါဘူး။

ဒီအကောင့်ကို မနေ့က ထုတ်ဝေသူဆီပေးထားခဲ့ပေမဲ့ ဒီမနက် Hidden Notes တွေထဲက Ego ပြန်တွေ့ခဲ့တော့ ဒါကိုလည်းလက်ဆောင်ပေးခဲ့ပါမယ်၊ ဒါပေမယ့် Extra နှစ်ပိုင်းမှာ တစ်ပိုင်းကိုတော့ ဘယ်လိုရှာရှာမတွေ့ခဲ့ပါဘူး၊ ကျွန်မအနေနဲ့ ခုပြန်တင်ပေးခဲ့သမျှက ကျွန်မစုလို့ပြန်ရတာအကုန်ပါ၊ Acc ပျက်သွားတဲ့အထဲ S 3 နဲ့ IDLY ၊ King's pov နဲ့ အခြား draft တွေအကုန်ပါသွားတာပါ၊ ရှင်တို့မသိခဲ့တဲ့ဟာတွေရောပေါ့၊ အကုန်တစ်ကပြန်စရမှာကတော့ ကျွန်မစရိုက်နဲ့မကိုက်ညီတော့လို့ အကုန်လွှတ်ချခဲ့တာကြာပါပြီ၊ ဒီလိုတွေပြန်လုပ်ဖြစ်တာကလည်း ကျွန်မစိတ်ရူးပေါက်ချိန်နဲ့ ထုတ်ဝေသူအဖွဲ့ရောက်လာချိန်တိုက်ဆိုင်သွားလို့ပါ၊ နှစ်ဦးနှစ်ဖက် အရမ်းလွမ်းနေကြချိန် တိုက်ဆိုင်သွားတော့ မျက်ရည်မျက်ခွက်နဲ့ စာထိုင်စစ်ရင်း နောင်တတွေရတာလည်းခဏခဏပါပဲ။

Draft တွေထဲမှာက Note အသေးစိတ်ပါတာမလို့ အဲ့ဒါတွေပျောက်သွားတာက အစကနေပြန်ကောက်ရင်တောင် ကျန်ခဲ့တာများမှာပါ၊ အသစ်ပုံစံပြန်ရေးဖို့ကျလည်း Mood မဝင်တော့တာမလို့ အနားယူလိုက်တာပါ။

အဲ့ဒါကြောင့် ကျွန်မထွက်သွားတာက ရှင်တို့ကျွန်မကို မကာကွယ်နိုင်ခဲ့လို့မဟုတ်သလို အကောင့်တွေပျက်သွားတာကြောင့်လည်းမဟုတ်ပါဘူး၊ ဏီးရာဆိုတဲ့ စာရေးတဲ့ဝိဉာဉ်က ကျွန်မဆီကထွက်သွားခဲ့လို့ပါ၊ သူသုံးခဲ့သလို 'အိုင်' ဆိုတဲ့အသုံးတောင် ကျွန်မမသုံးတတ်တော့ပါဘူး။

ဒါပါပဲ၊ ကျွန်မမှာပေးစရာအသစ်တွေလည်းမရှိတော့ ပြောစရာတွေလည်းမရှိတော့ပါဘူး၊ ရှင်းပြစရာ၊ တောင်းဆိုစရာလည်း ဘာမှမရှိတော့ပါဘူး။

ကြားထဲ ကျွန်မကိုယ်တိုင်ပြောမှဖြစ်မဲ့ကိစ္စမျိုးရှိမလာရင် ဒါကနောက်ဆုံးစာဖြစ်မှာပါ၊ ရှိလာရင်တော့ နောက်တစ်စောင်က နောက်ဆုံးစာဖြစ်ကောင်းပါတယ်။

ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီလိုခဏပြန်လာခဲ့တဲ့အတွက်ကြောင့် စိတ်ရှုပ်စရာတွေရှိလာရင်တောင် ရှင်တို့တွေကြောင့် ကျွန်မနောင်တမရမှာတော့ သေချာပေါက်ပါပဲ။

(Z)

ဒါကိုတင္ၿပီးတာနဲ႕ ဒီအေကာင့္က ကြၽန္မလက္ထဲမွာရွိေတာ့မွာမဟုတ္ပါဘူး၊ ေနာက္ၿပီး တည္စာအုပ္ Mock-up နဲ႕အတူ ေဈးပါထြက္လာတာနဲ႕ စာအုပ္ကိစၥမွာ ကြၽန္မဝင္မပါေတာ့ပါဘူး။

ဒီအေကာင့္ကို မေန႕က ထုတ္ေဝသူဆီေပးထားခဲ့ေပမဲ့ ဒီမနက္ Hidden Notes ေတြထဲက Ego ျပန္ေတြ႕ခဲ့ေတာ့ ဒါကိုလည္းလက္ေဆာင္ေပးခဲ့ပါမယ္၊ ဒါေပမယ့္ Extra ႏွစ္ပိုင္းမွာ တစ္ပိုင္းကိုေတာ့ ဘယ္လိုရွာရွာမေတြ႕ခဲ့ပါဘူး၊ ကြၽန္မအေနနဲ႕ ခုျပန္တင္ေပးခဲ့သမွ်က ကြၽန္မစုလို႔ျပန္ရတာအကုန္ပါ၊ Acc ပ်က္သြားတဲ့အထဲ S 3 နဲ႕ IDLY ၊ King's pov နဲ႕ အျခား draft ေတြအကုန္ပါသြားတာပါ၊ ရွင္တို႔မသိခဲ့တဲ့ဟာေတြေရာေပါ့၊ အကုန္တစ္ကျပန္စရမွာကေတာ့ ကြၽန္မစရိုက္နဲ႕မကိုက္ညီေတာ့လို႔ အကုန္လႊတ္ခ်ခဲ့တာၾကာပါၿပီ၊ ဒီလိုေတြျပန္လုပ္ျဖစ္တာကလည္း ကြၽန္မစိတ္႐ူးေပါက္ခ်ိန္နဲ႕ ထုတ္ေဝသူအဖြဲ႕ေရာက္လာခ်ိန္တိုက္ဆိုင္သြားလို႔ပါ၊ ႏွစ္ဦးႏွစ္ဖက္ အရမ္းလြမ္းေနၾကခ်ိန္ တိုက္ဆိုင္သြားေတာ့ မ်က္ရည္မ်က္ခြက္နဲ႕ စာထိုင္စစ္ရင္း ေနာင္တေတြရတာလည္းခဏခဏပါပဲ။

Draft ေတြထဲမွာက Note အေသးစိတ္ပါတာမလို႔ အဲ့ဒါေတြေပ်ာက္သြားတာက အစကေနျပန္ေကာက္ရင္ေတာင္ က်န္ခဲ့တာမ်ားမွာပါ၊ အသစ္ပုံစံျပန္ေရးဖို႔က်လည္း Mood မဝင္ေတာ့တာမလို႔ အနားယူလိုက္တာပါ။

အဲ့ဒါေၾကာင့္ ကြၽန္မထြက္သြားတာက ရွင္တို႔ကြၽန္မကို မကာကြယ္နိုင္ခဲ့လို႔မဟုတ္သလို အေကာင့္ေတြပ်က္သြားတာေၾကာင့္လည္းမဟုတ္ပါဘူး၊ ဏီးရာဆိုတဲ့ စာေရးတဲ့ဝိဉာဥ္က ကြၽန္မဆီကထြက္သြားခဲ့လို႔ပါ၊ သူသုံးခဲ့သလို 'အိုင္' ဆိုတဲ့အသုံးေတာင္ ကြၽန္မမသုံးတတ္ေတာ့ပါဘူး။

ဒါပါပဲ၊ ကြၽန္မမွာေပးစရာအသစ္ေတြလည္းမရွိေတာ့ ေျပာစရာေတြလည္းမရွိေတာ့ပါဘူး၊ ရွင္းျပစရာ၊ ေတာင္းဆိုစရာလည္း ဘာမွမရွိေတာ့ပါဘူး။

ၾကားထဲ ကြၽန္မကိုယ္တိုင္ေျပာမွျဖစ္မဲ့ကိစၥမ်ိဳးရွိမလာရင္ ဒါကေနာက္ဆုံးစာျဖစ္မွာပါ၊ ရွိလာရင္ေတာ့ ေနာက္တစ္ေစာင္က ေနာက္ဆုံးစာျဖစ္ေကာင္းပါတယ္။

ရွင္တို႔အားလုံးကို ေက်းဇူးတင္ပါတယ္၊ ဒီလိုခဏျပန္လာခဲ့တဲ့အတြက္ေၾကာင့္ စိတ္ရႈပ္စရာေတြရွိလာရင္ေတာင္ ရွင္တို႔ေတြေၾကာင့္ ကြၽန္မေနာင္တမရမွာေတာ့ ေသခ်ာေပါက္ပါပဲ။

Ego Where stories live. Discover now