part _(16)

25 3 0
                                    

မုန့်တွေစားပီးညဥ့်နက်လာတော့ပြန်လာခဲ့ကြတယ်

ဒီတစ်ခါတော့ခေါင်းခန်းမှာရိပေါ်နဲ့ရှောင်ကျန့်ပေါ့

အိမ်ရောက်တော့ အကုန်လုံးဆင်းသွားကြတော့ရိပေါ်သူ့ဘေးကပြတင်းပေါက်မှန်ကိုမှိီကာအိပ်မောကျနေသော ယုန်လေးကိုနှိုးဖို့ပြင်လိုက်တယ်

ရိပေါ်ကားတစ်ဖက်ခြမ်းကိုသွားကာတံခါးကိုအသာဆွဲဖွင့်ရင်း ရှောင်ကျန့်ကိုနှိုးတယ်

ရိပေါ်:ယုန်ပေါက် ရောက်ပီ ယုန်ပေါက်

မနိုးလာပေ

နောက်ဆုံးမရသည့်အဆုံး  ရိပေါ်ရှောင်ကျန့်ခေါင်းလေးကိုအသာထိန်းကာဒူးအောက်ကိုလက်လျှိုသွင်း၍ပွေ့ချီလာတယ်

အိမ်ထဲဝင်တော့ဟိုလေးယောက်က ပင်ပန်းလို့ထင်အခန်းထဲဝင်သွားကြလေပီ

ရိပေါ်လည်းသူတို့အခန်းထဲဝင်လာပီး ရှောင်ကျန့်ကိုကုတင်ပေါ်​အသာချပေးပီး စောင်ခြုံပေးထားလိုက်တယ်

ရိပေါ် ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်
လိုက်ပီး ရှောင်ကျန့်ဘေးနားဝင်လှဲလိုက်တယ်
ရှောင်ကျန့်ဘက်ကိုလှည့်ကြည့်ရင်း

ရိပေါ်:Good night ကျန့်

ဒီလိုနဲ့ ညခင်းလေးကတိတ်ဆိက်စွာ
___________________________________________
မနက်ခင်းနေရောင်ခြည်လေးက ပြတင်းပေါက်ကိုကျော်ဖြတ်ပီး ရှောင်ကျန့်မျက်နှာပေါ်သို့
ကျရောက်လာတယ်

နေရောင်ခြည်ကျရောက်နေတော့ ရှောင်ကျန့်မျက်နှာလေးကပုံမှန်ထက်ဖြူဖွေးနေပီး နှုတ်ခမ်းအောက်ကမှည့်အနက်လေးကပိုထင်ရှားနေတယ်

ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ပန်းချိီကားလေးကိုမမှိတ်မသုန်ကြည့်နေသူက ရိပေါ်

သူ့ကျန့်ရဲ့မျက်နှာလေးကိုကြည့်ကာအစိတ်အပိုင်းတစ်ခုစီကိုလက်နှင့်တို့ထိချင်နေမိတယ်
မနေနိုင်စွာပါးလေးတစ်ဖက်ကိုလက်ညိုးလေးနဲ့ထိုးကြည့်တော့ အိဝင်သွားတဲ့လက်ညိုးလေး

ရိပေါ်:(အား တစ်ကယ်ပါ မြတ်နိုးလွန်းလို့ဘယ်လိုလုပ်ရမလဲ  ဒီချိန်လေးကိုရပ်တန့်ပေးနိုင်မလား
ဘယ်လောက်ဖြစ်ဖြစ်ကျွန်တော်ပေးဆပ်ပါ့မယ်)

ရှောင်ကျန့် :အင့် ဟွန့်

ရိပေါ်ရဲ့အသည်းယားseries ရိုက်နေစဥ်မှာပဲ ရှောင်ကျန့်တစ်ယောက်လူးလွန့်ကာနိုးလာတယ်

ရိပေါ် အမြန်လက်ကိုရုတ်ပီး ဘေးမှာတစ်ခုခုလုပ်နေသလိုလုပ်လိုက်တယ်

ရှောင်ကျန့် မျက်လုံးပွင့်တော့သူ့ဘေးမှာ
ပစ္စည်းပျောက်ရှာပုံတော်ဖွင့်နေသော ရိပေါ်

ရှောင်ကျန့်:ရိပေါ် ဘာတွေရှာနေတာလဲ

ရိပေါ်:အာ မဟုတ် မဟုတ်ပါဘူး ဒီတိုင်းငါ့သွားပွတ်တံပျောက်လို့

ရှောင်ကျန့်:ရေချိုးခန်းထဲမှာမဟုတ်ဘူးလား

ရိပေါ်:အာ ဟုတ်တယ်နော်
ရိပေါ် လည်းရေချိုးခန်းထဲဝင်သွားတယ်

ရှောင်ကျန့်:ဘာလား

ရှောင်ကျန့်လည်းရိပေါ်ကို လျစ်လျူရှုကာ 
ကုတင်ပေါ်ကထပီး  ရိပေါ်ပီးရင် ရေချိုးဖို့ပြင်နေတယ်
__________________________________________
ဟဲ ဟဲဘာမှလုပ်စရာမရှိလို့ အပိုင်းတိုလေးတင်ပေးတာ😗
ဒီသာသာချစ်ဖို့မကောင်းဘူးလား😚

My One And OnlyDonde viven las historias. Descúbrelo ahora