ဆယ်နှစ်ကြာပြီးနောက်.....
မက္ကဆီကိုနိုင်ငံရှိနာမည်ကြီး ဟိုတယ်တစ်ခု၏ အပေါ်ဆုံးထပ်တွင်မနက်ရှစ်နာရီအချိန်၌အသားဖြူဖြူအရပ်ရှည်ရှည် ကိုယ်ထည်တောင့်တောင့်တင်းတင်းလူတစ်ယောက်က ကာရံထားသည့်မှန်တံခါးများမှတဆင့်မြို့၏အလှအပများကိုခံစားနေသည်။ ခံစားနေသည်ဟုသုံးနှုန်းခြင်းဆိုတာထက်ဒီတိုင်းကြည့်နေသည်ဟုသုံးနှုန်းလိုက်လျှင်ပို၍မှန်ကန်မည်။
အဘယ့်ကြောင့်ဆိုသော်ထိုသူသည်ခံစားချက်မရှိသည့်လူတစ်ယောက်ဟုလူတွေသတ်မှတ်ကြ၏။
ထိုသူသည်အခုမှရေချိုးပြီးဟန်ရှိသည်။ဗလာကျင်းနေသည့်အပေါ်ပိုင်းခန္ဓာတွင်ရေများပြောင်စင်အောင်သုတ်ထားခြင်းမရှိတာကြောင့်ကျောပြင်တွင်ရေစက်များတွဲခိုလို့နေဆဲ။ထိုအကြည်ရောင်ရေစက်များကပ်ညိနေရာ ကျောပြင်ထက်တွင်အပြည့်နေရာယူထားသည့်ဇာမဏီငှက်ပုံမှာထင်ထင်ရှားရှား။
ဇာမဏီငှက်ရုပ်၏ဦးခေါင်းသည် ထိုသူ၏ညာဘက်ပုခုံးထက်မှစ၍ဇာမဏီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောပြင်အပြည့်တွင်နေရာယူသည်။ထိုဇာမဏီငှက်သည်အနီရောင်မီးတောက်မီးလျှံများကြားတွင်ခေါင်းမော့ကာ ကကြိုးဆင်နေသည့်ဟန်ဖြစ်သည်။ ဇာမဏီငှက်၏အမြီးကတော့ ထိုသူ၏ဘယ်ဘက်ရင်အုံတွင်ဆုံး၏။ အထူးခြားဆုံးကတော့ ထိုဇာမဏီငှက်အမြီးချရာ နှလုံးသားရှိသည့်နေရာတည့်တည့်တွင် "X" ဆိုသည့်စာလုံးက ဘယ်ဘက်ရင်အုံအပြည့်ကိုနေရာယူလို့ထားသည်။
မှန်ပြတင်းတံခါးတွင်ထင်ဟပ်နေသည့် ထိုသူ၏မျက်နှာကငယ်ရွယ်နုနယ်ချောမောလွန်းသော်လည်းတင်းတင်းစေ့ထားသောနှုတ်ခမ်းတစ်စုံနှင့်ခက်ထန်သောမျက်နှာထားကြောင့်ရင့်ကျက်နေသယောင်ရှိ၏။ အဖျားတွေကိုတိတိပပညှပ်ထားသည့်ဆံပင်ပုံစံနှင့်စူးရဲသောမျက်ဝန်းတစ်စုံကြောင့်အင်မတန်မှပြတ်သားသည့်အသွင်ကိုဆောင်သည်။ ရင်ဘတ်နှင့်ဝမ်းဗိုက်နေရာတွင်နေရာယူထားသည့် မှိန်ပြပြဒဏ်ရာဒဏ်ချက်များကမည်မျှမာကြောသည့်လူတစ်ယောက်ဖြစ်သည်ကိုခန့်မှန်း၍ရသည်။
"ဒေါက်...ဒေါက်..."
"ဝင်ခဲ့..."
အတွင်းမှခွင့်ပြုသံကြားသည်နှင့် ဝင်ရောက်လာသည့်လူတစ်ယောက်ဟာတက်တက်ကြွကြွဖြင့်....
YOU ARE READING
A pair of red shoes by the river
Fanfictionမြစ်ကြောင်းလေးအတိုင်းလိုက်လို့သွားရင် ပြန်တွေ့မှာလား....