part 5

919 60 0
                                    

ပိုင်ဆိုင်ခွင့်လေးသာ.......

(part 5)girl love fiction

မအင်ကြင်း  ..CEO အထဲမှာရှိလား....

အင်း ရှိတယ် ဝင်သွားလေ  ကိုအောင်ခန့်.....

ဟုတ်ကဲ့ဗျ......

CEO ကျွန်တော့်ကို ခိုင်းထားတဲ့ ကိစ္စလေး
ဒီထဲ မှာ ပုံတွေ ပါတယ်  ကြည့်ကြည့်ပါ CEO...

ပေး ...အောင်ခန့်.....   သေချာစုံစမ်းခဲ့ပါတယ်နော် ......

သေချာပါတယ် CEO...ဒါနဲ့ CEO ပထမ စုံစမ်းခိုင်းတဲ့ ကောင်မလေးက .... ရှိန်းCOMPANYကCEO ရှိန်းအသွင်ရဲ့ ချစ်သူပါ......

ဘာပြောတယ်......လွှာ ပုံတွေကို ကမန်းကတန်း ထုတ်ကြည့်မိတယ်.......

ဟင် ဒါက ဘယ်လိုဖြစ်တာလဲ သူတို့က
ဘယ်လိုတွေ့တာလဲ အောင်ခန့် .......

ဒီလိုပါ CEO ရှိန်းအသွင်.... ခေါ်မွေးစားထားတဲ့ ကောင်မလေးတစ်ယောက်ဆိုတာ အဲ့ပုံထဲကတစ်ယောက် သွင်ညီဝင့်ထည် ပါ ..........

ဟင်.....လွှာတစ်ယောက် အံ့သြပြီးရင်း အံ့သြနေရတယ်...

မင်းသွားလို့ရပြီ အောင်ခန့်  လိုမှ ဆက်လိုက်မယ်...... စောင့်ကြည့်ထားအုံး.......

ဟုတ် CEO....

****ဒါဆို ဒါဆို" ထည်" ဆိုတဲ့ ကလေးမက  ရေပြင်ညီ ဆိုတဲ့
ငါ အမုန်းဆုံးမိန်းမရဲ့ သမီး ငါ ချစ်ရတဲ့သူက ခေါ်ယူစောင့်ရှောက်ထားတဲ့ ကလေး ဆိုတာ မင်းပေါ့ "ထည်"

ငယ် က ရော ဒီကလေး ကိုမှ ဘာလို့ ထပ်ချစ်ရတာလဲ.....
အနေနီးလို့လား... ဒါဆို ငယ့်ရဲ့ အနီးဆုံးကို မမ လာခဲ့ရမှာပေါ့....

ထည် ဆိုတဲ့ ကလေးမ မင်းက ကံဆိုးတာလား ကံကောင်းတာလား ....  ငါကို ငြင်းခဲ့လို့ မင်းကို ခွင့်လွှတ်ခဲ့ပေမဲ့......... မင်းဘက်မှာ ကံတရားက မရှိဖူးပဲ
လွှာဆိုတဲ့ မိန်းမကိုမင်းအပြစ်ထပ်လုပ်လိုက်တာပဲ .......
ငါ့ချစ်ရသူကို လုယူရဲတဲ့ သတ္တိ .......အဲ့သတ္တိတွေနဲ့  မင်းငါ့ကို ဘယ်လိုရင်ဆိုင်မလဲ တွေ့ကြသေးတာပေါ့........ ကလေးမရယ်

ငါ အရင်ကမင်းအမေကို မမြင်ဖူးပဲအရမ်းမုန်းခဲ့သလို
ခု မင်းကိုလဲ မုန်းတယ် ....... ရှိန်းအသွင် ဆိုတဲ့ ငယ်ဟာ မင်းတို့ သားအမိကြောင့် ငါ့ကို ပြစ်ပြစ်ခါခါကို ငြင်းရဲတတ်တာ......
ငါ မင်းတို့ သားအမိကို မုန်းတယ် ......အရမ်းမုန်းတယ်.....
×××××××××××

ပိုင်ဆိုင်ခွင့်လေးသာ .......Where stories live. Discover now