PART 2: I DON'T WANT YOU TO GO

1.7K 71 0
                                    

ကျွန်တော်ကတော့ အထက်တန်းအောင်ပြီးသား
လူငယ်တစ်ယောက် Sean Xiao။ ကျွန်တော်က ကျွန်တော့်အမရယ် ၊ သူ့ယောကျ်ားရယ်၊ သူတို့သမီးလေးရယ် ပြီးတော့ သူတို့ရဲ့ သောက်ကျိုးနည်း သားလေးနဲ့ တူတူနေပါတယ်။

အိမ်မှာရှိတဲ့လူတိုင်းနဲ့ရင်းနှီးပေမယ့် ဝမ်ရိပေါ်နဲ့တော့ ဟုတ်မနေဘူး။ ကျွန်တော်တို့ကအမြဲတူတူစားကြတယ်၊ အဝတ်အစားတွေဆိုလည်းတူတူသွားဝယ်ကြတယ်။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့လား။ သူရဲ့ဂိမ်းရယ်၊စကိတ်ဘုတ်ရယ်၊ race kartရယ်နဲ့ကွန်ပျူတာရယ်အဲ့ဟာတွေမှာပဲ ခေါင်းစိုက်နေတာလေ။

ကျွန်တော့်အစ်မက ရုတ်တရက်ကြီး အမေရိက ကို သူ့အမျိုးသားနဲ့သွားရဖို့ဖြစ်လာတယ်လေ။သူ့ရဲ့သားအနေနဲ့ အဲ..မဟုတ်ပါဘူး သူရဲ့မောင်အနေနဲ့ကျွန်တော်က သူတို့ရဲ့ဒီအိမ်ကိုစောင့်ရှောက်ရတော့မယ်။ လျန်ရိရဲ့အဝတ်အစားတွေကိုလဲပေးရမယ်။ချက်ပြုတ်ရဦးမယ်။ သူ maid တစ်ယောက်လိုလုပ်ရတော့မှာပါလား!!!

"တစ်ခုခုဖြစ်လာခဲ့ရင် ကလေးတွေဘေးနားမှာပဲ နေပေးပါနော်" ကျွန်တော့်အစ်မက ကျွန်တော့်ရဲ့ကျောကုန်းလေးကို ခပ်ဖွဖွပုတ်ရင်းပြောလေသည်။

"ယန်လီရာ ကိုယ်တို့ကသေတော့မယ့် လူတွေမှ မဟုတ်ဘဲ" ကျွန်တော့်ရဲ့ ဒေါင်းမျိုးနွယ်ယောက်ဖက ရယ်ရင်းနဲ့ပြောသည်။"စိတ်မချရင် ကိုယ်ကလေးထိန်းခေါ်လိုက်ရမလား" ယောက်ဖက ထပ်ပြောလိုက်သည်။

"မခေါ်နဲ့ ယောက်ဖ!" ကျွန်​တော်မတိုးမကျယ်အော်ပြောလိုက်သည်။" ကျွန်တော်ပြောတာက အမေရိကမှာ ပျော်ပျော်ရွှင်ရွှင် လည်ခဲ့ပြီး နေ့ရက်တွေကိုဖြတ်သန်းပါလို့" ကျွန်တော် ခေါင်းကုတ်ရင်းပြောလိုက်သည်။

"မား ဘာလို့သွားမှာလဲ" လျန်ရိကငိုရင်းပြောသည်။

ကျွန်တော့်ညီမက မျက်ရည်တွေ ကျလုနီးပါး။ ကဲ...စလာပါပြီ။ နောက်ထပ် ဒွမ်မာတွေ စတင်ခင်းပါပြီ။

အစ်မနဲ့ယောက်ဖကထွက်သွားကြပြီ။လျန်ရိကလည်း အကြာကြီးငိုပြီးလို့ အိပ်တောင်ပျော်နေပြီ။သူကတော့ ညနေ ၃နာရီခွဲ မှာ ဘာမှလုပ်စရာမရှိပဲ ဆိုဖာပေါ်မှာ ငိုင်နေတုန်း။

Yizhan One Shots 18+(Translation)Where stories live. Discover now