အပိုင်း 1

52 4 0
                                    

"မေမေကားသံကြားတယ်ဖေဖေပြန်လာပြီထင်တယ်"

ချောက်

"ဖေဖေ အဆင်ပြေရဲ့လားဖေဖေ"

"မသိတော့ပါဘူးသားရယ် ပြေတယ်လို့ဆိုရမလားမပြေဘူးလို့ဆိုရမလားဘဲ"

"ဗျာ"

"အကိုရယ်မြရင်တွေပူလွန်းလို့ပါ ဟမ်ကိုဝါးကဘာပြောလဲဟငါကူညီမယ်တဲ့လား"

"အင်းကူညီမယ်တဲ့မြ"

"တော်သေးတာပေါ့အကိုရယ်"

"မပြေဘူးဆိုတာဘာကိုပြောတာလဲဖေဖေ"

"လာထိုင်ပြီးပြောကြရအောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ရှင်"

"ဗျာ"

"ဟုတ်တယ် အကိုဝါးအာဏာဘဲရှိတာမြ ငွေထုတ်ဖို့ရာက သူ့သား ကောင်းစည်သူခန့် ကထုတ်ပေးရမှာ သူ့သားကထုတ်ချေးမယ် ဒါပေမယ့် အကိုတို့သားလေးနဲ့လက်ထပ်ရမယ်ဆိုမှ ထုတ်ချေးမယ်တဲ့"

"အဲ့တာအကိုဘယ်လိုလုပ်မယ်စဉ်းစားလဲဟင် မြတို့သားလေးနဲ့မစတေးပါရစေနဲ့အကိုရယ် ဟင့် သားလေးကမိန်းကလေးဆိုမြလည်း တစ်ကိုယ်ကောင်းဆန်မိမှာပါဒါပေမယ့်လေဟင့်အခုကသားလေးက ယောင်္ကျားလေးလေအကိုရဲ့ သားလေးမှာလည်းသိက္ခာရှိပါတယ်အကိုရယ် ဟင့်ဟင့်"

"မေမေမငိုပါနဲ့ ဖေဖေထားလိုက်တော့ အိမ်တွေကောသားတို့ပိုင်သမျှအကုန်သိမ်းသွား သားပစ္စည်းတွေ အင်္ကျီတွေတည်းမှာ မဝတ်ရသေးတာ ဗီဒိုအကန့်2ကန့်စာလောက်ရှိမယ်‌ထင်တယ်ဖေဖေ ရေမွှေးတွေကောဘဲရောင်းလိုက်ရင် 900လောက်တော့ရမှာပါဖေဖေသားလည်းဆေးခန်းပြန်ထိုင်မယ်သားတို့ဆပ်နိုင်မှာပါ ကံကောင်းရင် ဦးမင်းနန္ဒကိုခဏလေးနဲ့ရှာတွေ့မှာပါသူ့ကိုတွေ့ရင်သားတို့အရင်အတိုင်း ပြန်ဖြစ်မှာ"

"ဟုတ်တယ် ဟုတ်တယ် အကို မြပစ္စည်းတွေ ကောရောင်းလို့ရလောက်မယ် တံဆိပ်မဖြုတ်ရသေးတဲ့အိတ်တွေရယ် ငွေချေပြီးမှာထားတဲ့ဟာတွေရှိတယ် ဒေါ်လာဈေးကတတ်နေတော့ရလောက်မှာပါ သူတို့စောင့်လောက်မှာပါအကို သားလေးတော့မစတေးခံနိုင်ဘူးအကိုရယ်ဟင့်"

နိဒါန်းတစ်ခု၏အဆုံး၌ (ခေတ္တရပ်နား)Where stories live. Discover now