HSMP4(U)

9.6K 668 18
                                    

ဒီလိုနဲ့ လွန်းကပျောက်သွားပြန်တယ်။သူမရှိတော့လည်းအားလုံးကပုံမုန်လိုပါပဲ။မနက်ဆိုရုံးသွားတယ်အိမ်ပြန်လာပြီး ချက်ပြုတ်စားသောက်နဲ့ ဘာရယ်သာမဟုတ်တာအချိန်တွေကသူ့ဟာနဲ့သူကုန်သွားတာပဲ။လွန်းကိုလွမ်းပေမယ့်လည်း သူကအခုလိုပျောက်သွားနေကျဆိုတော့ သိပ်ထွေထွေထူးထူးဖြစ်မနေတော့ပဲ သူပြန်လာမယ့်အချိန်ကိုပဲစောင့်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့ရုံးမှာ အကိုပိုင်ထူးကရာထူးတိုးလို့ပွဲလေးလုပ်ပေးကြတယ် သိပ်မလိုက်ချင်ပေမယ့်လည်း ကိုယ့်အထက်ကအရမ်းခင်တဲ့အကိုဆိုတော့လိုက်သွားပေးလိုက်တယ်။လွန်းလည်းမရှိတာနဲ့ဘာပြဿနာမှရှိမယ်လည်းမထင်တာကြောင့် ည၈နာရီလောက်မှာBarတစ်ခုကိုစရောက်သွားခဲ့တယ်။

"ကိုကို ဘာသောက်အုံးမလဲ အကိုဘာထက်မှာပေးရမလဲ"

အကိုပိုင်ထူးက စရောက်ထဲက ငြိမ်နေတဲ့ ကိုကို့နား ကပ်လာပြီးမေးလိုက်တော့ ခေါင်းတွေခါပြီး

"ရပါတယ် ကျွန်တော့်ကိုအာရုံထဲမထားပါနဲ့ အေးဆေးသောက်ကြပါ ကျွန်တော်ကဒီလိုပဲနေတက်လို့"

"ဘယ်ဟုတ်မလဲ တကယ်တော့ အမှန်တိုင်းပြောရရင် ဒီပွဲကိုစဖိတ်တော့ ကိုယ်ကမင်းမလိုက်မှာစိုးရိမ်နေတာ"

"ဗျာ"

"ဟုတ်တယ် ကိုယ်အခုရာထူးတိုးသွားပြီလေ ဌာနလည်းမတူတော့ဘူး မင်းနဲ့အရင်ကလိုအမြဲတွေ့ရတော့မှာမဟုတ်ဘူး"

အကို ပိုင်ထူးကို သူအကဲခက်မိတော့ မူးနေတဲ့ပုံပေါက်တာနဲ့သူလည်းရှည်ရှည်ဝေးဝေးမပြောတော့ပဲခေါ်သာငြိမ့်နေလိုက်တယ်။စိတ်ထဲမှာတော့ ဒီပွဲကိုလိုက်လာမိတဲ့ကိုယ့်ဖာသာ ကျိန်ဆဲနေလိုက်သည်။

"ဒါနဲ့ မင်းကိုအမြဲလာကြိုတက်တဲ့ကောင်လေးကိုအခုရက်ထဲမတွေ့ရဘူးနော်"

"ဟုတ်တယ် သူကကိစ္စတစ်ခုရှိလို့အခုရက်ထဲမအားတာလေ"

"အဲ့ကောင်က ကိုယ့်ကိုကြည်ပုံမရဘူး ​ကိုကိုနဲ့ရောဘယ်လိုပတ်သတ်တာလဲ"

ပုံမှန်သူစိမ်းတွေရှေ့မှာဆို လွန်းကိုသူ့ညီလေးတစ်ယောက်အဖြစ်မိတ်ဆက်ပေးနေကြဆိုပေမယ့် အကိုပိုင်ထူးကိုတော့သူဘယ်လိုမိတ်ဆက်ပေးရမှန်းတကယ်မသိဘူး။သူငယ်ချင်းလို့ပြောလိုက်ရင်လည်းလွန်းကသိရင်ပြဿနာရှာမှာ ညီကိုဆိုရင်လည်း အကိုပိုင်ထူးက သူ့မှာညီ မရှိကြောင်းသိနေသည်။

He is my poison[M-preg🚨]Where stories live. Discover now