🍓❌Part 4❌🚬

1.3K 113 4
                                    

Unicode//

"တကယ်လို့ပြန်တွေ့ခဲ့ကြသည်ရှိသော် ကျွန်တော့်မှာချစ်သူတွေဘာ‌တွေရှိနေရင်ရော"

"မတတ်နိုင်ဘူးလေ အရာရာတိုင်းကိုတရားသေတွက်ထားလို့မှမရပဲ"

"ကျွန်တော်ခင်များကိုစောင့်နေမယ်ဆိုရင် ခင်များကစောင့်ဖို့ထိုက်တန်ရဲ့လား"

Jiminမေးခွန်းတွေအများကြီးမေးမိနေသည် ဒါတွေကသူအရမ်းသိချင်နေတာမို့လို့...

"တချို့အရာတွေကစောင့်နိုင်ရင်စောင့်ဖို့ထိုက်တန်ပါတယ်"

Yoongiပြောတဲ့အတိုင်း သူစောင့်နေမယ်ဆိုရင်ပြန်ဆုံဖို့အကြောင်းဖန်လာမှာပါနော်
နှလုံးသားတစ်နေရာမှာနေရာယူထားတဲ့Yoongiနဲ့သူမခွဲခွာချင်ဘူး....

"ဘေဘီဘာဖြစ်ချင်လဲ"

"ဟင်!"

"ဘေဘီ့မှာရည်မှန်းချက်အိပ်မက်ရှိလား"

"ရှိတာပေါ့ ကျွန်တော်လည်းရည်မှန်းချက်ရှိတဲ့လူတစ်ယောက်ပါ ဒါမဲ့ဖြစ်မှာ‌မဟုတ်ဘူး"

"ဘာလို့လဲ??"

"ကျွန်တော်ကမိဘတွေဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးရမှာ ကျွန်တော့်ရည်မှန်းချက်ကိုစွန့်လွှတ်ပြီးတော့ပေါ့"

"မင်းရည်မှန်းချက်ကဘာလဲ"

Yoongiကစီးကရက်ကိုအောက်ပစ်ချကာခြေထောက်နှင့်ဖိချေရင်းပြောလိုက်သည်

"ဖြစ်မှာမဟုတ်ပေမဲ့ပြောပြပါ့မယ် ကျွန်တော်ကအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်တာ ကမ္ဘာအနှံ့ပတ်ပြီးသီချင်းတွေဆိုချင်တယ် အဲ့လိုမဟုတ်ရင်တောင်ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ရရင်တော်ပါပြီ ခင်များလိုလေ"

"Wow!!မင်းကရည်မှန်းချက်ကြီးတာပဲ"

"အဟက် ရည်မှန်းချက်ကြီးတော့ရောဘာလုပ်လို့ရမှာလဲ ကျွန်တော့်ဘဝကကျွန်တော်ပိုင်တာမှမဟုတ်တာ"

"မင်းတစ်ခါလောက်မရူးမိုက်ချင်ဘူးလား"

Jiminလက်ကိုတစ်ဖက်ကကိုင်ထားရင်းတစ်ဖက်ကJiminရဲ့ပါးလေးကိုလက်ညိုးလေးဖြင့်အသာပွတ်ရင်းမေးလာသည်

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now