အခန်း ၁ "ပျော်ရွှင်မူ့"

4 1 0
                                    

ဒီနေ့ကတော့ပျင်းစရာကောင်းတဲ့နေ့တစ်နေ့ပဲ
  လုပ်စရာမရှိပင်မယ့်လည်း ရှုပ်ပွနေတဲ့ အလုပ်ခုံမှာထိုင်မိပြန်ပြီ

"တီတောင်"

"လာပါပြီရှင့်"
  နည်းနည်းလောက်လေး တော့ စိတ်လှုပ်ရှုားမိသွားတယ်

"ကျွီ"
တစ်ခါးဖွင့်သည်နှင့် အတူ စိတ်လုပ်ရှားမှုတွေပါ ပျောက်ကွဲသွားခဲ့တယ်

"နင် ငါ့ကိုဒီတစ်ခါ‌ေတာ့လာဖွင့်ပေးတာပဲ "

"‌အမေ ဘာလာလုပ်တာလဲ"
  ခက်ထန်ထန်မေးလိုက်မိသွားသောကြောင့် ဒီအမျိုးသမီး ရဲ့မျက်လုံးတွေက စိတ်ကုန်သလိုလို ဒေါ်သထွက်သလိုလို တွန့်ချိုးသွားတယ်

"ငါကဘာလာလုပ်တာလဲ ဟုတ်လား"

"...."
ကျွန်မပြန်ဖြေဖို့ကြိုးစားပင်မယ့်လည်းပါးစပ်ကထွက်မလာနိုင်ဘူး

"ဖယ်"
ဒီတစ်‌ခေါက်တော့သူ့မျက်နှာပေါမှာ ဒေါ်သထွက်နေတဲ့ပုံပါပဲ

"ဒါ.. ကျွန်မအိမ်ပါ "
မလွန်ဆန်ချင်ပေမယ့်လည်း ရဲတင်းမိပြန်ပြီ

"ငါပြောနေတယ် ဖယ်!"
   အော်သံသဲ့သဲ့ပါလာတာမို့ ဖယ်ပေးမိလိုက်တယ်
မထင်ထားဘူး..
   ကျွန်မ မဖယ်ပေးလိုက်သင့်ဘူး

---

      ဒီအမျိုးသမီးကြီးက ကျွန်မ အမေပဲ သို့ပေမယ့် အမေအရင်းမဟုတ် မိထွေးလည်းမဟုတ် မွေးစားအမေလည်းမဟုတ်

  သူမက ကျွန်မအဒေါ် အရင်းအရင်ကနွေးနွေးထွေး
ထွေးရှိပေမယ့်     ကျွန်မအမေအရင်း သူ့ရဲ့အမွှာ ညီမ
   ဆုံးသွားတဲ့အခါ အဖွားနဲ့အဖိုးရှိက ဖိအားပေးမှု့ကြောင့် မိန်းမဆုံးသွားလို့ စိတ်လွတ်သွားတဲ့အဖေနဲ့                                                         ယူခဲ့ရတယ်

အဖေကလည်း သူ့ရဲ့သိပ်ချစ်ရတဲ့ အမျိုးသမီးလေးအမှတ်နဲ့ပဲ လက်ထပ်ခဲ့တယ်
      အဖေက ကျွန်အမေအရင်းကိုသိပ်ချစ်ရှာတာ ရုတ်တရက် အမေ ကား အက်ဆီးဒက်ဖြစ်ကာ
    သေသွားတဲ့ အခါမှာတော့ ယူကြုံးမရဖြစ်ကာ စိတ်လွတ်သွားခဲ့တယ်

ဒါကြောင့်..                 
    သူမကိုလည်း အဖေက သူ့ရောဂါပိုဆိုးလာတာနဲ့အမျှ နှိပ်စက်လာခဲ့တယ်
သူမလည်းအဖေလိုမျိုးဖြစ်လာခဲ့တယ်လို့ဆိုရမလား..

ငရဲဆီသို့သွားသည့်လမ်းWhere stories live. Discover now