" ငါတောင်းပန်ပါတယ် ... မဟုတ်ဘူး ငါကတောင်းပန်စရာမှမလိုတာ ငါ့ကိုမသိမှတ်ပြုပေးမယ့်သူတောင်မရှိတဲ့ဟာကို " အရှေ့ကိုတရွေ့ရွေ့နဲ့ သွားနေတဲ့သူမ နောက်ဆုံးတော့သူမလိုချင်တဲ့နေရာဆီ ရောက်သွားခဲ့တယ် " ငါ .. ငါ ကြောက်စရာမှ မလိုတာ ငါဒါကိုအမြဲဖြစ်ချင်နေခဲ့တာလေ " တုန်တုန်ရင်ရင်ပြောနေတဲ့ သူမ သူမ ရပ်နေတဲ့နေရာ ... တိုက်မြင့်တစ်ခုပေါ်မှာပေါ့ သိပ်မမြင့်ပေမယ့် အထပ်သုံးထပ်ရှိတဲ့ အတွက်ကြောင့် လူတစ်ယောက် ပြုတ်ကျရင်တော့ သေစေနိုင်တယ် "နောက်ဘဝမှာငါပျော်ပျော်ရွှင်ရွှင်နေရပါစေ ဘုရားသခင်စီဆုတောင်းပါတယ်" နောက်ဆုံးအထိ ဒီဘုရားသခင်ကို ယုံကြည်သွားခဲ့တဲ့သူမ... သူမ ဒီတိုက်ပေါကနေ အောက်ကိုအားပျင်းပျင်းနဲ့ကျလာနေတယ် သူမစိတ်ထဲမှာလည်း ကြောက်စိတ်နဲ့ပျော်ရွှင်မူ့နှစ်ခု စိုးမိုးနေတယ် "ဗုန်း" အသံအကျယ်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ် ဒီအရာကြီးကအ