BUTTERFLY

25 6 0
                                    

"Butterfly " 🦋 (Uni)

အလင်းရောင် မှေးမှေးလေးသာ ရှိသော
အဆောက်အအုံတစ်ခုကို သေချာကြည့်ရင်
ထိုအဆောက်အအုံက ဘုရားကျောင်းသာ။

လရောင်ကို အမှီပြုပြီး အလင်းဆောင်ထားတဲ့
ဘုရားကျောင်းက အထီးကျန်စွာ တည်ရှိနေသည်

ပတ်ဝန်းကျင် တိတ်ဆိတ်မှုက ငှက်အော်သံကို အတိုင်းသားကြားနေရသလို...သေချာနားထောင်ရင် ရှိုက်ငိုသံလေးကို ကြားရလိမ့်မည် ။

ဘုရားကျောင်းရဲ့ အထဲတစ်နေရာမှာ ကောင်လေး တစ်ယောက်ဟာ ဘုရားသခင်ထံ တောင်းဆိုမှု ပြုနေသည် တစ်ချက်တိုင်းမှာလည်း ငိုသံလေးတွေ ပါနေခဲ့သည် ။

ရှောင်ကျန့်....
ကောင်လေးနာမည်ကရှောင်ကျန့်....
မင်္ဂလာဆောင်မယ့်အချိန်မရောက်ခင်
သေသွားခဲ့တဲ့ကောင်လေးဆိုပြီး လူတွေပြောနေကြတဲ့ ကောင်လေး....

အမှန်တော့ ရှောင်ကျန့်က လူပဲသေသွားခဲ့ပြီး
နှလုံးသားထဲကအချစ်တွေကတော့ ရှင်သန်နေဆဲဖြစ်ကာ ချစ်ရသူကို စောင့်မျှော်နေတဲ့ ကောင်လေးတစ်ယောက်...
လူတွေက ပြောကြလိမ့်မယ် သူက ကြောက်စရာကောင်းတဲ့ သရဲတစ်ကောင် ဆိုပြီးတော့ပေါ့...။

=====================================

December 25

ဆောင်းရာသီရဲ့အအေးဓာတ်က လူကိုအေးခဲသွားစေလောက်အောင် လုပ်နိုင်စွမ်းရှိသည် ။
သို့သော် ရှောင်ကျန့်အတွက် မမှုပါ ။

ဒီနေ့ ရိပေါ်နဲ့အတူ နှင်းလျှောစီးကြမည်ဖြစ်သည် ။
ရှောင်ကျန့်စောင့်နေတာ နာရီဝက်ရှိနေပေမဲ့ ရိပေါ် က ရောက်မလာသေးပါ ။

ဒီလိုပဲပေါ့... ရိပေါ်က အမြဲတမ်း အလေးမထားခဲ့ဘူး
အထူးသဖြင့် ရှောင်ကျန့်နဲ့ ပက်သက်သမျှပေါ့...

အချိန်နှစ်နာရီစောင့်ပြီးချိန်အထိ ရိပေါ်က ရောက်မလာသေးပါဘူး ။ လမ်းဘေးတစ်နေရာက ခုံလေးပေါ်မှာ ရှောင်ကျန့်တစ်ယောက်ကတော့ နှာဖျားလေးတွေနီနေသည်အထ် ကုတ်ကုတ်လေးထိုင်စောင့်နေဆဲ...

ခဏအကြာမှာတော့....

" စောင့်နေရတာ ကြာသွား "

ရှောင်ကျန့်ရဲ့အေးခဲနေသောအတွေးတွေကို ခဏရပ်ပြီး ရိပေါ်ကို မော့ကြည့်ကာ

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Nov 22, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

Oneshoot Collection 💭Wo Geschichten leben. Entdecke jetzt