𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-2:𝚂𝚑𝚎 𝚒𝚜 𝚙𝚛𝚎𝚝𝚝𝚢,𝙸'𝚖 𝚗𝚘𝚝

234 18 1
                                    

[သူမကလှတယ်၊ ကျွန်တော်ကတော့မဟုတ်ဘူး။]

-တစ်လမ်းဝင်တစ်လမ်းထွက်နှင့် အလုပ်မရှိသောကြောင့် စက်ဘီးပတ်စီးနေခြင်းသာ။ စီးနေသည့်အချိန်က ကြာမြင့်လာပြီမို့ ခြေတံတိုတွေက ညောင်းချင်လာသည်။ နောက်ဆုံး အိမ်ရှိရာသို့သာ ပြန်လှည့်လာခဲ့တော့၏။

-စက်ဘီးအား အရှိန်ပြင်းစွာစီးလာမိသော်လည်း အိမ်နားရောက်ခါနီးတွင် ခင်ဗျားနှင့် မိန်းကလေးတစ်ယောက်အား မြင်မိသောကြောင့် စက်ဘီးဘရိတ်သုံးစရာမလိုဘဲ အရှိန်ကသေသွား၏။

-ကားအကောင်းစားကြီးနှင့် ခင်ဗျားအိမ်ရှေ့၌ ရပ်ထားကာ ခင်ဗျားက သူမကို ကား‌အရှေ့ရောက်သည်အထိလိုက်ပို့သည်ထင်ပါရဲ့။

-မိန်းကလေးက ခေတ်ဆန်သည်ထက်ကို ပိုနေသည်ဟု ထင်၏။ စကပ်အတိုသည် အတော့်ကိုပင် တိုသည်ထက်ကို တိုနေသည်။

"အဲဒါများ ဝတ်မနေပါနဲ့တော့လား။"

-နှာခေါင်းရှုံ့ကာ ပြောလိုက်မိသည်။ အို...သူမ ခင်ဗျားအနားရှိနေသည်ကို သဘောလုံးဝမတွေ့ဘူးရယ်။

-အင်းလေ..ကွာပါပေ့။ သူမက ရွှေအိုရောင် ဆံနွယ်လိပ်လေးတွေနှင့် ဝတ်စားထားသည်ကလည်း ပြောင်ပြောင်ရောင်ရောင် အရောင်တွေကိုလက်လို့။ အင်္ကျီအဝတ်အစားကလည်း သူ့ပိုင်ဆိုင်ထားသော ရင်သားများကို ဖော်ပြရန်အသင့်ရှိနေသော ပါးလျသည့် လည်ဟိုက်သည့်အင်္ကျီ။ ခြေတံသွယ်လေးတွေ၊ ပေါင်တံဖြူဖြူလေးတွေနှင့် ဝတ်ထားသော စကပ်အတိုမှာ လိုက်နေပါရောလား။

-သူမကတော့ ခင်ဗျားကို ဆွဲဆောင်နိုင်ချင်နိုင်ပါလိမ့်မည်။ ကျွန်တော့်အမြင်ထံ၌ သူမက အကြည့်ရဆိုးနေသယောင်။ ကျွန်‌တော်သည် သူမကဲ့သို့ မလှနေ၍ သူမအားထိုကဲ့သို့ပြောခြင်းမဟုတ်။ ခင်ဗျားနားရှိနေခြင်းကြောင့်သာ အမြင်မကြည်ရခြင်း။ အခြားသူနားရှိနေလျှင် စိတ်လိုလက်ရ အားပါးတရ ချီးကျူးပါမည်။ သူမလို မိန်းကလေး‌မျိုးက ချီးကျူးခံရမှာ မလွဲပေ။ ယောကျာ်းလေးများ၏ စိတ်အစဉ်ကို ဆွဲဆောင်နိုင်မည်မှာလည်း မုချပါပင်။

-ဘာကိုမျှမတွေးနိုင်လောက်အောင် ဖြစ်သွားသည်။ ခန္ဓာကိုယ်လည်း အတိငြိမ်သက်သွား၏။ သူမက ခင်ဗျားပါးပြင်ထက်သို့ နှုတ်ခမ်းဆိုးဆေးခပ်ပါးပါးသာဆိုးထားသော သူမ၏ နှုတ်ခမ်းထူထူထဲထဲလေးဖြင့် အသာကပ်ကာ နှုတ်ဆက်အနမ်း‌ခြွေလိုက်၏။ ကျွန်တော့်၏ မျက်ခုံးတန်းနှစ်ခုသည် ထိစပ်နေသည်အထိ မှောင်ကြုတ်သွားမိသည်။ ဒေါသလိုလို၊ ဝမ်းနည်းမှုတွေလိုလိုတွေက ကျွန်တော့်ထံပါး၌ စုပုံဝင်ရောက်လာတော့သည်။

-အကြည်တို့ကို လွှဲလိုက်မိသည်။ ဆက်၍ မကြည့်ချင်တော့။ ခင်ဗျားက သူမကို ပြန်၍ ဖက်တွယ်ထားမည်၊ အနမ်းခြွေမည်များကို ကြည့်နိုင်ဖို့ ကျွန်တော့်မှာ အင်အားလုံလုံလောက်လောက်ရှိသည်ဟုထင်သလား။ တစ်ပိုင်းတစ်စတောင်ရှိဖို့နေသာသာ တစ်ဝက်လောက်ဆိုရင်တောင် လှည့်ကြည့်မိမည်မဟုတ်။

-စက်ဘီးအား အိမ်ရှေ့၌သာ ပစ်ချ၍ အိမ်ထဲသို့ ကမူးရှုးတိုးနှင့်သာ ဝင်လိုက်ခဲ့မိတော့သည်။ ထမင်းစားဆောင်အထဲ စားပွဲပေါ်တွင်တင်ထားသော ရေကရားထဲမှ ရေကိုဖန်ခွက်အပြည့်ထည့်လိုက်ရင်း ကုန်အောင်သောက်နေမိသည်။ အခြေအနေကို အဆင်ပြေလို ပြေငြားနှင့်ပေါ့။

-"ကျွန်တော်မသိလိုက်သည်က ခင်ဗျားကထိုမိန်းကလေးကို ပြန်မပွေ့ဖက်၊ ပြန်အနမ်းမ‌ခြွေသည်ကိုပဲ"ဟူသည်ကိုများ တစ်စုံတစ်ယောက်က ကျွန်တော့်စိတ်ပြေလိုပြေရန်အတွက် လိမ်ညာကာ လာပြောပေးမလား ဆိုပြီး ရူးကြောင်ကြောင်နှင့် တွေးနေမိသေးတာ။

-ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ဘာလုပ်လုပ် ပြတင်းပေါက်ကနေကြည့်ဖို့လည်း စိတ်ကူးရှိ‌မနေမိ။

-ရေချိုးခန်းထဲသို့သာ သွားပြီး ရေပန်းမှကျဆင်းလာတဲ့ ရေမှုန်ရေမွှားတွေနှင့်အတူ အတွေးတို့နှင့် မြင်မိသမျှသောကိစ္စရပ်တွေကို မျောပါသွားစေရန် ပြုလုပ်နေမိတော့၏။

-မှန်ထဲသို့ အခေါက်ခေါက်အခါအခါ ပြန်ကာကြည့်မိ၏။ ကွာခြားနေပါပေ့။ သူမနှင့်ကွာခြားပါပေ့။ ကျွန်တော်က သူမလိုမျိုးမဟုတ်။ မျက်ခုံးအတိကျနေလျက်ရှိကာ ဘေးသို့ခွဲထားသော ဆံနွယ်နက်များ၊ လက်တံတို,ခြေတံတို‌တိုလေးတွေနှင့်။ ကြည့်လို့ကောင်းသည်ဟူ၍တောင်ဆိုဖို့ ပြောမနေပါနှင့်။ ခင်ဗျားက သူမကိုသာ ရွေးချယ်မှာပါလေ...။

..........

[23.11Nov.2021]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now