𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-4:𝚆𝚒𝚗𝚝𝚎𝚛 𝙳𝚊𝚢

116 17 2
                                    

[ဆောင်းနေ့]

-မာဖလာလေးပတ်လို့ရယ်
အိမ်အပြင်ကို ထွက်ကာ‌စီးကရက်သောက်လို့နေလေရဲ့...။

-ဆောင်း‌လေလေးသည် တစ်ချက်တစ်ချက် ဖြတ်တိုက်သွားတိုင်း အတိုညှပ်ထားသော ဆံနွယ်တိုလေးများက ဝေ့ဝဲသွားလေ၏။

-မာဖလာအညိုလေးအား လည်ပင်းထက်၌ အကျအနပတ်ထားကာ၊ သားရေဂျက်ကက်၊ ဘေးကြိုးရှည်လွယ်အိတ်တစ်လုံးနှင့် အိမ်အပြင်က နံရံတွင် မှီကာ စီးကရက်သောက်နေပြန်၏။

-အပြင်သို့ အလုပ်ကိစ္စရှိသည်ထင်ပါရဲ့။ အသေအချာကျကျနန ဖြီးလိမ်းထားသည်ပဲ။

-အေးနေသည်ကို ဘာကြောင့်များ အိမ်ရှေ့အကျအနရပ်ကာ စီးကရက်သောက်နေသည်လဲ။ ခပ်မြန်မြန်အလုပ်သွားရောပေါ့။

-ခင်ဗျားကိုကြည့်ကာ အိမ်ထဲမှ နေရင်း သက်ပျင်းချမိ၏။ တကယ့်လူပါ ခင်ဗျားက။ ‌စီးကရက်က ခင်ဗျားကို အေးခဲစေတဲ့ အအေးဓါတ်ကို လျော့ချပေးနိုင်လို့လား။

-ကိုင်ထားသော ခန်းစီးလိုက်ကာအား ပြန်ချ၍ အခန်းထဲသို့သာ လှည့်လိုက်မိတော့သည်။ ခင်ဗျားအခြေအနေကို မကြည့်ချင်တော့။

-ဖျက်ခနဲမြင်လိုက်ရသည်က ခင်ဗျားက စီးကရက်ကျန်သေးသည်ကို အောက်သို့ပစ်ချကာ နင်းချေ၍ ခင်ဗျားရဲ့အိမ်ထဲသို့သာ ပြန်ဝင်သွားခဲ့၏။ အပြင်သွားမည် မဟုတ်လား။ ဘာကြောင့်များ။ အပြင်ကပဲ ပြန်လာခဲ့သည်လား။

-အတော်ကြာသည်အထိ ရပ်စောင့်ကာကြည့်နေမိ၏။ ခင်ဗျားများ ပြန်ထွက်လာကာ အပြင်သွားလေမလားလို့ပေါ့။ ၁၅(ဆယ့်ငါးမိနစ်)ကြာသည်။ ပြန်ထွက်မလာခဲ့။

-လက်ရာမကောင်းသည့် ကော်ဖီလေးကို ဖျော်လိုက်၏။ ချောကလက်ပူပူလေးက ပိုကောင်းလေမလား။ ဝေဝါးလာသည်။ နောက်ဆုံး ခါးသက်သက် ကော်ဖီကသာ အနိုင်ရသွား၏။

-ပေါင်မုန့်လေးချပ်အား ကင်လိုက်ပြီး မြေပဲ‌ထောပတ်ယိုအတွက်နှစ်ခုပူးတစ်ခု၊ စတော်ဘယ်ရီယိုအတွက်ကတစ်ခုပြုလုပ်လိုက်၏။

-ထို့နောက်တွင်တော့ လက်ထဲတွင် ဗန်းနှင့် ပြည့်အောင်သယ်လာရင်း အေးစိမ့်နေသော ဆောင်းရာသီကို ကျော်ဖြတ်လျက် ခင်ဗျားအိမ်ဆီသို့ လျှောက်လှမ်းလာခဲ့တော့၏။

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now