သာယာကြည်နူးဖို့ကောင်းတဲ့ ကျေးငှက်သံတွေနဲ့ အစပြုတဲ့ မနက်ခင်းလေးမှာ နိုးလာတယ်...
ဘေးနားကမောင့်ကို ကြည့်လိုက်တော့ မောင်က အခုထိအိပ်နေတုံး..
မောင့်ကို မနိုးသေးပဲ မျက်နှာသစ် ကိုယ်လက်သန့်ရှင်းရေးလုပ်ပီးမှ မောင့်ကိုနိုးဖို့ အခန်းထဲပြန်ဝင်လာလိုက်တယ်
မောင်အိပ်ပုတ်လေး အခုထိအိပ်တုံး
"ခနလောက်အိပ်ပါစေ အလုပ်တွေနဲ့ ပင်ပမ်းနေမာ"
မောင့်နဖူးလေးကို အနမ်းဖွဖွလေး နမ်းလိုက်ပီး ကုတင်ပေါ်ကဆင်းမယ်အလုပ်..
အနောက်ကနေ ထယ့်ခါးကိုလှမ်းဖက်လိုက်တဲ့ မောင်အဆိုးလေး..
"မောင်ကွာ နိုးရင်လဲထတော့ "
"မထချင်သေးဘူး မောင်က ထယ်ကိုဖက်ပီးအိပ််ချင်သေးတာ "
"မောင် ၇နာရီခှဲနပေီးလေ ထတော့နော် ရေမိုးချိုး အဝတ်စားတွေပါတွေလဲပီးအောက်ဆင်းလာခဲ့ ထယ်အောက်ကစောင့်နေမယ်"
ပြောသာပြောနေတာ မောင်အဆိုးက ထယ့်ခါးကိုဖက်ပီး ပြန်အိပ်သွား..
"အော..မောင်ရယ်.. မောင် မောင် "
"ထယ်ကလဲ ကြာ ၁မိနစ်လောက်ပဲအိပ်ပါရစေ နော် "
အိပ်ချင်မူးတူးနဲ့ နခမ်းကြီးထော်ပီး ပြောနေတဲ့မောင့်က ချစ်စရာကလေးငယ် အတိ
"ချစ်စရာကောင်းလိုက်တာ... ထယ့်ရဲ့ မောင်က "
ဆိုပီး ဂျောင်ကု ပါးလေးကို ခပ်ပြင်းပြင်းလေး လက်နဲ့ ဆွဲလိုက်တယ်..
"ထယ့် အား နာတယ် အား "
"ပါမုန့်ရေစိမ်ထားသလို ဖစ်နေတဲ့ မောင့်ပါးကြီးကို အသဲယားလွန်းလွန်းပါမောင်ရယ်"
"အဲ့တာဆို လက်နဲ့ဆွဲမဲ့အစား နခမ်းလေးနဲ့ နမ်းလိုက် ပါလားလို့"
ပြောသာပြောနေတာ မျက်လုံးက မဖွင့်..
"မောင့် ထယ့်ကိုကြည့်"
"ဟမ်..အမ်.."
မျက်လုံးလေး အနည်းငယ်သာဖွင့်ပီး ထယ့်ကိုပြန်ကြည့်နေတဲ့ မောင်က အရမ်းကို ချစ်စရာကောင်းနေတာ..