1

173 18 4
                                    

အချစ်ကထူးဆန်းလေသလား..

ကိုယ်ချစ်မိသူက ကိုယ့်အတွင်းရေးမှူးတဲ့...

မသိခင်ချိန်မှာကိုယ့်ရင်ထဲနေရာယူနေခဲ့တာ...

မနက်စောစောအလုပ်လာရင် အတွင်းရေးမှူးကိုငေးရတာနဲ့ ရှာရတာနဲ့ကလည်းသူ့အလုပ်တစ်ခု။

ဘယ်ချိန်ကစပြီးလည်းသူမသိတော့ဘူး။

တဖြေးဖြေးနဲ့အကျင့်ပြောင်းလာတဲ့သူ့ကို မားကရိပ်မိပြီးမေးလာတော့ ရင်ထဲရှိတဲ့အကြောင်းကိုအမှန်တိုင်းပြောမိသည်။

"ကျတော့်အတွင်းရေးမှူးလေးJunကို ချစ်မိနေတယ်"

လို့ပင်။

ေယာက်ျားလေးချင်းမို့ မားကသဘောမကျလောက်ဘူး ထင်ထားပေမဲ့ မထင်ထားလောက်အောင်ကိုမားကစကားတစ်ခွန်းပြောလာခဲ့သည်။

​"သားချစ်ချင်တဲ့သူကိုချစ်ပါ တင်တောင်းပေးရမှာနဲ့ သဘောတူပေးရမှာက မားတာဝန်ပဲ့လေ"တဲ့..

ထိုညကသူထခုန်မတတ်ပျော်ခဲ့မိသည်။ ပါးကတော့ ခပ်ပြုံးပြုံးရယ်။ တစ်ဦးတည်းသားဆိုပြီးတော့လည်းအပြစ်မပြောရက်။ သားတစ်ယောက်တောင်ထပ်ရတာတဲ့လေ။

အတွင်းရေးမှုးလေးအပုံကိုပြခိုင်းကြည့်တော့ပြလိုက်သည်ပေါ့။ ဒါပေမဲ့ ပါးနဲ့မားကအရမ်းတွေသဘောကျနေသည် သူ့အနာဂတ်လောင်းလေးကို။ချစ်စရာလေးတဲ့လေ။

နောက်ခံအသိုင်းအဝိုင်းကငယ်လည်းမားကပြောသည်ဂရုမစိုက်ဘူးတဲ့။ အဓိကကသားကိုပဲ့ချစ်နေရင်ရပြီတဲ့။

အဲ့လိုမိဘမျိုးရှိတာ Yixing တကယ်ကံကောင်းပါသည်။ ခက်တာက ဘယ်လိုစလိုက်ရမှာလဲမသိကိုပါ။

အဆိုးဆုံးက Boss နဲ့အတွင်းရေးမှုးရာထူးကြောင့်ပင်။

....................

Jun Myeon ဟာ မိသားစုအသိုင်းအဝိုင်းလည်းမရှိ တစ်ကောင်ကြွက်ပင်။ မိဘတွေက သူငယ်တုန်းက မတော်တဆမှုတစ်ခုနဲ့ဆုံးသွားခဲ့သည်။ သူ့ကို အဘွားဖြစ်သူကကြွေးမွေးခဲ့ပေမဲ့ အဘွားကလည်း သူဘွဲ့ရပြီးနောက်ပိုင်းဆုံးသွားလေတော့ သူ့မှာတစ်ယောက်တည်းပေါ့။

Fall in Love with secretary????????????Where stories live. Discover now