4

67 16 4
                                    

"Xing Er နင်ကတုံးလှချည်လား"

ရုတ်တရက်ကြီးအမဖြစ်သူ LuXingကပြောလာသည်။ သူများအခန်းထဲကိုလည်းလာ​ပြီး အပြစ်လည်းလာပြောနေလိုက်သေးသည်။တကယ်ပါပဲ့။

"ဘာကိုလဲရုတ်တရက်ကြီးjieရာ"

jie လို့်ခေါ်ပေမဲ့နင်နဲ့ငါလို့သာသုံးသည်။

"ဟုတ်ပါ့တုံးလွန်းတယ် Xing Erက LuXing ရာပြောမနေတော့နဲ့"

ဘယ်အချိန်ကတံခါးအဝရောက်နေမှန်းမသိသောနောက်ထပ်အမတစ်ယောက် YiMeiကပြောလာပြန်သည်။ ဘာအတွက်သူ့ကိုပြောနေတာလဲ။

"ကဲပါအမတော်တို့ ငါ့ကိုသေချာပြောစမ်းပါအစမရှိအဆုံးမရှိနဲ့"

"ကဲပါလေသေချာပြောမယ် ဒီမှာYixing နင်ဘာလို့ဖွင့်မပြောတာလဲ ဒီတိုင်းနေမလို့လားတစ်သက်လုံး"

YiMeiပြောတာမှန်ပါသည်။ သူဖုံးကွယ်ထားဖို့လည်းအဆင်မပြေလှပါ။ ဒါပေမဲ့ဘယ်လိုလုပ်ဖွင့်ပြောရမည်နည်း။ သူဌေးနဲ့ဝန်ထမ်းကြားကစည်းတစ်ခုကရှိသေးသည်။

"ဒါပေမဲ့jieတို့ရာ စဥ်းစားကြည့်ပါ ကြားမှာစည်းတစ်ခုကရှိသေးတယ် ပြီးတော့လည်း သူ့ကိုငါ့လက်အောက်မှာမလုပ်စေချင်တော့ဘူး အလုပ်ထုတ်ဖို့ကလည်း သူကအရမ်းကြိုးစားတာ ငါ့ကိုကူညီကြပါဦးဟာ"

အဲ့လိုဆိုတော့လည်း အမနှစ်ယောက်ကစိတ်မကောင်း။ သူတို့ကမောင်ဖြစ်သူကို ထိုအတွင်းရေးမှူးကောင်လေးနဲ့အတော်နီးစပ်စေချင်သည်။ ဟိုတစ်ရက်က Companyမှာတွေ့တုန်းကကြောင်တောင်နိုင်တာတကယ်ချစ်စရာပင်။

ထိုနေ့က အတွင်းရေးမှူးဆိုတဲ့ရာထူးကိုမေ့ခိုင်းပြီး အန်တီZhang နဲ့အတူမြို့ပတ်ခိုင်းကူရာ အန်တီက အတော်ပျော်လို့။ ချစ်ဖို့လည်းကောင်းသည့်အပြင် လိမ္မာယဥ်ကျေးမှုရှိသည်။ တစ်ယောက်တည်းနေတာကြားတော့စိတ်မကောင်းတော့ဖြစ်မိပါရဲ့လို့ LuXing တွေးမိသည်။

ထို့အတူ YiMei လည်းတွေးမိသည်။ ထိုကောင်လေးကိုမောင်အဖြစ်တော်ချင်သည်ကိုပင်။

ဒါပေမဲ့အကြံတစ်ခုတော့ရှိသေးတာပေါ့။မဟုတ်ရင်Zhang မျိုးရိုးဟုတ်တော့မလားလေ။

You've reached the end of published parts.

⏰ Last updated: Oct 03, 2023 ⏰

Add this story to your Library to get notified about new parts!

Fall in Love with secretary????????????Where stories live. Discover now