{ Zawgyi }
ဒီနေ့ညစာထမင်းဝိုင်းလေးဟာ သာမာန်နဲ့မတူ ဇွန်းသံမှအပ တိတ်ဆိတ်လို့နေ၏။ ဂျီမင်က ထယ်ယောင်းဘာဖြစ်နေတာလဲ ဆိုသည့်သဘောဖြင့် ဂျောင်ဂုအားမေးဆတ်ပြတော့ ဂျောင်ဂုလဲ ခေါင်းသာခါပြလိုက်သည်။
တစ်ကယ်လဲ ဂျောင်ဂုမသိပါ။ မနက်က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး မေးချင်သော်ငြား မင်းမှာမေးခွင့်ရှိရဲ့လား ဆိုသည့် အတွေးများကကြီးစိုးလို့နေသည်။
ထယ်ယောင်းကတော့ ဘာမှမဖြစ်ထားသလိုမျိုး ထမင်းကိုစားနေပေမဲ့ သူအဲ့လိုတိတ်ဆိတ်နေတာကိုက တစ်ခြားသူတွေအတွက်တော့ အရိပ်အကဲကြည့်နေရသည်။
ထိုအချိန်မှာပဲ အိမ်ထဲသို့ဝင်လာပါသော လူတစ်ယောက်...
သော့ဖွင့်ကာ ဝင်လာပုံအရ ထိုလူကလဲ ဒီအိမ်ကလူဖြစ်မည်ဟု ဂျောင်ဂု တွေးလိုက်မိသည်။
" အော ဆော့ဂျင် မင်းကဘယ်လိုလုပ်ပြီးရောက်လာတာလဲ ဒီအချိန်ဆေးရုံမှာပဲရှိနေရမှာမဟုတ်ဘူးလား "
" ငါ ခွင့်ရက်ယူထားတာ "
"ဘာ!...မင်းလိုလူက ခွင့်ရက်ယူတယ် "
" ဘာလဲ ယွန်းဂီ ငါ့မှာလဲအနားယူချိန်ရှိဦးမှာပေါ့ "
ကိုယ်ကိုယ်တိုင်က စားချိန်မမှန် မအိပ်ရလဲနေပါစေ...လူနာတွေကို ကုသပေးနေရရင်ကို သူ့ဘဝပြည့်စုံနေပါပြီဆိုတဲ့ ဆရာဝန် ကင်ဆော့ဂျင် က အခုတော့ ခွင့်ရက်ယူထားတယ်ဆိုတာ ယွန်းဂီအတွက် အနည်းငယ်ထူးဆန်းနေသလို ခံစားနေရသည်။
" အကိုဆော့ဂျင် ညစာစားပြီးပြီလား တစ်ခါထဲဝင်စားမလား "
" အကိုစားပြီးသွားပြီ ဂျီမင် ... "
" ဂျီမင် ငါစားလို့ပြီးပြီ သွားအိပ်တော့မယ် "
ရုတ်တရတ် ထကာ ထွက်သွားသော ထယ်ယောင်းအား သူတို့ရပ်ကာ ကြည့်ရင်း ကျန်ခဲ့ရသည်။ ဆော့ဂျင်ကတော့ ထွက်သွားသောထယ်ယောင်းအား ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
အခြေအနေများအား အကဲခတ်ပြီး ဂျီမင်အနည်းငယ် သဘောပေါက်လာသလိုပင်။ သေချာသည်ကတော့ အစ်ကိုဆော့ဂျင်နဲ့ ထယ်ယောင်းတို့ ရန်ဖြစ်ထားကြသည်မှာ ကျိန်းသေသည်။ မဟုတ်ရင် အလုပ်အရမ်းများတဲ့ အစ်ကိုဆော့ဂျင်က အခုလိုရောက်လာမှာမဟုတ်။
YOU ARE READING
THEND
Fanfiction{ Zawgyi + Unicode } ~ There is no end to our love story ~ Jeon Jungkook ♡ Kim Taehyung #KookV