Ep (1)

48 10 0
                                    

"သားသားရေ"

"ဗျာဒယ်ဒီ"

"သားသားကို ပြောစရာလေးတစ်ခုရှိလို့"

"ဟုတ်ပြောလေဒယ်ဒီ"

"သားသားကို ဒယ်ဒီမိတ်ဆွေ့ရဲ့ သားလေးနဲ့စေ့စပ်ပေးထားချင်လို့"

"ဗျာဒယ်ဒီ့မိတ်ဆွေ့ရဲ့သား"

"အာ သားသား ရှော့ရသွားမယ်ထင်တယ် သားသားလက်ခံမှပါ ရော့ဒါအ့ကလေးလေးရဲ့ပုံ"

"ဒယ်ဒီ့ကျွန်တော်က အခုမှ16ဘဲရှိသေးတာလေ မစောလွန်းဘူးလား ပြီးတော့ကောင်လေးက ငယ်ငယ်လေးဘဲ ရှိအုန်းမှာနော်"

"ဟုတ်တယ် သားသားထက် တစ်နှစ်ဘဲငယ်တာလေ"

"ရန်ကုန်ကဘဲလားဒယ်ဒီ"

"မဟုတ်ဘူးနယ်ကသားသား"

"နမည်ကဘယ်လိုခေါ်လဲဟင်"

"မဟာဒီပတဲ့"

------------------------------------------

"မားမား တကယ်ကြီးစေ့စပ်ရမှာလား"

"သားရယ် မားမားက သားအတွက်မကောင်းတာကို လုပ်ပါ့မလား သားအတွက်ဘဲလေ"

"ဒါပေမဲ့ သူ့ကိုသားမှမတွေ့ဖူးတာ"

"နောက်အပတ်ထဲဆိုတွေ့ရမှာလေ  ကိုဘုန်းမြတ်တို့က နောက်အပတ်ထဲ ဆင်းလာခဲ့မယ်တဲ့"

"အ့တစ်ယောက်နမည်ကဘယ်လိုခေါ်လဲမား"

"ဘယ်သူ့ကိုပြောတာလဲသား"

"ဟိုလေ ဟို သားနဲ့စေ့စပ်မယ်ဆိုတဲ့
အားးးမားကလည်းသိရဲ့သားနဲ့လူကိုရှက်အောင်"

မားမားကရီလျက်

"သူ့နမည်က ဘုန်းမြတ်ထည်ဝါ တဲ့သား"

"နမည်ကတင်စီးလိုက်တာဟွန့်"

ဒေါ်မြစိမ်းမှာ သူ့မ၏သားကို တကယ်သူများလက်ထဲ မထည့်ပေးချင်သေးပါ။
သူမပင်ချစ်မဝသေး သို့ပေမဲ့ တစ်ဖက်ကတောင်းဆိုသူမှာ ကိုဘုန်းမြတ်ဖြစ်နေသည်မို့ သူမလက်ခံလိုက်ရသည်။

-----------–------------------------------

ထည်ဝါတို့ သားအဖ ဒီနေ့ဒယ်ဒီပြောသည့် ကောင်လေးရှိသည့် ကော့သောင်းမြို့လေးကိုလာခဲ့သည်။

နယ်မြို့လေးပေမဲ့ တကယ်ကိုအေးချမ်းလှသည်ဟု ထည်ဝါမြင်မိသည်။ ရေပတ်လည်ဝန်းရံနေတဲ့ မြို့လေးကနေချင်စဖွယ်အတိပင်။

ပြောရင်းနဲ့ ထိုကောင်လေးတို့ အိမ်ကိုပင်ရောက်လာတော့သည်။
ထိုစဥ် အိမ်ထဲမှအန်တီတစ်ယောက် ထွက်လာကာပြုံးလျက်

"​ေဩာ် ကိုဘုန်းမြတ်တို့ ရောက်ပြီဘဲ လာအိမ်ထဲဝင်လေ သားသားရေ ဒီပရေလာပါအုန်း ဒီမှာဧည့်သည်တွေရောက်နေပြီလေ"

"ဟုတ်မေမေလာပြီ"

ထိုစဥ် အိမ်ထဲမှ ကလေးလေးတစ်ယောက်ပြေးထွက်လာသည်။

အနားရောက်မှ ထည်ဝါသေချာ ကြည့်မိသည်။ သူ့အရပ်နဲ့ မတိမ်းမယိမ်းပင် တရုတ်စပ်၍ဖြစ်မည် အသားရေမှာ နို့နှစ်ရောင်ဘက်သို့ သန်းလုနီးပါး

"မင်္ဂလာပါအန်ကယ် သားနမည်က မဟာဒီပ လို့ခေါ်ပါတယ်"

"ဟာ သားကအတက်လေးဘဲ အန်ကယ်နမည်ကဦးဘုန်းမြတ် တဲ့ ဘေးကတော့အန့်ကယ်သား နမည်က သားကိုကိုပေါ့ နမည်က ဘုန်းမြတ်ထည်ဝါ တဲ့"

"Hello Baby တွေ့ရတာဝမ်းသာပါတယ်"

IF I Didn't Love YouWhere stories live. Discover now