Prologue

381 33 1
                                    

(Zawgyi)
ဒူ​မြောင်​ဖူဆိုတဲ့သူမက ကံအဆိုးဆုံးလူတစ်​​ယောက်​အဖြစ်​ ​မွေးဖွားလာခဲ့သည်​။

သူမသွား​မေးခဲ့တဲ့ ​ရှေ့ဖြစ်​​ဟောသူရဲ့စကားအရ သူမရဲ့​မွေးရက်​က သူမဘ၀ကိုဆုံးဖြတ်​​ပေးနိုင်​ခဲ့သည်​။

အ​ဖေနဲ့အ​မေဆီကဆင်းသက်​လာတဲ့ သူမရဲ့မျက်​နှာဝိုင်းဝိုင်း​လေးက အမှန်​တကယ်​​တော့ စိတ်​ညစ်​ဖို့​ကောင်းလွန်းသည်
သူမဘ၀ကတစ်​​ယောက်​တည်း အထီကျန်​ဖို့ကံကြမ္မာပါလာပြီး တစ်​​ယောက်​​ယောက်​ သူမအနားကိုကပ်​တာနဲ့ သူမဒုက္ခ​ရောက်​လိမ့်​မယ်​။

သူမရဲ့နား​တွေက​သေးငယ်​ပြီး ပိန်​လွန်းတယ်​ : အဓိပ္ပါယ်​က သူမအသက်​၃၀​ကျော်​အထိ အသက်​ရှည်​မှာမဟုဖူး။

သူမရဲ့နှာတံကတိုလွန်းတယ်​ : အဓိပ္ပါယ်​အရ သူမအရမ်းကိုဆင်းရဲလိမ့်​မယ်​ ၀တ်​စရာနဲ့စားစရာရှိတာနဲ့တင်​ အရမ်းကိုကံ​ကောင်း​နေပြီဖြစ်သည်​​။

“နှစ်​တစ်​ရာမှာ ဒီလိုကြမ်းတမ်းတဲ့ကံကြမ္မာမျိုး တစ်​ခုပဲရှိတယ်​"
ရှေ့ဖြစ်​​ဟောသူဟာ ​ခေါင်းခါလိုက်​ရင်း သူမကိုပိုက်​ဆံ​တောင်​မယူပဲ နှင်​ထုတ်​ခဲ့တယ်​ မဟုရင်​သူပါ​ရောပြီး ကံဆိုးသွားမှာဆိုးတဲ့အတွက်​​ကြောင့်​​ပေါ့။

ဒူ​မြောင်​ဖူတစ်​​ယောက်​ ​ရှေ့ဖြစ်​​ဟောသူရဲ့စကားကိုကြားပြီးတဲ့​နောက်​ အလွန့်​အလွန်​ကိုခံစားသွားရ​ပေမယ့်​ သူမ မငို​ကြွေးခဲ့ဘူး။
ဒါ​ပေမယ့်​ တစ်​ဖတ်​မှာ​တော့ သုမနဲ့အ​ဖော်​လိုက်​လာသူ ကျန်းချိုး​ဝေက​တော့ ဒုံးကျည်​လိုအရှိန်​နဲ့ ​ရှေ့ဖြစ်​​ဟောသူရဲ့ စားပွဲကို လှန်​ပစ်​သည်​။

“သွားစမ်းပါ မ​ကောင်းတဲ့ကံဆိုး​တွေ !ဘယ်​လို​တောင်​ အဓိပ္ပါယ်​မရှိတဲ့ စကားလဲ? သူကအသက်​ရှည်​ရှည်​မ​နေရဘူး​ပေါ့ ဟုလား! ဒီမိန်းမအိုကြီးကလည်း ရှင့်​ကိုတစ်​ခါတည်း တန်းပို့​ပေးမယ်​ "။

မြောင်​ဖူ သူမရဲ့သူငယ်​ချင်း ခါးကိုအသည်းအသန်​ဆွဲပီး ​ရှေ့ဖြစ်​​ဟောသူကိုတိုက်​ခိုက်​​နေတာက​နေ ကာကွယ်​ခဲ့ရသည်​ နှစ်​​တွေကြာလာပြီးတဲ့​နောက်​မှာ ချူး​ဝေရဲ့ ခွန်​အားကို သူမအ​တော်​​လေးနားလည်​​နေပြီဖြစ်​သည်​။

အတုအ​ယောင်​ သခင်​​လေး(Fake young master)Where stories live. Discover now