သတ္တဝါတိုင်း ရှင်သန်ချင်ရင် လက်စွဲကိုင်ထားရမယ့် စကားတစ်ခွန်းရှိပါတယ်အဲ့ဒါကတော့ "survival of the fittest" တဲ့
လိုက်လျောညီထွေနေနိုင်သူသာလျင် ရှင်သန်ကျန်ရစ်မယ်လို့ဆိုပါတယ်
"survival of the fittest" က သဘာဝတရားကြီးကို မလွန်ဆန်ဘဲ လိုက်လျောညီထွေနေရာကနေ သတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲလာမှုကြောင့် မျိုးတုံးမပျောက်ကွယ်ခဲ့တာကို ကိုယ်စားပြုထားတာပါ
"survival of the fittest" က လည်း ယူတတ်ရင် မမှားပါဘူး
သတ္တဝါတွေက ဘယ်လောက်ပဲကြီးမြတ်နေပါစေ၊ တော်နေပါစေ၊ ကြံ့ခိုင်နေပါစေ၊ ဘာကောင်ကြီးပဲဖြစ်နေပါစေ၊ သဘာဝတရားကြီးနဲ့ ပတ်ဝန်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေမနေနိုင်ရင် တစ်ချိန်ချိန်မှာ ပျက်စီးဆုံးရှုံးမေ့ပျောက်ခံရမှာပဲလေ
ကိုယ့်မှာရှိတာတွေကို ဖက်တွယ်မထားဘဲ သဘာဝတရားကြီးရဲ့လိုက်လျောညီထွေနေနိုင်တဲ့သူတွေသာ ရှင်ကျန်ခဲ့ရမှာဖြစ်တဲ့အတွက်ကြောင့် လူတွေမှာရှိနေတဲ့ မာန်မာန၊ စည်းစိမ်ပကာသနတွေ ဘယ်လောက်အရေးမပါကြောင်းကို ပြသနေပါတယ်
အခုခေတ်နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေ များပြားလာတာနဲ့ တစ်ပြိုင်နက် တွင်တွင်ကျယ်ကျယ်သုံးလာကြတာကတော့ "survival of the fittest" ပါပဲ
တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ၊ လူမျိုးကြီးဝါဒီတွေ၊ သူများကိုတွန်းချပြီး၊ နင်းချပြီးမှ အောင်မြင်လာတဲ့သူတွေ၊ မကောင်းမှုတွေမျိုးစုံလုပ်ပြီး ကြီးပွားနေတဲ့သူတွေအတွက်တော့ "survival of the fittest" ဟာ ကိုယ့်အပြစ်ကို Justify လုပ်ပြီး ဖြေသိမ့်ဖို့ရာ တော်တော်လေးသင့်တော်အသုံးဝင်လှတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်
တစ်လုံးတည်းပြောရင်တော့ ဟစ်ပိုခရိ (Hypocrite) တွေရဲ့ လက်သုံစကားရယ်လို့ ဖြစ်လာတာပေါ့လေကိုယ်ရှင်သန်ဖို့၊ ကိုယ်ကြီးပွားဖို့၊ ကိုယ့်အကျိုးကျေးဇူးဖို့ သူများကိုချနင်းလိုက်ကြတဲ့အခါတိုင်းမှာ "survival of the fittest" ဆိုတာနဲ့ ကိုယ့်အပြစ်ကို ဖုံးဖိတတ်ကြပါတယ်....အများစုကလည်း အဲ့ဒီစကားလေးကို သုံးလိုက်တာနဲ့ အပြစ်မမြင်တတ်ကြတော့ပါဘူး...သူတို့ကပဲ နားလည်ပေးနိုင်သလိုလိုပေါ့...သူတို့လည်း တစ်ချိန်ချိန်မှာ အဲ့လိုလုပ်မိမှာပဲပေါ့