အခန်း ၁

583 77 6
                                    

|Unicode|

အခန်း ၁

လူတစ်​ယောက်ကိုချစ်မိဖို့အတွက် ပျမ်းမျှအားဖြင့်
အချိန်ဘယ်​လောက်လိုအပ်တယ်လို့ထင်လဲ။
သူ့အတွက်​တော့ အချိန်ကာလ​တွေထက်
ကမ်မလီယာတစ်ပွင့်က ပိုပြီးအ​ရေးပါခဲ့ပါတယ်။

>>>>>>>

၂၀၂၀ မတ် ၂၉။

vintage design ဖန်တီးထားတဲ့ မကျဥ်းမကျယ်ကော်ဖီဆိုင်လေးထဲဝင်ကာ အမေရိကာနိုတစ်ခွက်ကို ဂျီမင်မှာယူလိုက်တယ်။ အလင်းရောင်ဖျော့ဖျော့လေးကျနေတဲ့ ထောင့်နားကထိုင်ခုံမှာထိုင်ဖို့လုပ်လိုက်ပေမဲ့ ဆိုင်ကျဥ်းလေးထဲဝန်ထမ်းကောင်မလေးတစ်ယောက်သာရှိတာကြောင့် ဆိုင်ရှေ့မှာချထားတဲ့ ကြိမ်ထိုင်ခုံလေး ၂ ခုံဆီပဲ သူဦးတည်လိုက်တယ်။ အမေရိကာနိုကို စားပွဲသေးသေးလေးပေါ်ချပြီးတာနဲ့ ဆိုင်လေးကို သူလိုက်အကဲခတ်မိတယ်။

ဆိုင်အတွင်းပိုင်းမှာ ထိုင်စရာရယ်လို့ များများစားစားမရှိဘဲ တစ်ယောက်ထိုင်ခုံလေးတွေစုစုပေါင်း ၆ ခုံလောက်ပဲရှိတဲ့ ဒီ​ကော်ဖီဆိုင်​လေးက လူဦး​ရေများများစားစားမရှိတဲ့ နယ်မြို့​သေး​​သေး​လေးအတွက်​တော့ အ​တော်ကို​​အဆင်​ပြေတဲ့ဆိုင်​လေးဖြစ်တယ်။ ညနေခင်းပိုင်းမို့ အနည်းငယ်မှောင်ရိပ်သန်းနေတဲ့ဆိုင်ငယ်လေးကို ဝါကျင့်ကျင့်မီးသေးလေးတွေရဲ့အလင်းဓါတ်က အားဖြည့်ပေးထားတယ်။

နောက်ပြီး ခွက်တွေကိုအဝတ်စလေးနဲ့သုတ်နေတဲ့ ဝန်ထမ်းကောင်မလေးရပ်နေရာကောင်တာဘေးထောင့်လေးမှာတော့ စာအုပ်စင်သေးသေးလေးတစ်ခုရှိတယ်။ မြို့​လေးထဲက လူကြီးသူမ​တွေက​တော့ နေ့လည်​​နေ့ခင်းဆို တိတ်ဆိတ်တဲ့ ဒီဆိုင်​လေးမှာ စာလာဖတ်​လေ့ရှိကြတယ်။ ဘာစာအုပ်တွေများရှိသလဲဆိုတာ ဂျီမင်စပ်စုချင်ပေမဲ့ မသွားဖို့ကိုပဲရွေးချယ်လိုက်မိတယ်။ ရေဒီယိုကထွက်ပေါ်လာတဲ့ သီချင်းသံတိုးတိုးလေးကတော့ ဂျီမင်ထိုင်နေရာအပြင်ဘက်ဆီကို ခပ်တိုးတိုးလေးလွင့်ပျံ့လို့နေတယ်။

အရမ်းမပူသလို ၊ အရမ်းလည်းမအေးဘဲ နွေးနွေးထွေးထွေးရှိတဲ့ရာသီဥတုမှာ အေးစက်မသွားသေးတဲ့ အမေရိကာနိုတစ်ခွက်ကိုအရသာခံသောက်နေရတာကို ဂျီမင်ကနှစ်သက်တယ်။အဲ့ဒါကြောင့်လည်း နွေဦးနဲ့အမေရိကာနိုနွေးနွေးက သိပ်လိုက်ဖက်တယ်လို့ သူထင်တယ်။

Tears of Camellia Där berättelser lever. Upptäck nu