|| 19 ||

3.8K 511 8
                                    

|| Unicode ||

မနက်ကတည်းက စိတ်နှင့် လူနှင့် ကပ်ပုံမရသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စိုးရိမ်လာသည်။ သို့ပေသိ ရှောင်းကျန့်ကိုတော့ စာဖြေခန်းရှေ့အထိ လိုက်ပို့ပါသေးသည်။

"သွားတော့လေ"

"အင်း"

ခေါင်းတစ်ချက်ငြိမ့်ပြ၍ လှည့်ထွက်သွားသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် အောင့်သက်သက်ဖြစ်သွားသည်။ ဧကန္တ ဝမ်ရိပေါ် သူ မေ့နေတာများလား။

"ဝမ်ရိပေါ်"

"ဟင်"

ရှောင်းကျန့် အော်ခေါ်လိုက်တော့ လှည့်ကြည့်လာသော ဝမ်ရိပေါ်၏မျက်လုံးတွေမှာ ဆွေးရိပ်သန်းနေသယောင်ယောင်။ တကယ်ပဲ သူဘာဖြစ်နေတာလဲ။

"လာဦး"

ဝမ်ရိပေါ်က ရှောင်းကျန့်ဆီသို့ ပြန်လျှောက်လာသည်။ အနီးကိုရောက်တာနှင့် ရှောင်းကျန့်က ဝမ်ရိပေါ်နား နားကို ကပ်၍ တိုးတိုးလေးပြောလိုက်မှ ဝမ်ရိပေါ်မျက်လုံးတွေက ဘလင်းဘလင်းဖြစ်လာသည်။ထို့နောက် တစ်စုံတစ်ခုကို လျှင်မြန်စွာ ပြုလုပ်လိုက်သည်။ပြီးမှ ပြန်လှည့်ထွက်သွားသည်။

"အဟမ်း"

လုပ်ချောင်းဆိုးပြနေသော ကျိုးချန်ကို တစ်ချက်ပြေးကန်ပြီး ဝင်ထိုင်လိုက်သည်။

"တော်သေးတယ်
နောက်နေ့တော့ မျက်စိရှက်စရာတွေ မတွေ့ရတော့ပါဘူး"

"ကျိုးချန်!!!"

........................................................................

စာမေးပွဲခန်းထဲမှ ထွက်လာတော့ ရှောင်းကျန့်စိတ်တွေ ကြည်လင်လန်းဆန်းသွားသည်။

"ခုမှပဲ ပေါ့သွားတော့တယ်"

ကျိုးချန်တို့ ၊ ဟုန်ရန်တို့နှင့် အဖြေတိုက်နေတုန်း ဝမ်ရိပေါ်ရောက်လာသည်။

"ဖြေနိုင်လား ရိပေါ်"

"အင်း"

"တော်သေးတာပေါ့"

"..."

"မင်း မနက်က မျက်နှာမကောင်းလို့လေ
ငါက စာမရလို့များလားလို့ စိတ်ပူနေတာ"

Pit - a - Pat || Completed ||Where stories live. Discover now