Ch-2(Arc-1.1)

689 116 3
                                    

ချောင်ချန်း ရေချိုးခန်းထဲမှာ ရေချိုးနေတဲ့အချိန် အိပ်ခန်းထဲ​မှာတော့ ဝန်ထမ်းတွေက စိတ်ဝိညာဉ် ပြောင်းလဲခြင်းအတွက် လုပ်ရမယ့်ပြင်ဆင်မှုတွေကို စတင်ခဲ့သည်။သူ့ရဲ့ဝိဉာဉ်ရွှေ့ပြောင်းပြီးသွားရင် သူလဲပဲ ဗိုလ်ချုပ် အော်နန်လိုမျိုး မေ့မြောသွားမှာဖြစ်တယ်။ပြန်နိုးထလာချိန်ကဘယ်အချိန်မှန်း မသိတဲ့အတွက် သူကြိုပြင်ဆင်ထားတာက ပိုကောင်းမယ်လို့ထင်တယ်။

ချောင်ချန်းအတွက် သူတို့က အဝတ်အစားသုံးစုံ ပြင်ဆင်ထားတယ်။ညဝတ်အကျီ၊ ဆေးရုံဝတ်စုံ ပြီးတော့ တခြားသူတွေနဲ့တွေ့ရင်ဝတ်ဖို့ဝတ်စုံတစ်ခု။ချောင်ချန်းက ပုံမှန်အားဖြင့် ည၀တ်မဝတ်တတ်ဘူး။ဒါကြောင့်ချောင်ချန်းထပ်မတွေးတော့ဘဲ သက်တောင့်သက်သာဖြစ်မယ့်အဝတ်တစ်ခုကိုဝတ်လိုက်ပြီး ရေချိုးခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်။

စက်ပစ္စည်းတွေအများကြီးကို ဗိုလ်ချုပ်ရဲ့ အိပ်ရာဘေးမှာ ခင်းကျင်းထားတယ်။ချောင်ချန်းက ဗိုလ်ချုပ်ရဲ့ဘေးမှာရှိနေတဲ့ ကုတင်ပေါ်မှာလှဲနေရင်း ကနေ သူ့ရဲ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ဗိုလ်ချုပ်က သူနဲ့မီတာဝက်ခန့်အကွာမှာ လဲလျောင်းနေတာကြောင့် ခေါင်းစောင်းပြီးကြည့်ရင်တောင်မြင်နိုင်တယ် ။သိပ္ပံပညာရှင်တွေကတော့ သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ စက်တွေကို စောင့်ကြည့်ရင်း အလုပ်များနေခဲ့တယ်။

ချောင်ချန်းက သိပ္ပံပညာရှင်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့လက်မောင်းတဝိုက်မှာ ကရိယာမျိုးစုံကိုတပ်ဆင်ဖို့ခွင့်ပြုခဲ့တယ်။ အရာရှိမူဒါဖိုလီက သူ့ကိုဒီကိရိယာတွေနဲ့ပတ်သတ်တဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းပြပြီးတဲ့နောက်မှာသူ့ရဲ့ဦးနှောက်နဲ့ ချိတ်ဆက်ထားတဲ့ စနစ်ရဲ့အသုံးပြုနည်းကို သင်ကြားပေးခဲ့တယ်။ စနစ်နဲ့သာဆိုရင် သူဘယ်ကမ္ဘာကိုပဲဖြစ်ဖြစ် ကူးပြောင်းသွားပါစေ အရာအားလုံးအထစ်အငေါ့မရှိဘဲ အဆင်​​ပြေတယ်လို့ အရာရှိဖိုလီကထပ်ခါတလဲလဲ ပြောခဲ့ပေမယ့် ချောင်ချန်း တုန်လှုပ်မှုအနည်းငယ်ကို မခံစားမိဘဲမနေနိုင်ပေ။

လိုအပ်တဲ့ ပြင်ဆင်မှုများပြီးတဲ့အခါ လူတိုင်းအခန်းထဲကနေ ထွက်ခွာသွားကြတယ်။ အရာရှိဖိုလီ က ချောင်ချန်း ရဲ့ အိပ်ယာဘေးကို လျှောက်လာပြီး

ကူးပြောင်းလာပြီးနောက်မှာ ငါ့ရဲ့ဘဝဟောင်းတွေကိုငါပြန်ပြီးပြုပြင်နေရတယ်Where stories live. Discover now