ep(1)

6.2K 179 1
                                    

နူးညံ့စွာ..သိမ်းပိုက်တက်သော..
❤❤❤❤❤❤❤❤
Les story part.(1 )

{ဘဝကိုအနှောင်ဖွဲ့ကင်းစွာနေချင်သည်..
ဘယ်အရာမှ..သူမကိုလွှမ်းမိုးချုပ်ကိုင်
တာကိုမကြိုက်..အထူးသဖြင့်..အချစ်
ဟုခေါင်းစဉ်တပ်ပြီးပေါ့............
အချစ်ကသူမအတွက်ရယ်စရာတစ်ခု
မျှသာ..............
မိန်းမတယောက်ကြောင့်...သူမ ပိုင်
ဆိုင်သောအရာရာကို သိမ်းပိုက်ခံရမယ်
လို့..အိပ်မက်ပင်မမက်ဖူးခဲ့...}

###ထက်ထက်ဖြိုးကျော်

[ဘဝကိုအဓိပ္ပါယ်ရှိစွာဖြတ်သန်းချင်
သည်...ခပ်ပေါ့ပေါ့ဟေးလားဝါးလား
ဖြင့်အချိန်ဖြုန်းနေသူများကိုလည်းသူမ
အထင်ကြီးလို့မရ...ပိုက်ဆံမချမ်းသာ
ပေမဲ့ဂုဏ်သိက္ခာနဲ့မာနတော့ချမ်းသာ
.ချမ်းသာအောင်ထိန်းသည်..........
ဘာအကြောင်းနဲ့မှသူမ၏ရည်ရွယ်ချက်
ကိုအပျက်စီးမခံနိုင်......
သူမ..မုန်းသောမိန်းမတယောက်က..
သူမ၏..ချမ်းသာသောအရာတွေကိုသိမ်း
ပိုက်သွားလိမ့်မယ်လို့လည်း...မထင်ခဲ့]

###ပိုးသံစဉ်ကို

.တောင်ကြီးတက္ကသိုလ်.. ..
ကျောင်းအပ်...စတင်လက်ခံနေပြီဖြစ်သောကြောင့်...ပိုးသံစဉ်ကို...လိုင်းကားပေါ်မှအလျှင်အမြန်ဆင်းကာ...ကျောင်းဝန်းထဲသို့ခပ်သုတ်သုတ်လေးလျှောက်လာမိသည်...အရင်ဆုံးသူမလုပ်ရမှာက..ကျောင်းသားရေးရာတွင်ဖောင်သွားထုတ်ရမှာဖြစ်သည်...ဒီအချိန်ဆိုလူတွေပြည့့်ကြပ်နေမှာသေချာလှသည်...မတက်နိုင်ပေဒါကအဆန်းမှမဟုတ်ပဲလေ...နောက်ကျမှအပ်ရင်လည်းခုံနံပါတ်က...၁၀၀ကျော်ရောက်သွားနိုင်သည်...အခုတောင်အမေ့ကို...မနည်းပြောလာရတာ.....

  ''ဟိတ်!´´

ကို့အတွေးနဲ့ကိုယ်မို့နောက်မှအော်သံကြောင့်လန့်သွားသည်....နောက်သို့လှည့်လိုက်တော့...ဆံပင်ကမဟော်ဂနီရောင်တောက်တောက်အောက်ကဂျင်းဘောင်းဘီအနက်အောက်ရှူ းအပေါ်ကအနွေးထည်ကုဒ်အင်္ကျီအနက်ရောင်အရှည်.အရပ်ကရှည်ပါတယ်ဆိုစီးထားတာကလေးလက်မလောက်မြင့်သောဒေါက်ဖိနပ်ကိုစီးထားသေးသည်..သူမမျက်လုံးထဲမှာဘယ်လိုမှကြည့့်လို့အဆင်မပြေသော..သူမနဲ့ရွယ်တူကောင်မလေးတယောက်....(#တောင်ကြီးတက္ကသိုလ်သည်..ရာသီဥတု အေးသောကြောင့်ဘောင်းဘီရှည်ဝတ်ခွင့်ပြုထားသည်)

နူးညံ့စွာ သိမ်းပိုက်တတ်သောOnde as histórias ganham vida. Descobre agora