ep(2)

2K 122 0
                                    

နူးညံ့စွာ...သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part...(2)
Practicalအပြီးတွင်ပိုးသံစဉ်ကိုနဲ့နန်းဆိုင်ဆာကျောင်းရှေ့ရှိ၁၉လမ်းတွင်ထိုင်မိကြသည်...ဆိုင်ဆာက...

''ပိုး...ဘာမှာ မလဲမှာလေ...ငါကျွေးမယ်နော်..ဒီနေ့တော့နင်ငါကျွေးတာကိုစားရမယ်..မငြင်းနဲ့...´´

ဆိုင်ဆာကပိုးသံစဉ်ကိုအကြောင်းကိုသိ၍အရင်ကြိုပြောလိုက်တာ...canteen (ကန်တင်း)ထိုင်တိုင်းဘယ်တော့မှဆိုင်ဆာရှင်းတာကိုလက်မခံ
ဆိုင်ဆာလည်းအနေအေးပြီးဘယ်သူနဲ့မှရောရောနှောနှောမနေတဲ့ပိုးသံစဉ်ကို..ကိုခင်မိသည်...ဆိုင်ဆာကလည်းအနေအေးသူပီပီသူမတို့နှစ်ယောက်တွဲဖြစ်သွားကြတာ...

''အင်းလေဒီတခါတော့ရှိပါစေတော့..
နောက်တခါတော့မရဘူးနော်´´

''အေးပါ...´´

''ဒီနေ့တော့ငါ့အမေကပရယ်တီကယ်လ်စာအုပ်ဝယ်ဖို့အပြင်၁သောင်းထပ်ပေးထားတယ်ဟဘာစိတ်ကူးပေါက်တယ်မသိ..´´
သူမသဘောကျစွာရယ်ရင်းပိုက်ဆံလေးကိုထောင်ပြလိုက်သည်...ဆိုင်ဆာက..

''နင့်အမေပန်းတွေရောင်းကောင်းတယ်ထင်တယ်နော်..´´

''အာ့တော့မသိဘူး´´

အပြုံးအရယ်နည်းလှသောသူမကိုဆိုင်ဆာကမမြင်ဖူးသလိုကြည့်ပြီး...

''ပိုး..နင်ဒီနေ့ထူးထူးခြားခြားပြုံးနေပါ့လား...အင်းအဲ့လိုလေးအမြဲပြုံးနေပါ...နင်ပြုံးရင်ပိုပြီးလှတယ်ဟ..´´

''ဒေါ်ဆိုင်ဆာရယ်...မြှောက်နေပြန်ပြီနော်...နင်ကျွေးတာငါစားရမှာနော်...´´

  ''ဟုတ်ပါပြီ..ကဲမှာ..လေ´´

ဆိုင်ဆာက...ထမင်းပေါင်းတစ်ပွဲနဲ့မုန့်တီထောင်းတစ်ပွဲက်ိုမှာလိုက်ပြီးသူမကတော့ချည်စပ်ထမင်းကြော်နဲ့ဒိန်ချည်တစ်ခွက်မှာလိုက်သည်....

  ''ဒီနေ့အတန်းချိန်ကဘယ်အချိန်လဲ..´´
   
   ''၁၂လေ...တက်မှာမဟုတ်လား´´

ဆိုင်ဆာကခေါင်းညိတ်ပြီး...

''နင်တက်ရင်တော့တက်မှာပေါ့´´

''ပြီးရော..´´

ို့မှာထားတဲ့စားစရာတွေရောက်လာတော့နှစ်ယောက်သားစကားမပြောဖြစ်တော့...

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now