Part ~ 14

15.6K 1.7K 15
                                    

zawgyi

" အဟွတ်... ဟွတ်... "

စာကြည့်စားပွဲမှာ ထိုင်နေသည့် ထယ်ယောင်း ။
ဂျွန်သခင်လေးတို့နှင့် ရုပ်ရှင်ရုံကိုသွားပြီး စာအုပ်ဆိုင် ၀င်တုန်းကအထိ ဘာမှမဖြစ်ခဲ့ပေမယ့် အခုတော့ အနည်းငယ် ချမ်းအေးသလို ခံစားနေရပြီး ချောင်းတဟွတ်ဟွတ် ဆိုးလာသည် ။

ကိုယ့်နဖူးကိုယ် စမ်းသပ်ကြည့်လိုက်လျှင် အပူရှိန်ငွေ့ငွေ့လေးကို ခံစားလိုက်ရသည် ။

စာမေးပွဲက နီးနေပြီဖြစ်လို့ ထယ်ယောင်း ဖျားလို့မဖြစ်ဘူး ။

ဆေးသောက်ဖို့ကျ မိမိမှာ ဆောင်ထားတာ မရှိသောကြောင့် အောက်ထပ်က အဒေါ်ကြီးတွေနား၌ ရှိလိုရှိငြား ဆင်းလာခဲ့သည် ။

" ဒေါ်လေး.. အအေးမိပျောက်ဆေး အပိုရှိလား.. "

" နေမကောင်းဘူးလား... "

အိမ်အကူဒေါ်လေးဆီမှ မဟုတ်ဘဲ ထယ်ယောင်း အနောက်ပါးဆီမှ ထွက်ပေါ်လာသည့် ဂျွန်သခင်လေး၏အသံ ။

ထယ်ယောင်း လှည့်ကြည့်လိုက်လျှင် ဂျွန်သခင်လေးက သူ့အနားသို့ ရောက်လာပြီ ။

ထယ်ယောင်း၏ နဖူးထံ ထိကပ်လာသည့် လက်ဖဝါး ။
သူကပဲ ကိုယ်ငွေ့ရှိနေလို့လား မသိ ။
ဂျွန်သခင်လေး၏ လက်က အေးစက်နေသလို ။

ထယ်ယောင်း ထိတ်ခနဲ ဖြစ်သွားသည့် နှလုံးခုန်သံနှင့်အတူ အောက်နှုတ်ခမ်းပါးကို ဖိကိုက်မိလိုက်သည် ။

" ကျစ်.. ဆော့ဂျင်ဟျောင်းကို ဖုန်းဆက်ခေါ်လိုက်မယ်.. ခဏနားနေ.. "

" ဗျာ??.. အာ.. ကျွန်တော်က ရိုးရိုး အအေးမိရုံပါ.. ဂျွန်သခင်လေး.. ဆေးသောက်ရင် ပျောက်သွားမှာ.. အဲ့လောက်ထိမလို.. "

ထယ်ယောင်း စကားကို ဆုံးအောင်ထိ နားမထောင်ဘဲ ဆော့ဂျင်ဟျောင်းကို ဖုန်းဆက်လှမ်းခေါ်လိုက်ပါသည့် ဂျွန်သခင်လေးက စိတ်မြန်လက်မြန် ရှိလွန်းသည် ။

ထို့ကြောင့် ထယ်ယောင်း အားနာပါးနာနှင့်ပင် ဆေးအိတ်ဆွဲကာ လာရောက်ကြည့်ရှုပေးသည့် ဆော့ဂျင်ဟျောင်းကို ကြိုဆိုလိုက်ရသည် ။

" မင်္ဂလာပါ.. ဟျောင်း.. "

" ထယ်ယောင်းမျက်နှာက လန်းနေပါတယ်.. မသိပါဘူး.. ငါက စိတ်ပူသွားတာပဲ.. "

Welcome to Omegaverse (Complete)Where stories live. Discover now