Play Boy

30.7K 1.4K 12
                                    

*****Part 1*****

Yeol....ဟိုမယ်​ ငါ​ပြောတာ သူဘဲ

Sehun တစ်​​ယောက်​ Chanyeol လက်​ ညှိုး ထိုးပြတဲ့ ​ကျောင်း ဂိတ်​၀က​နေ တစ်​လှမ်းချင်း ​လျောက်​လာတဲ့ ​ကောင်​​လေး ကို ကြည့်​ပြီး ပြုံးလိုက်​မိသည်​...

အ​ဝေးက​နေ ကြည့်​​နေတာ​တောင်​ လှမ်းမြင်​​နေရတဲ့  မျက်​မှန်​ ၀ိုင်း​လေး ​အောက်​က မျက်​လုံး ​ပြူးပြူး ၀ိုင်းဝို​င်း​လေး​တွေ..သူတို့ နဲ့ ရွယ်​တူ .​သာ ​ပြောတယ်​ အရပ်​​​လေးက ပုံမှန်​ မနိမ့်​ မမြင့်​​လေးနဲ့ ဆံပင်​​ကေ ကလည်း သူများ​တွေလို အလန်းဇယား ​ကေ​ထောင်​​တွေ ဂျယ်​​တွေ လိမ်းထားတာမျိုး မဟုတ်​ဘဲ အညို ​ရောင်​ ​ဖျော့​ဖျော့ ဆံပင်​အုပ်​အုပ်​အုပ်​​လေး​တွေနဲ့..၀တ်​ထားတာက အနက်​​ရောင်​ အင်္ကျီလက်​ရှည်​နဲ့ အနက်​​ရောင်​ ​ဘောင်းဘီ..   ခြုံငုံ ကြည့်​လိုကိရင်​​တော့ ချစ်​စရာ​ကောင်းတဲ့ ​ကောင်​​လေး တစ်​​ယောက်​လို့ မြင်​မိလိုက်​သည်

Yeol....ဘယ်​လိုလဲ

Sehun...ဒီတစ်​ခါ targetက သူလား ဟို​ကောင်​ က လက်​ခံပါ့မလား ပြီး​တော့ ​ယောကျာင်္း​လေး ဆို​တော့

Yeol...သူ လက်​ခံမှာပါ ငါသိ​နေပါတယ်

Sehun...ဒါ​ပေမယ့်​ ခုနက ​ကောင်​​လေး ကြည့်​ရတာ​တော့ စာဂျပိုး ထင်​တယ်

Yeol...ဟုတ်​တယ်​ သူ​ကျောင်း​ပြောင်း လာတာ ၃ရက်​ရှိပြီ..သူ ​ပေါင်း​နေတာက ဟို ဂျပု ​လေ​ပေါတို့ အုပ်​စုနဲ့..ဒါ​ပေမယ့်​ သူက canteen ​ရောက်​​နေတာ​တောင်​ စာအုပ်​ဖတ်​​နေတာ​နော်​...

Sehun...ငါ သတိ မထား မိလိုက်​ဘူး

Yeol...အပို​တွေ​ပြော​နေတယ်​ မင်း အတန်းတတ်​လို့ လား

Sehun...မင်းက ​ရော တက်​တာ ကျလို့

Yeol...ဘာဘဲ ဖြစ်​ဖြစ်​ ငါက အတန်း မတက်​​ပေမယ့်​ canteen ​တော့ လာတယ်​​လေ

Sehun...​အေးပါ ..ဒါနဲ့ အခု​ရော အတန်း တက်​ဖို့ အစီ အစဉ်

Yeol...no...ဟိုကောင်​ ဆီသွားမယ်

Sehun...သူ ဘယ်​မှာလဲ ​မေးကြည့်​ဉီး လို့ ​ပြောပြီး လက်​ထဲက ဖုန်းနဲ့ ဟိုကောင်​​လေးကို ချိန်​ပြီး ဓာတ်​ပုံ ရိုက်​လိုက်​သည်

Play BoyWhere stories live. Discover now