part 12

2.1K 132 3
                                    

ချစ်သောဝမ်
Part 12
>>>>>>>
ရှောင်ကျန့် :: ဘယ်လိုလဲတွေ့ခဲ့ပြီလား

ချန်ရှောင် :: ဟင့်အင်း

ဝမ်ကျင်း :: တောင်းပန်ပါတယ်

ရှောင်ကျန့် :: ဟူး.....

ရှင်းဟွာ :: အားတင်းထားပါအကိုလေးရယ်ကျွန်မတို့တွေ့မှာပါ

🔔🔔
ရှင်းဟွာ :: တောင်းပန်ပါတယ်ကျွန်မတို့အခုမရောင်း.....သေးပါ

ရှောင်ကျန့် :: ဘာဖြစ်တာလဲ

ရှင်းဟွာ :: အကိုလေးသူ...

ချူးလီ :: ရှောင်ကျန့်စကားပြောရအောင်

ရှောင်ကျန့် :: မင်းနဲ့ငါနဲ့ဘာမှပြောစရာလိုမယ်မထင်ဘူး အခုငါ့ဆိုင်ကနေထွက်သွားပေးပါ

ချူးလီ :: ကျွန်မဒီလိုဒူးထောက်ပါ့မယ် ကျွန်မရှင်းပြတာလေးနားထောင်ပေးပါ

ရှောင်ကျန့် :: ဘာလဲမင်းကိုဒီလိုပြောဖို့ရိပေါ်ကဘယ်လောက်ပေးထားတာလဲ

ချူးလီ :: မဟုတ်ပါဘူးရှင်သိထားတာအမှန်တွေမဟုတ်ဘူး အဲ့နေ့တုန်းကကိစ္စတွေကကျွန်မကိုအခုထိ
အိမ်မက်ဆိုးတွေပေးတယ် ကျွန်မရှင့်ကိုလိုက်ရှာပါသေးတယ် တောင်းပန်ပါတယ် ကျွန်မကိုရှင်းပြခွင့်လေးပေးပါ

ဦးရှင်း :: ပြောစမ်းပါဦး

ချူးလီ :: ကျွန်မရိပေါ်စီကငွေတွေမက်တယ်ဆိုတာမှန်ပါတယ် အဲ့နေ့တုန်းကသူနဲ့ကျွန်မနဲ့အတူတူသောက်ခဲ့ကြတယ်
နောက်တော့ကျွန်မမူးလာတော့သူကဟိုတယ်ကိုပြန်ပို့ပေးတော့အခန်းထဲအရောက်မှာကျွန်မသူ့ပေါ်အန်ချလိုက်တာ
ကျွန်မကိုခုတင်ပေါ်တင်ပေးပြီးသူကရေချိုးခန်းထဲမှာရေချိုးနေတာပါ အဲ့ဒီ့အချိန်မှာပဲရှင်ကရောက်ချလာတာ
ကျွန်မလဲကြံမိကြံရာတွေပြောလိုက်တာ နောက်တော့ရှင်ထွက်သွားပြီးတော့ ရိပေါ်ကကျွန်မစီကိုပြန်လာပြီး
လည်ပင်းညှစ်ထားတယ်သူ့ရှေ့ကိုဘယ်တော့မှပြန်မပေါ်လာပါစေနဲ့တဲ့ အဲ့နေ့အပြီးမှာကျွန်မလုပ်ရပ်တွေကိုပြန်စဉ်း
စားခဲ့မိတယ် တောင်းပန်ဖို့ရှင့်ကိုလိုက်ရှာခဲ့တယ် မတွေ့ခဲ့ဘူး အခုမှတွေ့တာပါ

ရှောင်ကျန့် :: မင်းပြန်တော့

ချူးလီ :: ကျွန်မပြောခဲ့တာတွေကအကုန်အမှန်တွေပါ ခွင့်ပြုပါဦး

ချစ်သောဝမ် Where stories live. Discover now