အပိုင်း ၁၂

580 16 0
                                    

#Unicode

"Bye bye ကိုကို"

Gulf ကို Mew ကျောင်းသွားကြိုလာပြီး အိမ်ရှေ့ရောက်တော့ Gulf ကနှုတ်ဆက်ကာကားပေါ်ကဆင်းဖို့ပြင်လိုက်တုန်း Mew ကလက်လေးကိုလှမ်းဆွဲလိုက်တာမို့ Gulf လှည့်ကြည့်လိုက်သည်

"မွ.."

Mew က Gulf နှုတ်ခမ်းလေးကို ထိရုံလေးတစ်ချက်လှမ်းနမ်းလိုက်သည်

"အာ... ကိုကိုကလဲ"

ရှက်ပြီးကားပေါ်ကဆင်းပြေးသွားတဲ့ ကောင်လေးကိုကြည့်ပြီး Mew ပြုံးလိုက်မိသည်

အင်း ဒီကောင်လေးနဲ့ပက်သက်လာရင် Mew အမြဲပြုံးနေမိတော့တာပါပဲ

....

Gulf အိမ်ထဲရောက်တော့ သူ့အခန်းထဲသာတန်းဝင်ခဲ့တော့သည်
ချစ်သူတွေဖြစ်နေပြီဆိုပေမယ့် ကိုကို့အနမ်းတွေနဲ့တော့ သူတစ်ကယ်အသားမကျသေးပါ
ခုလိုရုတ်တရက်နမ်းလိုက်တာမျိုးဆို သူဘာလုပ်လို့လုပ်ရမှန်းမသိပေ

"Hazard...hazard..."

Gulf ရေချိုးပြီးအောက်ထပ်ဆင်းလာကာ hazard ကိုလိုက်ရှာနေသည် ပြီးမှ ဧည့်ခန်းဆိုဖာပေါ်က hazard ကိုမြင်သွားပြီး တူတူထိုင်ဆော့နေလေသည်

တီ....

အိမ်ရှေ့က ကားသံကြားလိုက်တာမို့ Gulf သူ့ phaw ပြန်လာပြီဆိုတာသိလိုက်သည်

"phaw ပြန်လာပြီလား"

"Omm သားငယ်လေး"

ပြောပြီး Gulf phaw လဲ သူ့အခန်းဆီတက်သွားတော့သည်

Gulf phaw ရဲ့ မျက်နှာထက်ကအပြုံးတွေကိုတော့ ကြောင်လေးတစ်ကောင်နဲ့ဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်ကသတိမထားမိလိုက်ပေ

💕💕💕💕💕💕💕💕💕💕💕💕💕

ဘာလိုလိုနဲ့ Gulf တို့  first sem ဖြေရတော့မည် စာမေးပွဲဖြေတာကပြဿနာမဟုတ် ပြဿနာတက်နေတာက အဖွဲ့ထဲက အမတော်နှစ်ယောက်
လူကြားလို့မှမကောင်း သူများအဖွဲ့ဆိုရင်ယောက်ျားလေးတွေက စာမလုပ်လို့ မိန်းကလေးတွေကလိုက်ထိန်းရတာ သူတို့အဖွဲ့ကျမှ ယောက်ျားလေးသုံးယောက်က ထိုအမတော်တို့ကိုလိုက်ထိန်းနေရသည်
တစ်နေ့တစ်နေ့ဖုန်းနဲ့မျက်နှာကိုမခွာ ရုပ်ရှင်ကြည့်လိုက် စာတွေဖတ်လိုက် ပြီးတော့ကောင်းကောင်းမွန်မွန်လဲကြည့်တာမဟုတ် အသဲယားလို့ဆိုပြီး လက်တွေကိုက်လိုကိုက်
မင်းသားကိုသနားလို့ဆိုပြီး ငိုလိုငို ငိုရင်လဲနှပ်တွေပါထွက်တဲ့အထိငိုတာ ခုစာမေးပွဲနားနီးမှအသဲအသန်စာထလုပ်နေကြလေရဲ့
တစ်ကယ်မလွယ်ကြောလေးတွေ

ကံကြမ္မာရဲ့ စေညွှန်ရာOnde as histórias ganham vida. Descobre agora