"နင် တစ်ယောက်တည်း ကြိတ် လုပ်နေတာ မမောဘူးလား"
"ဟုတ်ပ ငါတို့တောင် မတိုင်ပင်ဘူး ခြေလှမ်းတွေ သွက်နေတယ်"
မျိုးနဲ့သက်တို့ရဲ့ မကျေနပ်သံတွေကို ခံယူရင်း
"နင်တို့ကလဲဟာ ငါလဲ အပူမပေးချင်လို့ပါ"
"အောင်မာ အပူလား"
"ဟီး အပူဆိုလဲ ကောင်းတဲ့အပူပေါ့ "
"စုစု တို့ ခရီးသွားတယ် သိလား"
"ဝါဝါမနေ့ညက ဖုန်းဆက်သေးတယ်လေ"
"ပြီးခဲ့တဲ့ တနင်္ဂနွေ ဘယ်သွားလဲ နင့်ဖုန်းလဲဆက်မရသလို အိမ်လာလဲမရှိဘူး အစောကြီးတည်းက ထွက်သွားတာဆို"
"အင်း မြူ နဲ့ လျှောက်လည်တာ"
"ငါတို့ကိုပါ မေ့နေတယ်ပေါ့"
"မမေ့ပါဘူးလို့ပြောရင် ညာရာကျတယ်ဟ "
"ဒါဆို မေ့တယ်ပေါ့"
"ဟီး မြူ နဲ့ဆုံရင် ငါ အသက်ရှူ ဖို့တောင်မေ့တယ်"
"ပိုပြီ အဲ့စကား မြူ ရှေ့သွားပြောလေ"
"ပြောရမှာပေါ့ တစ်နေ့ကျ"
"သူ့ကို တကယ်ချစ်နေတာလား"
ဒေါ်ကြီး လာချပေးသွားသော လက်ဖက်သုပ်ကို စားရင်း မြူ ဟု ခေါင်းစဉ်တပ်ကာ ဆွေးနွေးနေကြသည်.
"အင်း ချစ်တယ် အရမ်းချစ်တာ ငါ တစ်ခါမှမချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ချစ်တာ "
"သူဟာ မိန်းကလေးတစ်ယောက်ဆိုတာ နင့်ခေါင်းထဲ ရှိသေးရဲ့လား"
"ငါသိပါတယ် သူ မိန်းကလေးဖြစ်နေလဲ ချစ်တယ် သူက ငါမိန်းကလေးမို့လို့ လက်မခံရဲဘူးဆို ငါ ခွဲစိပ်လိုက်မယ်"
"ရူးနေလား နင်ယောက်ျားအစစ်ဖြစ်လာလိမ့်မယ်ထင်နေတာလား"
"ဟိုမရောက် ဒီမရောက်ပေါ့ ခွဲစိပ်လိုက်လို့ယောက်ျားပုံစံဖြစ်နေလဲငါ စိတ်က မိန်းကလေးပဲလေ"
"နင်ကတော့လေ....."
"တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်တည်းမှမဟုတ်တာဟာ မိန်းကလေးတစ်ယောက်ကို အခြားမိန်းကလေးကကြိုက်တယ် . မိန်းကလေးချင်း ချစ်တယ် အာ့ အပြစ်လဲမဟုတ်ပါဘူး ကမ္ဘာက တစ်ချို့နိုင်ငံတွေတောင် တရားဝင်လက်ထပ်ပြီး အတူနေခွင့် ဥပဒေတောင် ရှိသေးတာကို"
"နင်က lesbian လား"
"မသိဘူး "
"မသိလို့ ရမလား နင်ပဲ ကောင်မလေးကို ကြိုက်နေပြီလေ lesbian မဟုတ်လို့ ဘာဖြစ်ရမှာလဲ"
"အေးလေ ဒါတော့ နင်လက်ခံရမှာပဲဟာ"
"မဟုတ်ဘူး ငါပြောတာက ငါဟာ lesbian ပါ ဆိုတာမျိုး.lgbt ပါ ဆိုတာမျိုး ကို ဘယ်လိုမှမခံယူထားဘူး . လေ့လဲမလေ့လာထားဘူး ဒီလိုဟာ ငါ့ကိုယ်ငါ les ပါ straight ပါလို့ မခွဲခြားဘူး ဒီတိုင်းပဲနေတယ် ငါ့ဟာငါ ကြိုက်ချင်သူကြိုက်မယ် ချစ်ချင်ရင် ချစ်မယ် ငါဟာ ဘာ ဆိုပြီး သတ်မှတ်ချက်မထားဘူး ဘာလို့ဆို ဒို့နိုင်ငံမှာသာ လိင်တူ ကြိုက်တာကို ရွံစရာလိုလို အပြစ်သားတွေလိုလို တွေ့ရင် မြင်ရင် ကဲ့ရဲ့ချင်နေကြတာ ငါတော့ အဲ့ ရှေးရိုးစွဲအယူကြီးတွေ လက်မခံဘူး ငါ မြူ့ကို ချစ်တယ် ဒါကို သူသိအောင် ဖွင့်ပြောမယ် သူ့ဖက်က ကြည်ဖြူ ရင် ငါတရားဝင်လက်ထပ်မယ် မိန်းကလေးနှစ်ယောက်လက်ထပ်ပွဲမှာ ဘယ်ဧည့်ပရိတ်သတ်မှ မလာချင်နေ အရေးကြီးတာ ငါတို့တွေ မင်္ဂလာ ယူတဲ့ အထိမ်းအမှတ်နဲ့ သူကြိုက်တဲ့ သတို့သမီး ဝတ်စုံလေးကို ဆင်တူဝတ်ပြီး စာချုပ်မှာ လက်မှတ်ထိုးမယ်. ဒီမှာ သိတဲ့အတိုင်း လက်မခံဘူးဆို လိင်တူသဘာဝကို လက်ခံတဲ့ နေရာမှာ ငါတို့ အေးအေးချမ်းချမ်း သွားနေကြမယ် ဒါပါပဲ"
စကားအရှည်ကြီး ပြောပြီး မောသွားတော့ ရှေ့က ကော်ဖီ ယူသောက်လိုက်သည်. သက်ကော မျိုး ပါ ရွှေလအား မယုံကြည်နိုင်စွာ ကြည့်နေကြသည်. သက်က
"ရွှေလ"
"ဟင် ပြောလေသက်"
"နင် ငါတို့ကိုကော လူရာမသွင်းဘူးလား"
"ဘာလို့တုန်း"
"နင်အတွေးထဲမှာ ငါတို့ မပါတော့ပါလား"
"ပါတယ်လေ"
"အသိသက်သေအဖြစ်ငါတို့ လေးယောက်ကြီးတောင်ပါလို့ရပါတယ်အေ နင်ချစ်တဲ့ မြူ့အကြောင်းပဲတွေးနေတော့ ငါတို့ကို ချန်ခဲ့တယ်ပေါ့"
"ဟီး အဲ့လိုဖြစ်သွားလား နင်တို့က မြူ နဲ့ပတ်သက်ပြီးပဲ မေးတာကို အဲ့တော့ငါက ငါဖြစ်ချင်တာပဲ ပြောသွားတာပေါ့"
"အင်း မိရွှေလ နင်ကတော့လေ
စားလဲမြူ အိပ်လဲမြူ အလုပ်လုပ်လဲ မြူ တစ်မြူ ထဲ မြူ နေတာ ထားပါဦး နင့်မြူ က ဘာတဲ့လဲ သူ့အကြောင်းတွေကော"
"မြူ လား စာရေးတယ်လေ တိုက်ခန်းမှာ တစ်ယောက်တည်းနေတယ် သူ့မိဘတွေ ဆုံးပြီတဲ့ ဒါပဲ"
"ဟမ့် နင့်ဟာကလဲ မသေချာမရေရာကြီး"
"ဆုံးပြီဆိုမှတော့ ငါ ဘာဆက်မေးရဲမလဲဟ"
"ငါတို့နဲ့မိတ်ဆက်ပေးပါလား"
"သူ့ဆီ ခွင့်တောင်းကြည့်ဦးမယ်"
"ဘာလဲ နင့်မြူ က အချေပုံစံလား"
"မဟုတ်ပါဘူး သူခင်တတ်ပါတယ်"
မြူ့မကောင်းကြောင်းတွေ ပြောမိမှာစိုးလို့ လိမ်ညာလိုက်တာပါ. မြူ ချေလား မချေလား . ခုထိ မြူ့ရဲ့ အပြုံးကို ရွှေလ မပိုင်ဆိုင်ရသေးပါ.ထိုနေ့က မြူ့အကြောင်းတွေ ဆွေးနွေးလိုက်ကြတာ ညနေဖက်ထိပင်. သက်ကော မျိုးပါ ညစာ စားပြီးမှ ပြန်သွားကြသည်. ဟုတ်လဲဟုတ်သည်. အားလပ်ရက်ဆို မြူ့ဆီသွားနေကျဆိုတော့ ခါတိုင်းဆုံနေကျ သူငယ်ချင်းတွေကိုတောင် အချိန်မပေးနိုင်တော့ပါ. ခုနေ့လဲ သူတို့လာတာ စောသွားလို့ မဟုတ်ရင် မြူ့ရဲ့ အိမ်ရော က်နေပြီလေ.
ထမင်းစားပြီး ရုံးက ယူလာတဲ့ အလုပ်တွေကို လုပ်ရင်းနဲ့ ရှစ်နာရီတောင် ထိုးသွားသည်. ထို့ကြောင့် အသစ်ဆိုသော်လဲ အလွတ်ရနေသော မြူ့နံပါတ်ကို ခေါ်လိုက်လေသည်.
📱📱📱📱
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်....
ဟင် မြူ က ဘယ်သူနဲ့ ပြောနေတာပါလိမ့်.
ထပ်ခေါ်သော်လဲ မအားသေးကြောင်း ပြောနေတော့ နာရီဝက်လောက် နားလိုက်သည်. ပြီး ပြန်ခေါ်လဲ မအားသေး.
ဟာ မဟုတ်တော့ဘူးထင်တယ် ငါ့ဖုန်းကို.black list များလုပ်ထားတာလား အိမ်ဖုန်းနဲ့ ဆက်ကြည့်ဦးမှ..
မရပါ. ဘယ်ဖုန်းနဲ့ပဲခေါ်ခေါ် မအားသေးပါပဲ ကြုံနေတော့ စိတ်တိုလာရသည်.
မြူ့ကို ခုချိန်ထိ ဖုန်းပြောခွင့်ရသူက ဘယ်သူများပါလိမ့် နေ့ဆိုရင် ငါကိုယ်တိုင် သူ့အိမ်လိုက်သွားလောက်ပြီ ခုက တစ်ယောက်တည်းမို့လို့ပေါ့ ပြီး ညဖြစ်နေလို့သာပဲ
...ဖုန်းလေးကိုင် ဟိုလျှောက်သည်လျှောက် အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ယောက်ယက်ခတ်နေတော့သည်.
"ရွှေလရောင်"
စာကြည့်ခန်းထဲမှ ဖေဖေ လှမ်းခေါ်လိုက်သံကိုလဲ မကြား. အတွေးထဲမှာ မြူ ဘယ်သူနဲ့ ဖုန်းပြောနေပါလိမ့် ဆိုတာပဲ ကြီးစိုးနေတော့တာကိုး.
"ဟိတ် ရွှေလရောင် ဖေ့သမီး"
နောက်ကနေ ပခုံးကိုင်လှုပ်မေးကာမှ ထိတ်ခနဲ လန့်သွားရသည်.
"ဟင် ဖေဖေ"
"ငါ့သမီး ဘာတွေဂဏှာမငြိမ် ဖြစ်နေတာလဲ"
"ဘာရယ်မဟုတ်ပါဘူး ဖေဖေ"
"လာ ထိုင်ဦး ဖေဖေ ပြောစရာရှိတယ် "
"ဟုတ် ပြောပါ ဖေဖေ"
စာကြည့်ခန်း သို့မဟုတ် ဖေဖေ ရုံးကနေ အိမ်ကိုယူလာတဲ့ အလုပ်တွေ လုပ်တဲ့အခန်း အလုပ်ခန်းထဲမှာ ဆက်တီတစ်စုံ နှင့် ဖိုင်တွဲတွေ စာအုပ်တွေကို သပ်သပ်ရပ်ရပ် ဗီရိုကြီး တွေက ပတ်ပတ်လည်ရှိနေတော့သည်. ခုံမှာ သားအဖနှစ်ယောက်ထိုင်လိုက်ကြရင်း ဖေဖေက
"ငါ့သမီး ခုတလော အလုပ်ကို တော်တော်ပျက်နေသလိုပဲ"
"မပျက်ပါဘူး ဖေဖေရ"
"နေ့လည်ခင်းတွေဆို ပျောက်ပျောက်သွားတယ် ပြီး မနက်ဆိုလဲ အစောထွက်သွားပြီး နောက်ကျမှရောက်တာတွေ အဲ့ဒါ ဘယ်တွေ သွားနေတာလဲ ဘယ်လိုမှသဘောမထားနဲ့ နော် ဖေဖေ သိသင့်မယ်ထင်လို့မေးတာပါ"
"သမီးမှာ ပြောချိန်မတန်သေးလို့ပါဖေဖေ ခွင့်လွှတ်ပါနော် "
"မဖြစ်သင့်တာတွေ ဖြစ်လာမှာစိုးလို့ ဖေဖေ ပြောနေရတာ တလောလုံးကို ပြေးကြည့်မှ ဖေဖေ့မှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာလေ သမီး တစ်ခုခုဖြစ်မှာ ဖေဖေမလိုလားဘူး"
"သမီး သိပါတယ် ဖေဖေ သမီးကို စိတ်ပျက်စေရမယ့်အလုပ်မျိုး သမီးမလုပ်ပါဘူး ကတိပေးပါတယ်"
ရွှေလ ဒီလောက်ထိ ဖေဖေ့ကို ယုံကြည်နေနိုင်တာ ကတိပေးနိုင်တာက ဖေဖေဟာ သမီးဖြစ်တဲ့ ရွှေလကို အရမ်းချစ်သလို စည်းကမ်းတကျ နေစေခဲ့သူပင်. ပြီးတော့ ခေတ်နဲ့အညီ ရှေးရိုးစွဲစိတ်မရှိပဲ လူငယ်သဘာဝကို လွတ်လပ်ခွင့် အပြည့်အဝပေးထားတာမို့ ရွှေလဟာ မြူ နဲ့ အဆင်ပြေပြီးသွားလို့ရှိရင် ဖေဖေ့ဆီမှာ လက်ထပ်ဖို့ ခွင့်တောင်းတဲ့အခါ ဖေဖေ လုံးဝ ငြင်းမှာ မဟုတ်ဖူးဆိုတာ ရွှေလ ယုံကြည်သည်လေ. ဘာလို့ဆို ဖေဖေက lgbt ကို ထောက်ခံပေးသူတစ်ယောက်ပဲလေ.
"သမီး ချစ်ရမယ့်သူ ရှိနေပြီလား"
"ဘာလို့မေးတာလဲ ဖေဖေ"
"သမီးက အရွယ်ရောက်နေပြီလေ ပညာလဲ စုံပြီ အလုပ်လဲ လုပ်နေတတ်ပြီလေ ကြင်ယာစုံဖို့ပဲကျန်တော့တယ် သမီး မရှာသေးဘူးလားလို့"
"မရှာသေးပါဘူး ဘာလဲ ဖေဖေက သမီးကို အကြာကြီး မချစ်တော့ဘူးလား သမီးကို အိမ်ထောင်ပြု စေချင်တယ်ပေါ့"
"မဟုတ်ရပါဘူးကွယ် ဖေဖေမသေခင်လေး စိတ်ချရအောင် လက်ထပ်ပေးချင်စိတ်တော့ ရှိသား"
"ဖေဖေ့မျက်စိထဲ သဘောကျတဲ့သူများ ရှိနေတာလား ဖေဖေ"
"မနေ့က ဖေဖေ့မိတ်ဆွေ ရှေ့နေကြီး ဦးအောင်ကြည်လေ သိတယ်မလား"
"ဟုတ်ကဲ့ သူ့မှာ မိန်းမလဲ ရှိတယ်လေ ဖေဖေ"
"ဟာကွာ သူ့သားအတွက် သမီးကို လာစပ်တာဗျား"
"သမီးတောင် သူ့သားကို မမြင်ဖူးဘူး"
-မမြင်ဆို သူ့သားက ခု သြဇီမှာ ကျောင်းတက်နေတုန်း စက်မှု အင်ဂျင်နီယာ လောင်းကွ ဖေဖေတော့ ဆုံဖူးတယ် မွန်မွန်ရည်ရည်လေးပါပဲ ဖေဖေတော့ သဘောကျတယ် မိဘစကားလဲနားထောင်သလို စာလဲကြိုးစားတယ် ပြီး သမီးတို့ မိန်းကလေးတွေ ကြွေစေလောက်တဲ့ ရုပ်ရည်လဲ ရှိတယ်"
"ဖေဖေ သဘောကျရင် ဖေဖေ ယူပါလားလို့ အဲ့လောက်ချီးမွမ်းနေတာ သမီးတောင်မနာလိုဖြစ်နေပြီ"
"ဟာ အဲ့လို မနောက်ရဘူးလေကွာ"
"ဟုတ်တယိလေ သမီးရဲ့ လွတ်လပ်တဲ့ဘဝကို ယောက်ျားတစ်ယောက်ရဲ့ ခြေရင်းမှာ မဝပ်ဆင်းပေးနိုင်ဘူးဖေဖေ ဒါသမီးစိတ်ရင်းအမှန်ပဲ'
"ဘယ်လိုတောင် အတွေးမျိုးလဲ"
"ဟီး သံသယမြူ ဝတ္ထု က စာသားတွေလေ သဘောကျလို့ ကဲပါ ဖေဖေ ဒါတွေ ထားပါဦး သမီး လောလောဆယ် အေးအေးနေချင်တယ် သမီးလက်တွဲဖော်ကို သမီးပဲရွေးမယ် အဲ့ကျရင် ဖေဖေ ခွင့်ပြုရမှာနော်"
"မကောင်းတဲ့သူဖြစ်နေရင်ကော"
"ဖေဖေ့သမီးက အဲ့လောက် ညံ့ပါ့မလားလို့ စိတ်ချ ဖေဖေသဘောတူလောက်တဲ့ သူ ဖြစ်စေရမယ် အဲ့လိုလူပဲ ရွေးမယ်"
"ကဲ ငါ့သမီး အိပ်တော့ ညလဲ နက်ပြီ လက်ထဲက ဖုန်းလဲ ပိတ်လိုက်ဦး သူ့ခမျာ မနားရရှာဘူး မနက်ဖြန် ဖေဖေနဲ့အတူ တခါတည်း ရုံးတက်ရမှာနော် "
"ဘာလို့တုန်း ဖေဖေကလဲ"
"နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေနဲ့ အစည်းဝေးရှိတယ် ဖေဖေ သမီးကို ပွဲထုတ်မလို့ ပြောရမယ်ဆို သမီးကို ရာထူးတိုးပေးတဲ့သဘော"
"တကယ်လား ဖေဖေ "
"အင်း အိပ်ချေတော့ goodnight"
"Gn ဖေဖေ"
ဖေဖေ့စာကြည့်ခန်းမှထွက်လာတော့ ပျော်နေမိသည်. ဒီအကြောင်းကို မြူ သိစေချင်လိုက်တာ. ဪ... သိရလောက်အောင် သူ ငါ့ချစ်သူမှမဟုတ်သေးတာပဲ.
ဖုန်းကို နောက်ဆုံးကြိုးစားမှုအနေနဲ့ ခေါ်ကြည့်လိုက်ပြန်သည်.
လူကြိးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်.. .
လက်ထဲက ဖုန်းတောင် ပေါက်ခွဲချင်လာသည်. ခါတိုင်းရှစ်နာရီဆို မြူ ကို ရွှေလ ဖုန်းဆက်ပြီး goodnight လုပ်နေကျ . ခုနေ့ကျ ဘာလို့မအားတာလဲ မသိ. ညတိုင်းလိုလို ခေါ်တတ်တဲ့ ရွှေလ ဖုန်းကို မြူ က မမျှော်ဖူးဘူးလားမသိ. မနက်ဖြန်ကျ သွားလဲမတွေ့ရ. ဖေဖေနဲ့အတူ ရုံးတက်ရမည်. အစည်းအဝေးက သိတဲ့အတိုင်းပင် တစ်နေကုန်မှာတော့ အသေအချာ . ဖြစ်ချင်တော့မနက်ဖြန်က တနင်္ဂနွေ နေ့.
ဟားးး စိတ်ပျက်စရာကောင်းတဲ့ နေ့ပဲကွာ..
........
မနေ့ညက နေရိပ် ပြန်လာတာကို သူမဆီလာတော့ သူမ မရှိ. ဖိုးသဲတို့မြေးအဖွားနဲ့အတူ အပြင်သွားနေတော့ မဆုံလိုက်ရပါ. နေရိပ်က သူမ အံ့သြစေချင်သောကြောင့် လက်ဆောင်ထုတ်တွေနဲ့ surprise လာ လုပ်လိုက်တာ တံခါးပေါ်က သော့ကြီးက လှောင်လိုက်တော့ အဲ့အကြောင်း ပြောလို့ကိုမဆုံးတော့. ညကလဲ ဖုန်းဆက်ပြီး သူပဲ အလွမ်းသယ်နေတာ စာတောင်မရေးရ. တဖက်က နေရိပ် ပြောနေတာကို သူမ စပီကာကြီးဖွင့်ပြီး စနေနေ့ဆိုတော့ Tv က လာတဲ့ ဘောလုံးပွဲ ကို အသံတိတ်ကြည့်နေလိုက်သည်. နေရိပ်ပြောနေသလောက်ကို အင်း အဲ သာ လိုက်ပြောနေတာ ဘာပြောလို့ ပြောနေမှန်းမသိ. တစ်ဖန် ရွှေလခေါ်ထားတဲ့ missed call များစွာ ဝင်နေတာကိုလဲ မသိ. အာရုံက တီဗီ ဖန်သားပြင်ပေါ်မှာသာ ရှိနေတော့ လောကကြီးနဲ့ အဆက်ပြတ်နေလေသည်. ဘောလုံးပွဲ ပြီး သွားတော့ ကိုးနာရီ ခွဲနေပြီ. အဲ့ချိန်ထိ မောင်နေရိပ်က ဖုန်းမချသေး . တီဗီပိတ် မီးမှိတ်ပြီး အခန်းထဲရောက်မှ
"ဟဲ့ နင် အဲ့လောက်ပြောနေတာ ဘေလ် မကုန်ဘူးလား"
"ဘေလ်လောက်များဟာ စကားထဲ ထည့်ပြောစရာလားဟ"
"ဘယ်လိုပြောပြော ကုန်တာက ကုန်တာပဲဟယ်i
"ငါ့ ရှယ်ပြောနေတာနော် နိုင်ငံတကာက အတွေ့အကြုံတွေ နင်စာရေးရင် အသုံးတည့်အောင်လို့ ကုန်ကြမ်းစုပေးနေတာ အဲ့ဒါပြောပြနေတာ နင်က အင်းအဲနဲ့ စိတ်မဝင်စားသလိုကြီးပဲ လုပ်နေတာ"
"မနက်ဖြန်တွေ့မှ သေချာပြောတော့ ငါအရမ်းအိပ်ချင်နေပြီ"
"ဟာ ကျားသားမိုးကြိုး ခုချိန်ကို နင်က အိပ်ချင်တာ ဟုတ်လား"
"အေးလေ"
"ဘယ်တုန်းက အိပ်ဖူးလို့လဲ"
"စကားမရှည်နဲ့ဟာ မနက်ဖြန်တွေ့မယ် တကယ် အဲ့ကျမှ သေချာပြောပြ သိလား ငါ အရမ်းအိပ်ချင်နေပြီ အိပ်နေပြီ အိပ်ပျော်နေပြီ"
"အေးပါကွား ငါ့မှာဖြင့် လွမ်းနေလိုက်ရတာ သူကဖြင့် မိရေခဲ"
'ပြောထားပါကွာ ကဲ ငါတကယ် ချပြီဟာ"
နေရိပ် ဘာမှမပြောလိုက်ခင်ကို ဖုန်းချလိုက်တော့သည်. MSG BOX ကြည့်တော့ ရွှေလ ဖုန်းတွေ ဆက်တိုက်ခေါ်ထားလေသည့်စာများအားတွေ့လိုက်ရသည်.
ပြန်ခေါ်လိုက်ရမလား ... မခေါ်တော့ပါဘူးလေ ဒီချိန်ဆို သူအိပ်နေလောက်ပြီ ထင်ပါတယ် အဲ့ကလေးမ ဒီညနေပေါ်မလာဘူးပဲ ဘာတွေများ အလုပ်ရှုပ်နေပါလိမ့်
နေပါဦး ငါက သူ့ကို ဘာလို့များ မျှော်နေမိပါလိမ့် ငါ သူ့ကို ကြိုက်များကြိုက်နေတာလား .... အို မဖြစ်နိုင်ပါဘူး ဒါ မြန်မာနိုင်ငံလေ. ပြီး သူက မိန်းကလေးပဲ. ငါ့ကို စာရေးသူ တစ်ယောက်အနေနဲ့ ခင်မင် ရင်းနှီးတာ နေမှာပါ ငါ့စိတ်ငါ ထိန်းမှပဲ မနက်ဖြန်ကျ နေရိပ်နဲ့ ဆွေးနွေးကြည့်ရမယ်....
ညတိုင်း ဖုန်းပြောဖြစ်ကြတော့ အဲ့အချိန်လေးရောက်ရင် သူများ ဖုန်းခေါ်လာမလားလို့ မျှော်နေမိတဲ့ ငါ့စိတ်ကို ပြန်ဆန်းစစ်ဦးမှပါ....
တွေးရင်း ဖုန်းကို စက်ပိတ်လိုက်တော့သည်.
.
.
.o==[]::::::::::::::::>
YOU ARE READING
မြူ
Romanceမိမိသဘောကျနှစ်ခြိုက်ရသော စာအုပ်တစ်အုပ်အား မှီး၍ ရေးသားထားပါသည်။ လုံးဝပုံတူကူးချထားခြင်းလည်း မဟုတ်ပါကြောင်း။ မူရင်း စာရေးသူအား လေးစားစွာဖြင့် 🙏
