အခန်း (၃၈)/(က)

3.3K 393 2
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၈)/(က)

TRANSLATOR - SHARR

--------------------

ဆယ်လပိုင်း ခြောက်ရက်နေ့သည် အတိတ်နိမိတ်ကောင်း၍ အိမ်ရှေ့စံမင်းသားနှင့် ရန်ရှီးထင်တို့၏ မင်္ဂလာပွဲ ကျင်းပရန် သင့်တော်လေသည်။

ရန်အိမ်တော်တွင် သတို့သမီးသည် စောစောနိုးနေပြီး မင်္ဂလာဝတ်စုံဝတ်ကာ မျက်နှာချေတို့ကို လိမ်းခြယ်နေသည်။

"အမေ ဒီရက်ပိုင်း အဖေ ထူးဆန်းနေတာ သတိထားမိလား" ရန်ရှီးထင် မေးလိုက်၏။ "သမီး အဖေ့ကို စကားပြောတာတောင် အဖေက ခပ်တန်းတန်းဖြစ်နေတယ်"

"သူ အလုပ်များနေလို့ ဖြစ်မှာပေါ့" မင်းသမီးခန်းဟွာက လိမ်လိုက်၏။

"ဟုတ်တယ်၊ အမေပြောတာ မှန်တယ်" ရန်ရှီးထင် ပြောလိုက်၏။

ဖေ့ကျင်း၏အိမ်တော်တွင် ရန်ရှီးနဥ်သည် မင်္ဂလာလက်ဖွဲ့များကို ပြင်ဆင်နေသည်။

ဖေ့ကျင်း ရန်ရှီးနဥ်ကို ဖက်လိုက်၏။ "ရှင်မ ဂရုစိုက်ဦးနော်"

ရန်ရှီးနဥ် ဖေ့ကျင်း၏နှုတ်ခမ်းတို့ကို နမ်းလိုက်သည်။ "မသေချာရင် ကျွန်မ ဘာမှမလုပ်ဘူး"

ဖေ့ကျင်း ခေါင်းညိတ်လိုက်၏။
"အစ်ကိုတော်(၇)ရဲ့ လူတွေကလည်း ပြင်ဆင်ထားလိမ့်မယ်လို့ ကိုယ်ထင်တယ်၊ ရန်ရှီးထင်ရဲ့
အလိမ်အညာတွေကို သူတို့ကိုပဲ ဖော်ထုတ်ခိုင်းလိုက်၊ ကိုယ်တို့က အပျင်းပြေပြဇာတ်ကြည့်ရုံပဲ၊ အစ်ကိုတော်(၇)သာ တစ်ခုခုကြံစည်ရင် သက်ညှာပေးမှာ မဟုတ်ဘူး"

ဖေ့ကျင်းက နေ့ရောညပါ ဂရုစိုက်ရန် သတိပေးနေသဖြင့် ရန်ရှီးနဥ်မှာ မရယ်ပဲမနေနိုင်တော့။ "ဖေ့ကျင်း ရှင် ဘယ်အချိန်တုန်းက မိန်းမကြီးတစ်ယောက်လို ဖြစ်လာတာလဲ"

ဖေ့ကျင်း သူ့မျက်နှာနှင့် ရန်ရှီးနဥ်လည်ပင်းကို ပွတ်လိုက်၏။ "သွေးထွက်သံယိုတွေမြင်ရင် ကိုယ့်ခြင်္သေ့လေး ကြောက်သွားမှာ စိုးလို့"

ဖေ့ကျင်းနှုတ်ခမ်းက သူမလည်ပင်းပေါ်တွင် ရောက်နေသည်ကို ရန်ရှီးနဥ် ခံစားလိုက်ရသည်။ "ဖေ့ကျင်း ကျွန်မ သိပါတယ်၊ အင့်...ကျွန်မဂါဝန်ကို မချွတ်နဲ့၊ ဒါဝတ်ဖို့ အချိန်အကြာကြီး ယူရတာ၊ အင်း..."

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now