အခန်း (၃၇)

3.3K 387 3
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၇)

TRANSLATOR - SHARR

--------------------

ရန်ရှီးနဥ် ထွက်သွားပြီးနောက် ရန်ကျင်း ထိုင်တောင်မထိုင်နိုင်။ရန်ကျင်းသည် လက်ရေးလှလေ့ကျင့်သောအခန်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီးနောက် အင်္ကျီလက်ကိုခါကာ ထွက်လာခဲ့တော့သည်။

ခဏကြာပြီးနောက် ရန်ရှီးထင် မျက်မှောင်ကြုတ်ရာမှ ပြုံးလာကာ ပျံတတ်တော့မည့်အတိုင်းပင်။ သူမ ရန်ရှီးနဥ်ထံမှကျောက်စိမ်းလက်ကောက်တစ်စုံကို လက်ခံရန် ဝန်လေးသလို ဟန်ဆောင်နေသော်လည်း သူမ ကောက်စိမ်းလက်ကောက်များကို နှစ်သက်သည်။

သူမ ကျောက်စိမ်းလက်ကောက်များကို သဘောကျနေစဥ် ရန်ကျင်းက ရန်ရှီးထင်၏ အဆောင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။

တစ်ခုခုကြောင့် စိတ်မချမ်းသာဖြစ်နေပုံပေါ်သော သူမအဖေကို ရန်ရှီးထင် ကြည့်လိုက်သည်။

"အဖေ ဘာဖြစ်လို့လဲ"

ရန်ကျင်း ရန်ရှီးထင်ဘေးတွင် ထိုင်လိုက်၏။ အစေခံတစ်ယောက်က သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးသော်လည်း သူက အစေခံကို ရပ်ခိုင်းလိုက်သည်။

"ရေတစ်ခွက်ပဲ ပေး"
ရန်ကျင်း ပြောလိုက်သည်။

"အဖေ ဘာလို့ရေသောက်ချင်ရတာလဲ" ရန်ရှီးထင်က မေးလိုက်၏။ "ဒါက မိဖုရားခေါင်ကြီး ချီးမြှင့်ထားတဲ့ ရှားပါးလက်ဖက်ခြောက်နဲ့ တည်ထားတာ"

အစေခံလေးက ရေငှဲ့ပေးနေစဥ် ရန်ကျင်း ရန်ရှီးထင်၏ လက်ကို ကိုင်ကာ ပြုံးပြလိုက်၏။

"ရှီးထင် သမီးက အခု အရွယ်ရောက်နေပြီ၊ ပြီးတော့ ကိုယ်ပိုင်မိသားစုဘဝလေးလည်း စတော့မယ်" ရန်ကျင်း ပြော၏။

ရန်ရှီးထင် ရုတ်တရက် သူမလက်ချောင်းမှ စူးခနဲ နာကျင်သွား၍ လက်ကို ပြန်ရုတ်လိုက်သည်။

"အဖေ ဘာလုပ်နေတာလဲ" ရန်ရှီးထင် မေး၏။

ရေခွက်ထဲသို့ သွေးတစ်စက်ကျသွားသောအခါ ရန်ကျင်း ကျေနပ်သွားသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now