🖤🖤🖤+2 = 5

467 73 3
                                    

"စိတ်မပူပါနဲ့ ကျွန်တော်သက်သာပါတယ်အဖေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"စိတ်မပူပါနဲ့ ကျွန်တော်သက်သာပါတယ်
အဖေ.."

စာမေးပွဲပြီးပြီးချင်း နှလုံးခဏအောင့်သွားသည်မို့ သူငယ်ချင်းများရဲ့ အကူအညီနဲ့..ဆေးရုံကို
၁၅ မိနစ်အတွင်း ရောက်ခဲ့သည်။ ဒီရောက်တော့ ဆေးထိုးဆေးသောက် လုပ်လိုက်ရပြီမို့
ခုနကထက်တော့ ပို၍နေသာထိုင်သာရှိသွားပါသည်။ ကျွန်တော် ဆေးရုံရောက်နေတယ်ဆိုတဲ့ သတင်းကြားတော့ အဖေက အလုပ်ထဲကနေ ဖုန်းဆက်၍‌လှမ်းမေးသည်လေ...
ကျွန်တော်က အဆောင်မှာနေတာဆိုတော့
အလုပ်များတဲ့ အဖေနဲ့ သိပ်မတွေ့ရဘူး...
နောက်ပြီး အဖေ့ဆန္ဒအရဆိုရင် ကျွန်တော့်ကို
ကျောင်းဆက်ပြီး ထားချင်သည်
မဟုတ်..ကျောင်းနား၍ဆေးကုစေချင်သည်။
နောက်ပြီး ကျွန်တော်ယူထားတဲ့ မေဂျာကလည်း သူ့စီးပွားရေးနဲ့ ဘယ်လိုမှမဆိုင်ဘူးလေ...ဒါပေမဲ့..အဖေက သဘောကောင်းတဲ့
လူတစ်ယောက်ပါ ကျွန်တော့်အိမ်မက်ကို
ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခွင့်ပြုခဲ့တယ်..
ဒါပေမဲ့ ကျောင်းပြီးရင်တော့ အမေရိကသွားပြီး
ခွဲစိတ်ပါ့မယ်လို့ ကတိတော့ပေးထားရတာပေါ့။

"ဟုတ် ‌ကျွန်တော်နောက်ဆို အများကြီးဂရုစိုက်ပါ့မယ် အဖေ..ဒါပဲနော်"

တစ်ဖက်က အဖေ့အသံက စိတ်မချသလို
အင်းဆိုပြီး ဖုန်းချသွားသည် ။ ကျွန်တော်လည်း ဖုန်းချပြီးမှ..မျက်နှာချင်းသာဆိုင်ရရင်
ဘယ်လောက်တောင် ဂရုစိုက်ဖို့ တစ်တွတ်တွတ်
မှာနေဦးမလဲဆိုပြီးတွေးရင်း ပြုံးမိသည် ။
နောက်မှသတိရမိတာ..

"မမ~"

ဟုတ်ပါ့ စာမေးပွဲကြောင့် မမ ကိုမဆက်သွယ်ပဲ
ပစ်ထားသလိုဖြစ်ခဲ့သည် ။ ကိုယ့်ကိုကိုယ်
ဘယ်လောက် အလုပ်ရှုပ်ရှုပ် မမဆီရောက်အောင်သွားပါမယ်ဆိုပြီး ပြောခဲ့မိတာတောင်
ရှက်မိသလို...ဘယ်လိုများ ဒီကြားထဲ မေ့သွားမိပါလိမ့်..ဒါပေမဲ့ မမ ငါ့ကိုမျှော်နေပါ့မလား? နေ့တိုင်း မျက်စိနောက်စရာ ကလေး
တစ်ယောက်ပျောက်သွားလို့ မမ ပျော်တောင်
ပျော်နေမလား? မသိဘူး.. သို့ရာတွင်..
ကျွန်တော့်ကို နည်းနည်းလောက်လေးပဲဖြစ်ဖြစ်
လွမ်းလားလို့ မမနဲ့တွေ့ရင် မေးခွန်းထုတ်ချင်မိသည် ။ ဟက်ခ်!ကျွန်တော်ရူးနေပြီထင်တယ်
အခုထိ မမ နဲ့ ကျွန်တော်နဲ့က.. ဆိုင်ရှင်နဲ့
ဈေး၀ယ်သူ အဆင့်ပဲရှိတာလေ..ဘယ်လိုလုပ်
အဲ့လို စကားတွေပြောလို့ဖြစ်ပါ့မလဲ..
အခုတောင် တွေးရင်းနဲ့ မမ ကိုလွမ်းလာသလို
လက်ချောင်းတွေက ဘယ်လိုလုပ် ig ဆိုတဲ့
အယ်ပလီကေးရှင်း ကိုနှိပ်မိသွားလဲမသိ..
မမ ရဲ့ massage ထဲတောင်ရောက်နေပြီ။

✓ I'm Polaris and You're MoonWhere stories live. Discover now