Wedding dress (Jenlisa)

3.5K 326 25
                                    


🖤❤️🖤❤️🖤❤️🖤❤️🖤❤️

မိန်းကလေးတစ်‌ေယာက်တိုင်းဆီတိုင်းမှာ ကြီးလာရင်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခုရှိကြတယ်။

တစ်ချို့ကလဲ ဆရာ၀န် တစ်ချို့ကလဲ စားဖိုမှုးတစ်ချို့ကလဲ စီးပွားရေးပညာရှင် အဲ့လိုအသီးသီးအိပ်မက်ကိုယ်စီရှိနေကြတဲ့အထဲမှာမှ

ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ ဂျဲန်းနီအဖို့ ဒါတွေဟာသူမရဲ့ရည်မှန်းချက် မဟုတ်ခဲ့ အသက်7နှစ်အရွယ်ကတည်းကသူမမှာ အဖြစ်ချင်ဆုံး စိတ်ကူးအိပ်မက်ဆိုလို့တစ်ခုပဲရှိခဲ့တယ်။အဲ့တာဟာ ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးwedding dress လေးကို၀တ်ရဖို့ကသူ့ရဲ့ အိပ်မက်တစ်ခုဖြစ်လာခဲ့တယ်။

ငယ်သေးတဲ့အရွယ်မှာမြင်သမျှဟာအားလုံးသင်ယူစရာတစ်ခုလို့မြင်ခဲ့မိတာက ဘ၀ရဲ့အကြီးမားဆုံး မှားခဲ့တဲ့ပထမအမှား

" ဘာလို့ အမြဲတမ်းမင်္ဂလာဆောင်ရင် ယောကျာ်းနဲ့မိန်းမပဲဆောင်ကြတာလဲ "

" ဒါကလုပ်ရိုးလုပ်စဉ်လေ သမီးရဲ့"

" ဘာလို့လဲ "

"ဒါကတော့အလိုက်ဖက်ဆုံးစုံတွဲမို့လို့ပေါ့ငါ့သမီးလေးလဲကြီးလာရင် ဒီလိုလိုက်ဖက်တဲ့သူရှာတွေ့မှာပေါ့"

ကိုကပဲငယ်သေးလို့လား လူကြီးမဖြစ်သေးလို့လား ပညာမစုံသေးလို့လားမသိပေမဲ့ လူကြီးတွေနဲ့အတွေးကတခြားစီ အေးပေါ့‌လေ အတွေးတွေကတော့ဘယ်တူပါ့မလဲနော့်

တော်၀င်မျိုးနွယ်စုကမွေးလာတဲ့သူဌေးသမီးလေးမို့ဘာမှလိုအပ်ချက်မရှိလိုလေးသေးမရှိ

အမြဲတမ်းအခိုင်းအစေပေါင်းသောင်းခြောက်ထောင်နဲ့အိမ်ကြီးမှာ မျက်စိနောက်ပေမဲ့မွေးကတည်းကမြင်နေရတာမို့ရိုးနေပါပြီ။ ဒါတောင် သမီးအတွက် သမီးတစ်ယောက်တည်းသီးသန့်ဒီဇိုင်နာက ဌားးပေးထားသေး တော်ပါသေးရဲ့ငါလေးကစာတော်နေလို့ မဟုတ်ရင် မိဘတွေသာမရှိတော့ရင်ငါသုံးစားမရတဲ့ကောင်မကြီးဖြစ်နေမှာမြင်ယောင်

"သမီး ဂျဲန် သူကလီဆာတဲ့ အသက်က၂၂နှစ်ရှိပြီသူက ဒီဇိုင်နာ သမီးအတွက်သီးသန့် အ၀တ်အစားတွေကအစ သူပဲချုပ်ပေးမှာ "

Wedding Dress Jenlisa 🖤❤️(Oneshot)Onde histórias criam vida. Descubra agora