ep5

2.6K 279 35
                                    

"ပြန်လာပြီလား"

အ​မှောင်ချထားတဲ့အခန်းထဲ တိုးတိုးတိတ်တိတ်​ဝင်လာရင်း ​အ​နောက်မှ ထွက်လာ​သောအသံ​ကြောင့် Jake၏ ​နောက်​ကျောသည် တွန့်သွားသည်။

"ဘယ်ကပြန်လာတာလဲ ဘယ်သူနဲ့​တွေ့လာတာလဲ"

​အ​နောက်သို့လှည့်ကြည့်လိုက်​တော့ ဧည့်ခန်းထဲတွင်ထိုင်​နေ​သော အကိုဖြစ်သူ Jay။

"ဒါ ကျွန်​တော့်ကိစ္စပါ"

အကိုဖြစ်သူကို ဘု​တောကာ အိမ်အ​ပေါ်သို့တက်ရန်ပြင်​လေသည်။
​လှေကား​ပေါ်လှမ်း​​နေ​သော ​ခြေလှမ်းများ
ရုတ်တရက်ရပ်တန့်သွားသည်။

အ​ကြောင်းကား ​မှောင်​နေ​သော အခန်းတွင်း ပျံ့လွင့်လာ​သော တ​ယောသံချိုချို။
ထို တ​​​ယောသံချိုချိုသည် ကြားရသူတိုင်း၏ စိတ်နှလုံးတွင် သာယာနာ​ပျော်ဖွယ်​ကောင်း​​​နေ​ပေမယ့်
Jakeအတွက်​တော့ မဟုတ်တန်ရာ။

Jakeသည် အသံကိုကြားကြားချင်း အကိုဖြစ်သူရှိရာသို့ လှည့်ကြည့်သည်။
ထို့​နောက် ​လှေကား​ပေါ်မှ ပြန်လည်ဆင်းလာသည်။
လှမ်းလာ​သော ​ခြေလမ်းများသည် အား​ပျော့ကာတုန်ရီ​နေသည်။

"​ကြောက်​နေလား"

အကိုဖြစ်သူ Jay ၏ ​အေးစက်စက်အသံနှင့်​​မေးခွန်း။

Jakeသည်  ​လှေကား​ခြေရင်းတွင် ဖင်ထိုင်ကျသွားသည်။
တ​ယောအသံသည် ရပ်မသွား။
သူသည်​မောဟိုက်လာသည်။
​ကျေးဇူးပြုပြီး တ​ယောအသံကို ရပ်​​ပေးပါလို့
​အော်ဟစ်ကာ​ပြောချင်​​နေပါ​သော်လည်း သူ၏ အသံတို့သည် ​မှောင်​နေ​သော အခန်းအတွင်း၌ ဗလာနတ္ထိ။

သူ၏ ရင်အစုံသည်​မောဟိုက်​နေကာ တစ်ကိုယ်လုံးတုန်ရီ​နေသည်။

"အားးး!!! ​တော်​တော့ ရပ်လိုက်​တော့!!!"

နားနှစ်ဖက်လုံးကို လက်ဖြင့်ပိတ်ကာ အသားကုန်​အော်ဟစ်လိုက်သည်။
နှာ​ခေါင်းထဲတွင် ​သွေးညှီနံ့များရ​နေသည်။
Jakeသည် အသက်ရှူရမှာခက်ခဲလာသည်။
လည်ပင်းကို တစ်စုံတစ်ခုက လာညှစ်ထားသလို။

"ကိုကို...ကိုကို"

Jayသည် Jakeရှိရာသို့ ​လျှောက်လှမ်းလာသည်။

𝗟𝗢𝗥𝗗 𝗛𝗘𝗘 [𝗛𝗘𝗘𝗝𝗔𝗞𝗘 𝗝𝗔𝗬𝗛𝗢𝗢𝗡]Where stories live. Discover now