(Unicode)"မောင်!မင်းကိုငါမသွားနဲ့လို့ပြောနေတယ်လေ!!!!!"
"လွှတ်စမ်း အိုဆယ်ဟွန်း!!! မင်းကိုငါခွင့်လွှတ်ခဲ့တာများနေပြီ ဒီတခါတော့ ငါခွင့်မလွှတ်နိုင်တော့ဘူး!!!"
"မသွားနဲ့ မင်းကိုငါမလွှတ်ပေးနိုင်ဘူး!!!!"
ဂျုံအင်ရဲ့ခြေထောက်ကိုဖက်ကာ အတင်းဆွဲထားတဲ့ဆယ်ဟွန်းကြောင့် ဂျုံအင်ရုန်းပေမဲ့မရပေ။
"ငါ့ကိုလွှတ်နော် အိုဆယ်ဟွန်း မဟုတ်ရင် ငါမင်းကိုဆောင့်ကန်မိလိမ့်မယ်!!!"
"ဟင့်အင်း မလွှတ်နိုင်ဘူး!!!ငါတောင်းပန်မယ် တောင်းပန်မှာမလို့! ငါ့ကိုတခါလောက်ပဲထပ်ခွင့်လွှတ်ပေးပါ!!!!"
"မင်းမှာ အမှတ်သည်းခြေမရှိဘူးလား ဟမ်?!!မင်းလို အတ္တသမားကို ငါသည်းခံပြီး ခွင့်လွှတ်ပေးခဲ့ရပေါင်းလည်း မနည်းတော့ဘူး မင်းကိုချစ်လွန်းလို့
ငါအရာအားလုံးကို မသိချင်ယောင်ဆောင်ပေးပြီး ခွင့်လွှတ်ပေးခဲ့တယ်!!! ဒါတောင်မင်းကထပ်ပြီး!!!!တောက်စ်!!!""ငါတောင်းပန်ပါတယ် မောင်ရယ် ငါမှားတာပါ ငါအခုကစပြီးကောင်းအောင်ပြန်နေမှာမလို့ တခါလောက်လေးပဲထပ်ပြီးခွင့်လွှတ်ပေးပါ"
"မလိုတော့ဘူး အိုဆယ်ဟွန်း! အရာအားလုံးက
နှောင်းသွားပြီ ငါမင်းနဲ့လည်းဆက်မပေါင်းနိုင်တော့ဘူး!မနက်ဖြန်မင်းဆီကိုရှေ့နေကတစ်ဆင့်ကွာရှင်းစာချုပ်ပို့ပေးလိုက်မယ်!""ကွာရှင်းမယ်?!!ဘယ်သူသဘောနဲ့လဲ?!ဟမ်?!!ဂင်ဂျုံအင်!!ငါမင်းကိုလက်ထပ်ခဲ့တာကွာရှင်းဖို့အတွက်မဟုတ်ဘူး!!!မင်းကိုချစ်လို့ ပိုင်ဆိုင်ချင်လို့ လက်ထက်ခဲ့တာကွ!!!"
စောနကမျက်နှာငယ်နဲ့တောင်းပန်နေတဲ့ဆယ်ဟွန်းက ဂျုံအင်ရဲ့ကွာရှင်းမယ်ဆိုတဲ့စကားကြောင့် ဒေါသထကြီးနဲ့ ထလာကာ ဂျုံအင်ရဲ့အကျီကော်လံစကိုဆွဲကာ အော်ဟစ်ပြောဆိုတော့သည်။
"မင်းငါ့ကိုတကယ်ချစ်ခဲ့တာရော ဟုတ်လို့လား?!!
မင်းရဲ့ပိုင်ဆိုင်ချင်တဲ့အတ္တကြောင့် ငါ့ကိုချစ်ခဲ့တာမဟုတ်ဘူးလား?!!"
YOU ARE READING
Sekai or Kaihun One short Collection
FanfictionSekai/Kaihun(One short collection) #KaiHun