Start

256 22 0
                                    

London,England
နောက်ဆုံးတော့သူရောက်လာခဲ့ပြီ ပါရဂူဘွဲ့ယူဖို့သူပြင်ဆင်နေတာ ၃နှစ်လောက်ရှိပြီ။
covidကြောင့်နှောင့်နှေးသွားရပြီးအခုမှပဲလက်တွေ့ဖြစ်လာတော့တယ်။လေဆိပ်ပေါက်ရောက်တော့ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်တွေတသီကြီးကိုထုတ်ပြရသေးသည်။

ကိစ္စတွေအကုန်ပြီးလို့အပြင်ရောက်တော့Jiminတစ်ယောက်နာမည်ဆိုင်းဘုတ်တွေ့ကိုင်ပြီးစောင့်နေတဲ့လူအုပ်ကိုတစ်ချက်ဝှေ့ကြည့်လိုက်တော့တွေ့ပါပြီ...။

"Welcome Dr.Park" ဆိုတဲ့ဆိုင်းဘုတ်
နောက်ကပန်းရောင်အသဲလေးသုံးခုလောက်ကပါသေးတယ်။

Jimin ပြုံးလိုက်မိပြီးထိုကောင်လေးဆီလျှောက်သွားလိုက်သည်။

"ကိုယ့်ကိုလာကြိုတာနဲ့မဟုတ်လား"

"Dr.Park Jimin လားခဗျ"

"အင်း ဟုတ်တယ်"

"ဟုတ်ကဲ့ဗျ professor Minကလာကြိုခိုင်းလို့ပါ"

"အဲ့လိုဆိုသွားကြမယ်လေ"

လာကြိုတဲ့ကားလေးက BMW အမဲရောင်လေး*********

"ကားလေးကမိုက်လိုက်တာ"

"ကျွန်တော့ကားတော့မဟုတ်ဘူးဗျ ဆေးရုံကလာတာဆိုတော့အဲ့ကဆရာဝန်တစ်ယောက်ရဲ့ဟာငှါးလားတာ"

"ဪ.... ဒါနဲ့မင်းကကိုရီးယားစကားကောင်းကောင်းပြောတတ်တာပဲ"

"ဟုတ်ကဲ့ ကျွန်တော့်အဖေရောအမေရောကကိုရီးယားတွေလေအိမ်မှာဆိုကိုးရီးယားလိုပဲပြောတာများတယ်အဲ့တာကြောင့်ပါ
နောက်ပြီး Dr.ရောက်လာတာတကယ်ဝမ်းသာတယ်"

"ဘာလို့တုန်း"

"ကျွန်တော်ကိုရီးယားသူငယ်ချင်းတစ်ယောက်လောက်လိုချင်နေတာလေ အခုတော့ရပြီ"

"ဟားဟား ဟုတ်ပါပြီရှေ့လျှောက်အများကြီးကူညီပေးပါဦး"

"မဟုတ်တာ Dr.ကလည်း Dr.ဆီကတောင်ကျွန်တော်ပညာတွေပြန်သင်ရဦးမှာကျွန်တော့်ကိုလည်းပြန်ကူညီပေးပါဦး"

My Beloved Therapy (Eden Contest)Where stories live. Discover now