Final

160 24 10
                                    

Min Yoongi ရဲ့ခန္ဓာကိုယ်ကြီးကို အခန်းထဲရောက်အောင်မနည်းတွဲခေါ်ရသည်။နောက်ပြီး လွတ်နေတဲ့နေရာဘေးကိုဝင်လှဲလိုက်ပြီး အိပ်ဖို့ပြင်လိုက်သည်။

မနက်နိုးတော့ဘေးနားကတစ်ယောက်မရှိတော့
'အစောကြီးနိုးသွားတာလား ငါ့ကိုတောင်မစောင့်ဘူး'
မျက်နှာသစ်ပြင်ဆင်ပြီးအောက်ဆင်းလာတော့ တစ်ယောက်သောသူကကော်ဖီတစ်ခွက်ကိုင်ကာထိုင်နေလေ၏။

"နိုးလာပြီးလား"

"အင်း"

"Cereal နဲ့ နွားနို့ပဲရှိတာ အဆင်ပြေတယ်မဟုတ်လား"

"အင်းပြေတယ်"
လေသံကအေးစက်စက်နဲ့မနေ့ညနှင့်လားလာမျှမဆိုင်။
မနေ့ညကကိစ္စတွေလည်းမမှတ်မိလောက်ဘူးထင်သည်၊အဲ့တာလည်းကောင်းပါတယ် 'မောင်' ဆိုတာကြီးခေါ်ဖို့မလိုတော့ဘူးပေါ့။ဒါပေမယ့်ကိုယ်ကိုတိုင်ကအဲ့နာမ်စားကိုသဘောကျမိနေတာ...။

"Cody..."

"မောင်လို့ ခေါ်ဖို့ပြောထားတယ်မလုပ်လား"
ဘုရားရေ မှတ်မိတယ်လား။
မူးပြီးလုပ်ခဲ့သမျှကိုသတိရနေပြီးဒီလိုပုံမျိုးနဲ့နေနိုင်တာနည်းတဲ့ အရည်အချင်းလား။

"ဪ အင်း"

"မောင့်ဖေဖေကို ငါသိတယ်"
မောင်ဆိုတဲ့ခေါ်သံလေးရော ဖေဖေကိုသိတယ်တဲ့စကားသံရောနောက်မှာ Yoongiခေတ္တငြိမ်သက်သွားသည်။
ထိုနောက်Jiminမျက်နှာချင်းဆိုင်ဆီကိုလျှောက်သွားပြီး

"တကယ်ပြောတာလား"

"ဟုတ်တယ် မောင့်ဖေဖေက ငါအချစ်ဆုံးဆရာပဲ"

မျှော်လင့်ချင်းတွေပြည့်နေတဲ့မျက်ဝန်းနဲ့မောင်ဟာငါ့ကိုတင်းတင်းကျပ်ကျပ်ထွေးပွေ့လာသည်။အချိန်အတော်အကြာတဲ့ထိမလွှတ်ပေးသေးတဲ့အခါ သတိပေးရတော့သည်။

"ငါ့ကိုလွှတ်ပါဦး မနက်စာစားမလို့"

"Sorry မောင်အပျော်လွန်သွားလို့"

ဗုဒ္ဓေါ...သူ့ကိုယ်သူမောင်လို့သုံးလိုက်တာလား။ မနက်စောစောJimin ဘုရားတရတာနှစ်ခါရှိနေပြီ။

My Beloved Therapy (Eden Contest)Tahanan ng mga kuwento. Tumuklas ngayon