Why me!?#24

725 69 1
                                    

Unicode
.
.
.
.
.

"ကြယ်တွေကြွေနေပြီ!Yiboမော့ကြည့်လိုက် ကြယ်တွေအများကြီးပဲကြွေနေပြီ။ဆုမြန်မြန်တောင်း"

တလက်လက်နဲ့ကြွေနေတဲ့ ကြယ်ပေါင်းများစွာကို မြင်လိုက်တဲ့ Xiao Zhan က လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ဆုတောင်းလို့နေလေရဲ့။

အဲ့လိုဆိုတော့လည်းZhan Geက ချစ်စရာကောင်းနေပြန်ရော။

"Geဘာဆုတောင်းလိုက်လဲ"

"အ..Yiboဆုတောင်းတာပြောပြလိုက်ရင်မပြည့်တော့ဘူးလေ"

"အဲ့တာဆို ကျွန်တော်ဆုတောင်းလိုက်တာကိုမပြောပြတော့ဘူး...မပြည့်မှာစိုးလို့လေ"

"အင်းပါ...."

ကြယ်တွေတလက်လက်တောက်ပနေတဲ့ကောင်းကင်ကြီးကိုနှစ်ယောက်သားကြည့်ရင်း ပြောပြလို့မရတဲ့ ဆုတောင်းတစ်ခုစီနဲ့၊ထိုဆုတောင်းတွေပြည့်ဖို့ နှစ်ယောက်စလုံးမျှော်လင့်မိတာတော့အမှန်။

"ဝါး....."

Yiboရဲ့သန်းဝေသံ ကြားတော့ Xiao Zhanပါလိုက်သန်းမိသွားသည်။

"အမ်...Geအိပ်ငိုက်နေပြီလား"

"မဟုတ်ပါဘူး"

အမှန်တော့ အိပ်ငိုက်နေလေပြီ။ခရီးပန်းလာတာလည်းပါတာကိုး။ဆိုးလ်နဲ့နယူးယောက် ကနေ့နဲ့ညကွာပေမဲ့ နေသားကျနေတဲ့သူ့အတွက်တော့ ပုံမှန်လိုပဲ။

"Geအိပ်ငိုက်နေတာသိပါတယ်နော်"

"ကောင်စုတ်လေး ငါကြယ်တွေကိုကြည့်ချင်သေးတယ်"

"နောက်ရက်ညတွေလည်းကြည့်လို့ရတာပဲကို Geကလည်း"

ဒီနေ့ဆိုရင် နောက်ရက်မကူးတတ်တဲ့ Xiao Zhanအကျင့်ကို Yiboသိသည်။ဒီနေ့ဆိုရင် မနက်ဖြန်ရောက်တတ်တဲ့ သူ့အကျင့်နဲ့ တစ်ခြားစီ။

"Ge...ပြတင်းပေါက်ပိတ်ပြီး လိုက်ကာချလိုက်တော့မယ်လေနော်...လေအေးတွေဝင်လာပြီ"

"ဟွန့်!"

"ဟွန့် မနေနဲ့ နေမကောင်းဖြစ်မယ်"

လေသံအေးအေးနဲ့ ရအောင်ချော့ပြီး ပြတင်းပေါက်ကိုပိတ်လိုက်ရသည်။
သူကတော့ စိတ်ကောက်ကောက်နဲ့ ကုတင်ပေါ်တက်သွားလေရဲ့။

Why me!?(complete)Where stories live. Discover now