You and I(U)

231 9 2
                                    

February 8 ,2021.

ရိပေါ် လက်ထဲက လိပ်စာကို ကြည့်ပြီး ရှေ့က အိမ်ကို မော့ကြည့်လိုက်သည်။ နှစ်ထပ်အိမ်အိုလေးကိုမှ ချစ်စရာကောင်းပင်မဲ့
အထီးကျန်ခြင်းတွေကို ခံစားနေရတယ်။

ရိပေါ်က Switzerland က Geneva မြို့မှာ ကျောင်းလာတတ်တာ။၀မ်သခင်ကြီး ပြောထားလို့ သူလာမယ်ဆိုတာ အိမ်ပိုင်ရှင်သိလိမ့်မယ် ထင်တယ်။ဝမ်သခင်ကြီးက သူ့အသိမိတ်ဆွေရဲ့ သားအိမ်မှာ လာနေခိုင်းတာ။ အမှန်ဆို ရိပေါ်က အဆောင်မှာ နေချင်ပင်မဲ့ အိမ်ကလည်း ကောင်းတာမို့ အိမ်မှာနေဖို့ပဲ ဆုံးဖြတ်လိုက်တာ။

Genevaမှာက အိမ်တွေကို ခြံစည်းရိုး မခတ်ထားဘူး။ တစ်အိမ်နဲ့ တစ်အိမ်က နီးကပ်နေတာလည်း မဟုတ်၊အရမ်းကြီး ဝေးနေတာလည်း မဟုတ်ဘူး။ အိမ်တိုင်းရဲ့ ဘေးမှာ မေလ်ဗယ်ပင်တွေ ရှိတယ်။ ဒါကြောင့် ရိပေါ်လာခဲ့တဲ့ လမ်းတစ်လျှောက် မေလ်ဗယ်ရွက်တွေနဲ့ ပြည့်နေတာ။

ဒီ ရပ်ကွက်မှာ ကားစီးတဲ့သူ သိပ်မရှိ။ ဘာလို့ဆို ရိပေါ်စီးခဲ့တဲ့ တက္ကစီက လွှဲရင် ဆိုင်ကယ်စီးတဲ့ သူရယ်၊ စက်ဘီးစီးတဲ့ သူရယ်၊ လမ်းလျှောက်တဲ့ သူတွေပဲ ရှိတယ်။အရမ်းကြီး တိတ်ဆိတ်နေတာလည်း မဟုတ်၊ ဆူညံနေတာလည်း မဟုတ်တော့ နေလို့ကောင်းတယ်လို့ ပြောရမယ်။

လမ်းတစ်လျှောက်မှာ မေဗယ်ရွက်လေးတွေ ကြွေနေတာကို ရိပေါ်
camera ထုတ်ပြီး ရိုက်လိုက်သည်။ ရိပေါ်ရဲ့ ဝါသနာက ဓာတ်ပုံရိုက်ရတာပဲ။ ရှုခင်းပုံပေါ့။ လူပုံတွေကိုတော့ ရိပေါ် မရိုက်ဘူး။

အိမ်က password နဲ့မို့ ရိပေါ် ဘဲလ်ကိုသာ နိုပ်လိုက်တော့တယ်။

"တင်းတောင်! တင်းတောင်!"

"ကျွီ........"

"Who are you?"

ညိုတုတု မျက်ဝန်းတွေနဲ့ အတူထွက်လာတဲ့ အင်္ဂလိပ် စကားသံ ခပ်မာမာက ရိပေါ်ကို ငေးခနဲ ဖြစ်သွားစေတယ်။

"ကျွန်တော်က ဝမ်ရိပေါ်ပါ အိမ်ငှား......."

"ဝင်ခဲ့!"

ရိပေါ် စကားမဆုံးသေးတဲ့ အချိန်မှာပဲ ထိုအစ်ကိုက တရုတ်သံ ဝဲဝဲလေးနဲ့ ခပ်ပြတ်ပြတ်ပြောပြီး အိမ်ထဲ ဝင်သွားသည်။

IMPERIOUS.Where stories live. Discover now