So stop time right here in the moonlight (U)

30 4 0
                                    

ရိပေါ် ကျောင်းကို ရောက်တော့ oliver က Evan နဲ့ ပြန်တွဲနေပြီတဲ့။
     
ရိပေါ်ကတော့ ပြုံးပြရုံပဲ တတ်နိုင်တယ်။
ဒီနေ့ မနက်မှာ ပြန်ရောက်လာတဲ့ အစ်ကိုက ရိပေါ်ကို ပုံမှန်အတိုင်းပဲ
ဆက်ဆံတယ်။ မနေ့က ရိပေါ် ဖွင့်ပြောခဲ့တဲ့ ကိစ္စ မရှိခဲ့သလိုပေါ့။

အဲ့အတွက် ရိပေါ်ထူးထူးခြားခြား ခံစားသွားရတာ သိပ်မရှိပါဘူး။
ကြိုတင် မှန်းဆ ထားတာကြောင့်လို့ ပြောရမယ်။အစ်ကိုက နားလည်ရ ခက်တဲ့သူမှန်း ရိပေါ်သိလို့  အံ့ဩမနေတော့တာလည်း ဖြစ်နိုင်မယ်။

ညနေ အတန်းပြီးတဲ့ အချိန်  Yahama ပေါ်တက်လိုက်တော့ Oliver ကပြူးပြီး ရိပေါ်ကို ကြည့်လာသည်။

"မင်းက Yamaha စီးတာလား စက်ဘီးကော"

"အိမ်မှာ ရှိတယ်"

"အော်"

Oliver နဲ့ ကျောင်းမှာပဲ လမ်းခွဲပြီး အိမ်ကိုပဲ မိုင်ကုန်တင် မောင်းလာလိုက်သည်။ ခုနကတည်းက အစ်ကို့ကို ဖုန်းဆက်ပင်မဲ့ အစ်ကိုက မကိုင်။ မတင်မကျ ဖြစ်နေတဲ့ စိတ်ကြောင့် ရိပေါ် အိမ်ကိုသာ ပြန်ရောက်ဖို့ လောနေမိသည်။

အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ကို ဂိုထောင်ထဲ သွင်းပြီး အလွတ်ရနေတဲ့ password ကိုနိုပ်ကာ အိမ်ထဲ ဝင်လာလိုက်သည်။ ကြောင်ပုတို ကတော့ မရှိတော့။ မနက်ကပဲ အရှေ့အိမ်က လာယူသွားတာကြောင့်ပင်။

မီး မိန်းချထားတာကြောင့် အိမ်မှာ အစ်ကို မရှိကြောင်း ရိပေါ်သိသည်။
ပြန်မလာသေးတာ။ လွယ်အိတ်ကို ဆိုဖာပေါ်ပစ်ချလို့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိသည်။ ချစ်ရေးဆိုပြီး ငြင်းခံလိုက်ရတဲ့ ရိပေါ်က အရက်လည်း မသောက်နိုင်သလို ဆေးလိပ်လဲ မသောက်နိုင်ဘူး။

တီဗွီပေါ်က နံရံမှာ ကပ်ထားတဲ့ နာရီကို ကြောင်ကြည့်နေတာ ဘယ်လောက်ကြာသွားမှန်း မသိ။ အိမ် password နှိပ်သံကို ကြားလိုက်ရတော့ ရိပေါ် ကြမ်းပြင်ပေါ်က အမြန်ထလိုက်သည်။

"ဒုန်း! "

တံခါးကို ဆောင့်ပိတ်လို့ ဝင်လာတဲ့ အစ်ကိုက ခေါင်းငုံ့ထားသည်။
လက်ကိုလည်း တင်းတင်းကြီး ဆုပ်ကိုင်ထား သေးသည်။

IMPERIOUS.Where stories live. Discover now