𝙾𝚞𝚛 𝚏𝚒𝚛𝚜𝚝 𝚖𝚎𝚎𝚝

3.2K 180 41
                                    

Unicode

Dec 15,2004

"ရှင်းမ်ဂျယ်ရေ!မပြီးသေးဘူးလား"

"ဪ ခက်တာပဲ ဒီသားတစ်ယောက်နဲ့တော့၊ကိုးနာရီထွက်မယ်လို့ သေချာပြောထားသားရက်နဲ့"

အပေါ်ထပ်ရှိရာသို့လှမ်းအော် အသံပြုသော်လည်းဘာတုံ့ပြန်သံမှမထွက်လာတဲ့အခါ ရှင်းမ်ကတော်က ပိုက်ဆံအိတ်ကိုလက်တွင်အသာချိတ်ရင်း လှေကားနားဆီလျှောက်သွားသည်။လှေကားထိပ်မှအပေါ်သို့မော့ကြည့်ရင်းထပ်ခေါ်ဖို့လုပ်လျှင်

"လာပြီ မေမေရေ...လာပါပြီ၊ဘာတွေအလောတကြီးဖြစ်နေတာတုန်း"

အမဲရောင်ကုတ်ထူထူကြီးကိုလက်တစ်ဖက်ထိုးသွင်းရင်းအော်ပြောလာတဲ့ဂျယ်ယွန်းက မျက်နှာမကြည်မလင်ဖြင့် တတောက်တောက်ဆင်းလာသည်။

ဒီလိုအေးစိမ့်နေသည့်ရာသီဥတုကြီးမှာမှ ခရီးသွားမယ်ဆိုတဲ့မေမေ‌က မနက်စောစောစီးစီးအရမ်းတက်ကြွနေသည်။နိုဝင်ဘာကုန်စလောက်က သူမမွေးရပ်မြေမှသူငယ်ချင်းနှင့်အဆက်အသွယ်ရသည်ဆိုထဲက သွားချင်လို့ခြေတပြင်ပြင်ဖြစ်နေခဲ့တာ။ဟိုကသူငယ်ချင်းဖြစ်သူကလည်း ခရစ်စမတ်ကိုဒီမှာလာကုန်ဆုံးပါလားဟုဆိုလာလေတော့ မေမေကချက်ချင်းကိုမဆိုင်းမတွ သွားလည်ကြမယ်ဟု ပြောလာသည်။

အလုပ်တစ်ဖက်နဲ့ဖေဖေက 'မင်းမေမေနဲ့အဖော်လိုက်သွားလိုက်' ဆိုတော့ ဒီလိုချမ်းအေးအေးမနက်ခင်းမှာသူလည်းစောစောထဖို့ဖြစ်လာရသပေါ့...။

"ကိုယ့်ကားနဲ့ကိုယ်သွားမှာပဲဟာကို ဘာတွေအဲ့လောက်လောနေတာလဲမသိဘူး"

"အိပ်ရေးတောင် မဝချင်သေးတာကို"

"အား..နာတယ်! မေမေရ"

ခါးနားမှရုတ်တရက်လိမ်ဆွဲခံရမှုကြောင့်ဂျယ်ယွန်း စပ်ဖျင်းဖျင်းဖြစ်သွားသည့်ထိုနေရာကိုလက်ဖြင့်ပွတ်ရင်းညည်းတွားလိုက်သည်။ရာသီဥတုအေးသည့်ကြားထဲမှ အလောတကြီးပြင်ဆင်ရ၍ မကျေမနပ်ဖြစ်စွာတစ်ယောက်တည်း ကိုယ့်ဘာသာခပ်တိုးတိုးဆိုမိတာကို ကြားသွားသည့်မေမေကခါးတစ်ဖက်ထောက်ရင်း သူ့ကိုကြည့်သည်။

"အသက်လေးက ၂၅ ပဲရှိသေးတယ် ပွစိပွစိလုပ်နေတယ်ပေါ့ဟုတ်လား၊အဘိုးအိုပေါက်စလား မင်း"

December With You [Jakehoon]✓Where stories live. Discover now