မေ-ဟျောင့်ငထက်မပီးသေးဘူးလားဟာကျောင်းနောက်ကျတော့မယ်
ထက်-ပီးပီလာပီဟ
မေ-လာပီကနောက်ထားစက်ဘီးပေါ်သာမြန်မြန်တက်
ဆိုပီးစထွက်လာထဲတော့တယ်ထက်-နင်ကလည်းလောတာ
မေ-ဒီနေ့စာမေးပွဲဖြေရမှာဟမမှီတော့ရင်ဒုက္ခရောက်အုံးမယ်
ထက်-မင်းကလည်းဆရာမကြီးကဝင်ခိုင်းမှာပါ
မေ-ရောက်ပီဆင်း နောက်ကျပီထင်တယ်တံခါးတောင်ပိတ်သွားပီ
ထက်-အပေါက်စောင့်ဦးလေးကြီးကိုအကူအညီတောင်းမယ်လေဟာ
မေ-ဒါပဲရှိတော့တာဘဲလာ😒
ထက်-ဦးလေး😁
👱-အေးသမီးတို့ဒီနေ့နောက်ကျတယ်နော်
မေ-ဟုတ်တယ်ဦးလေးဒီငထက်မကြောင့်လေ
👱-အခုစာမေးပွဲဖြေနေပီထင်တယ်ဆရာမကြီးဆူတာခံရတော့မယ်
မေ-ဦးလေးသမီးတို့ကိုတံခါးလေးဖွင့်ပေးပါလားသမီးတို့မသိအောင်အမြန်သွားပါ့မယ်
👱-အေးအေးနောက်တစ်ခါအက်လိုမဖြစ်စေနဲ့နော်လာမြန်မြန်ဝင်ကြ
မေ,ထက်-ကျေးဇူးတင်ပါတယ်ဦးလေး
*******
မေ-ဟိုမှာစာမေးပွဲစတောင်ဖြေနေပီထက်-ဆရာမလှမ်းခေါ်လိုက်လေ
မေ-ငါကြောက်တယ်ဟနင့်ကြောင့်နောက်ကျတာလေနင်ခေါ်လိုက်
ထက်-နင်ခေါ်လို့
နှင်းpov-အခန်းရှေ့မှာဘယ်အတန်းက ကလေးတွေလဲမသိဘူးရန်ဖြစ်နေတာထင်တယ်ငါသွားမှပါ
မေ-နင့်ကြောင့်နောက်ကျတာနင်ခေါ်လိုက်ဆို
ထက်-နင်ခေါ်လိုက်ပါမေရယ်
နှင်း-ကဲကဲရှင်တို့နှစ်ယောက်ဘယ်အတန်းကလဲဘာလို့စာမေးပွဲဖြေနေတဲ့အခန်းရှေ့မှာရန်လာဖြစ်နေတာလဲ
ထက်-ဟုတ်သမီးတို့က၉တန်းပါဆရာမ
နှင်း-ဘယ်အတန်းကလဲစာမေးပွဲမဖြေကြဘူးလား
မေ-ဖြေမလို့လာတာပဲသူ့ကြောင့်နောက်ကျသွားတာ ဆိုပီးငထက်မကိုလက်ညှိုးထိုးပြလိုက်တယ်
ထက်-ငါ့ကြည့်အပစ်မတင်နဲ့လေနင်ကလည်း
မေ-မဟုတ်လို့လားငါလုပ်လိုက်ရ
နှင်း-ကဲကဲဘယ်လိုဖြစ်နေကြတာလဲဆရာမကိုအရှေ့ထားပီးရန်ဖြစ်နေကြတာဘယ်အခန်းကလဲပြော
ထက်-ဟုတ်ဒီအခန်းကပါဆရာမ
နှင်း-အခုနောက်ကျတယ်မလားမဝင်ရဘူး
မေ-ဆရာမကလည်းစာမေးပွဲဖြေရအုံးမှာလေ
နှင်း-အာ့ဆိုစောစောလာခဲ့လေမဖြေရဘူး
မေ-ဆရာမရယ်သမီးအရင်အမြဲ1to10ဝင်တဲ့သူပါဒီတစ်ခါလေးပဲနောက်ကျဖူးတာပါဆရာမရယ်ဝင်ခွင့်ပြုပါ
နှင်း-မဝင်ရဘူးသွားတော့သွား
ထက်-ဆရာမ
နှင်း-ရိုက်မှာနော်သွားတော့
နှင်းpov-ဘယ်လိုကလေးမလေးလဲမသိဘူးဆရာမကိုအရှေ့ထားပီးသူ့သူငယ်ချင်းကိုရန်လုပ်နေတယ် တစ်ချိန်းလုံးကိုယ့်ကိုစိုက်ကြည့်နေတော့အမြင်ကပ်လို့ကိုတမင်စာမေးပွဲမဖြေခိုင်းတာ(အေးလေဆရာမလေးရှက်မှာပေါ့လို့)😁
******
ထက်-ငါကြောင့်ပါတောင်းပန်ပါတယ်မေရယ်မေ-ရပါတယ်ဟတစ်ခါတစ်လေစာမေးပွဲကျဖူးတယ်ရှိတာပေါ့ကွာလာမုန့်ဈေးတန်းမှာမုန်သွားစားမယ်
ထက်-ငါ့ကိုစိတ်မဆိုးဘူးလား
မေ-မဆိုးပါဘူးဟဒါနဲ့ဆရာမလေးကိုတစ်ခါမှမမြင်ဖူးဘူးနော်အရင်ကဘယ်အတန်းသင်တာလဲမသိဘူး
ထက်-အေးဟုတ်တယ်ဆရာမလေးကချောတယ်ဟ
မေ-ဟုတ်တယ်ငါလည်းဆရာမလေးကိုဘဲငေးနေတာငါရင်တေတောင်ခုန်လာတယ်ဟီးဟီး
ထက်-အမလေးမေရယ်အာ့ဆရာမနော်ငရဲတေကြီးကုန်မယ်
မေ-ကြီးကြီးကွာငရဲကနောက်မှကြီးမှာအခုလောလောဆယ်တော့ဗိုက်ဆာတယ်
ကျနော့ရဲ့ဒီficအသစ်လေးကိုအားပေးကြပါအုံးဗျအမှားပါသွားရင်ခွင့်လွှတ်ပေးပါဗျာ🙏🙏