3

253 25 0
                                    

Zawgi
ကြိုး-3
______

မင်းမွေးနေ့မှာမင်းကရွှေတိဂုံဘုရားမှာအလှူလုပ်ဖို့နဲ့ကိုယ်တို့ကိုကျွေးမွေးဧည့်ခံဖို့ကိုယ်ရယ်မင်းသူငယ်ချင်းတချို့တဝက်ကိုဖိတ်ခဲ့တယ်။ကိုယ်မသိခဲ့တာကမင်းရဲ့ဖိတ်ဆိုမှုထဲမှာရွှန်းသစ်ဝေပါနေခဲ့တယ်ဆိုတာ။

ဘုရားဖူးကြတော့ကိုယ်ကဘုရားရှီခိုးချင်တာတကြောင်းတစ်ယောက်ထဲမို့ကြောက်တာတကြောင်း မင်းကိုအနားမှာခနလောက်အဖော်အဖြစ်နေပေးဖို့တောင်းဆိုတော့မင်းလက်ခံပေးခဲ့တယ်။

ကိုယ်လည်းစိတ်ဖြောင့်ဖြောင့်နဲ့ဘုရားရှီခိုးခဲ့တယ်။ကိုယ်ကအမြဲတမ်းဘုရားရှီခိုးတိုင်းနာရီဝက်နီးပါးကြာတတ်တယ်။ကိုယ်ဘုရားရှီခိုးပြီးဘေးကိုပတ်ရှာကြည့်တော့မင်းကိုမတွေ့ဘူး။ဒါနဲ့ဘဲအနားကလူတချို့ကိုမေးကြည့်တော့မိန်းကလေးတစ်ယောက်ကလာခေါ်သွားတယ်တဲ့။

ကိုယ်ထင်လိုက်ပြီအဲ့ဒါရွှန်းသစ်ဝေဘဲဖြစ်လိမ့်မယ်ဆိုတာ။မင်းမတွေးမိခဲ့ဘူးလားကိုယ်တစ်ယောက်ထဲကြောက်နေမလားလို့လေ။မိဘတွေနဲ့ဘဲအပြင်သွားတတ်တဲ့ကိုယ့်အဖို့တော့တစ်ယောက်ထဲဘုရားပေါ်ယောင်လည်လည်ဖြစ်ပြီးမင်းကိုလိုက်ရှာနေမိတယ်။

တွေ့ဖြစ်ခဲ့တော့လည်းမင်းကရွှန်းသစ်ဝေနဲ့အတူဓါတ်ပုံတွဲရိုက်နေခဲ့တယ်မင်းသူငယ်ချင်းဓါတ်ပုံဆရာအကူညီနဲ့ပေါ့။ဘာရယ်မဟုတ်ဘဲမင်းနှလုံးသားမှာနေရာရခဲ့သူဟာသူမလို့ကိုယ်ထင်နေမိတယ်။

မင်းတို့ကိုအနှောက်ယှက်မဖြစ်စေချင်တော့တာမို့ကိုယ်တစ်ယောက်ထဲတိတ်တဆိတ်သာဘုရားကပြန်လာခဲ့လိုက်တယ်။မင်းကတော့သူနဲ့အတူရှိနေရတော့ကိုယ်ပျောက်နေခဲ့တာတောင်မေ့လျော့နေခဲ့တယ်။

ကိုယ့်ရဲ့အိမ်ပြန်လမ်းတွေမှာမျက်ရည်တွေကကိုယ့်အဖော်ဖြစ်ရှိနေပေးခဲ့တယ်။ဒီလောက်နာကျင်နေရတာတောင်ကိုယ်မင်းကိုအပြစ်မမြင်ခဲ့မိဘူး။

ကိုယ်အိမ်ပြန်ရောက်နေတော့မှမင်းသတိရပြီးကိုယ့်ကိုဖုန်းဆက်ခဲ့တယ်။ဒါပေမဲ့ကိုယ်ပထမဆုံးမင်းရဲ့ဖုန်းကိုပိတ်ပစ်ခဲ့တယ်။ကိုယ့်မှာလက်ကျန်ခွန်အားတောင်မရှိတော့ဘူးကိုကို။

ႀကိဳး (ကြိုး)Where stories live. Discover now