အပိုင်း (၁၃)

4.1K 284 58
                                    

Unicode

"ကျွန်တော့်အမျိုးသားလေးက ဖြစ်ခဲ့တဲ့မတော်တဆမှုမှာ ခေါင်းကိုထိခိုက်သွားခဲ့လို့ အိမ်မှာပဲ အနားယူခိုင်းထားပါတယ် ... မှတ်ဥာဏ်တချို့လည်းပျောက်ဆုံးသွားလို့ မှတ်ဥာဏ်တွေ ပြန်ရအောင် ကုသမှုလည်း ပြုလုပ်နေလို့ အခုတလောတော့ ကျွန်တော်နဲ့အလုပ်ကိစ္စတွေတွဲလုပ်နိုင်သေးမယ် မထင်ပါဘူး"

      TV မှာလာနေတဲ့ ရှောင်းရဲ့ ပုံရိပ်ဟာ ခပ်ဆွေးဆွေး ။ လေသံမှာလည်း ဝမ်းနည်းရိပ်တွေပါနေခဲ့သည်။

"ရော့ ... !"

      ဆောင့်ကြီးအောင့်ကြီးဖြင့် သူ့ရှေ့ကို ဒိန်ချဉ်ဘူးထိုးပေးလာသည့် ဖန်ချောင်းချောင်းက မျက်စောင်းကလည်း ထိုးလိုက်သေး၏ ။

"ငါ့ကို ကြက်ကြော်မှာပေးစမ်းပါ"

"မင်းဘယ်လိုဖြစ်နေတာလဲ တစ်ခုပြီးတစ်ခု ... ! ငါ့ကို သမ္မတရှောင်းထင်နေတာလား"

"ရှောင်းသာဆို အဲ့လိုမခိုင်းဘူး ... မင်းအမှားကို တစ်ပတ်ပေးဆပ်ဖို့ပြောထားတယ်လေ"

"ငါ့အမှားပဲမဟုတ်ဘူးလေ ... အကုန်ဝိုင်းစကြတာကို"

      ဖန်ချောင်းချောင်း မျက်နှာဟာ ဆူပုတ်ပုတ် ။ အကုန်လုံးဝိုင်းစကြတဲ့အထဲ ချောင်းချောင်းကသာအားယားနေတဲ့သူဖြစ်၍ သူ့ဘေးမှာထားထားခြင်းသာ ။
ဝိုင်းစကြလို့ သူ့မှာမသေရုံတမယ် ခံခဲ့ရပြီး ရှောင်းဆီကနေလည်း မယုံကြည်မှုတွေလည်း ရရှိခဲ့ရသည်။
သူမလိမ်ဘူး ... တကယ်ကို နှလုံးသားလေးက နာကျင်ခဲ့တာ .. ။

"ကြက်ကြော်မှာပေးလို့ "

"မင်းခုနကမှ ပင်လယ်စာခေါက်ဆွဲစားထားတာလေ"

"ဟ ... ဝမလား ... "

"ငါ့ပိုက်ဆံကုန်တယ် ... ခုနကလည်းမင်းစားချင်တဲ့ ဟိုတယ်ကမှာပေးထားရတာ ... သမ္မတရှောင်းက ဖေဖေ့ကိုတိုင်လို့ မုန့်ဖိုးဖြတ်ခံထားရတဲ့ ကြားထဲ "

      ဖန်ချောင်းချောင်း အသံဟာ ငိုသံတော့ နည်းနည်းစွတ်နေသည် ။ ဒါပေမယ့် မတတ်နိုင် ... သူ့ကိုအခုလိုဖြစ်အောင်လုပ်ခဲ့သူမို့ နည်းနည်းလေးမှ မသနားပါ။

𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 𝐈𝐧𝐚𝐦𝐨𝐫𝐚𝐭𝐨Where stories live. Discover now