1991
ပေကျင်းမြို့ဟာတရုတ်ပြည်မြို့ဖြစ်လေသည်။ထိုခေတ်၁၉၉၁အရဆိုရင်သူတို့ရဲ့ရိုးရာဓလေ့အရမီးပုံပျံလွှတ်ပွဲဟူ၍ဖြစ်သည်။ထိုစဉ်ဖြူဖြူအုအုကလေးလေးနှစ်ယောက်။အလယ်မှာမီးပုံပျံတူတူကိုင်ထားကြသည်။" ကောကော "
ကလေးရဲ့နှုတ်ခမ်းကထွက်လာတဲ့အသံလေးကြောင့် ပြန်ပြောလိုက်လေ၏။
" ဗျာ ပြောပါဗျာ "
" ဟီးဟီး ကိုကိုဝမ်ဘယ်နေ့အိမ်လာမှာလဲ "
" ဟို ကျန့်ကျန့်ရယ် ကိုယ်ကလေအသက်ပြည့်ပြီဆိုတော့ ကောကောဖေဖေကအရာရှိအလုပ်ထဲသွင်းတော့မယ် "
" အဲ့ဒါဘာကိုပြောတာလဲဗျ "
ပေါက်စနအရွယ်အသာရည်ဖြူဖြူအုအု၊နှုတ်ခမ်းအောက်ကမှည့်နက်လေးနဲ့ကလေးကမေးလာတော့ဝမ်ရိပေါ်မှာဘယ်လိုဖြေရမှန်းမသိ။သူတို့နှစ်ယောက်ကခင်လာတာ၁၁နှစ်ရှိခဲ့တော့လည်းမတည့်အတူလို့ပေါ့။
" ကိုယ် အရာရှိလုပ်ရတော့မှာဗျ "
" ဟင် ဒါဆို ဘာလိုကြီးလဲ "
ဝမ်ရိပေါ်တစ်ယောက်လေးနက်စွာပြုံးလိုက်ကာကလေးနဖူးအားအသားလေးတောက်လိုက်လေတော့နှာရှုတ်သွားတဲ့ကလေးလေးရှောင်းကျန့်ကပြောလာ၏။
" အ့ ကိုကိုဝမ်ကအမြဲတမ်းနဖူးကိုပဲတောက်နေတာ "
" ပိန်းလို့လေ၊ငပိန်းလေးရဲ့ ကိုယ်အခုကိုယ့်ပါးပါးခေါ်နေပြီ ကိုယ်ပြန်ရတော့မယ် "
ဝမ်ရိပေါ်က သူလည်းပင်မှာချိတ်ဆွဲထားတဲ့ဆွဲကြိုးလေးဖြုတ်၍ရှောင်းကျန့်လေးအာဆွဲပေးလိုက်စေတယ်။ဒီဆွဲကြိုးကသူရဲ့မားမားမဆုံးခင်တုန်းကပေးသွားတဲ့ဆွဲကြိုးလေးတစ်စုံရယ်၊လက်စွပ်ရယ်ပဲရှိတာမို့အမြတ်တနိုးသိမ်းထားရတယ်။ဒီကလေးကကိုယ့်ဘဝမှာအရေးပါတဲ့သူမို့အမှတ်တရဖြစ်ပေးခဲ့ခြင်းဖြစ်သည်။
" ကိုကိုပြန်လာမှာလာဟင် "
" လာမှာပေါ့ ဒါဆိုကိုယ်သွားတော့မယ် ဒီဆွဲကြိုးလေးကိုဘယ်တော့မှမချွတ်နဲ့နော် "
" အွန်း အွန်း "
သူကိုကျောခိုင်းကာပြေးထွက်သွားတဲ့ကောကောဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်လေးမှာဝမ်းတွေနည်း၊မျက်နှာလေးကလည်းညိုးငယ်နေတယ်။
______________________
YOU ARE READING
မင်းတစ်ယောက်သာ
Fanfiction" မင်းဆိုတဲ့ကဗျာ မင်းဆိုတဲ့အရာရာ မင်းကိုချစ်အဆုံးပါလို့ပြောရင်မင်းယုံပါ့မလားမာနခဲလေး "