He & Me

47 5 0
                                    

အချစ်ဆိုတာအလကား၊
ယုံကြည်မူနဲ့ ဆောက်လို့ရတဲ့အရာလည်းမဟုတ်၊သစ္စာတရားနဲ့ထိန်းလို့ရတာလည်း မဟုတ်၊ဒီအတိုင်း ပျင်းနေတဲ့သူနဲ့ပျင်းနေတဲ့သူနှစ်ယောက်တွေ့ပြီး အရာတစ်ခုကို ဖန်တီးလိုက်ကြတာ။

ဒါသူအမြဲပြောနေကျစကား။

စစကြားလိုက် သိလိုက်ရတုန်းကဖြင့် ဒီကောင်ဟာ စကားကြီးစကားကျယ်တွေသိပ်ပြောတယ်ပေါ့။ ဖက်ကြမ်းကို လက်ကြားညှပ်ပြီး ပြောတတ်တဲ့အဲ့ကောင်ရဲ့စကားတွေကို ဘယ်သောအခါမှ အမှန်လို့
မမြင်လေဘူး ။ ဒါပေမဲ့ အမှန်လို့ ထင်သွားခဲ့ရတဲ့ရက်၊ အဲ့ကောင်ရဲ့ စကားတွေ
ကို လုံးလုံး မျက်စိမှိတ်လက်ခံလိုက်ရတဲ့ရက်က တစ်ကယ်ရှိလာခဲ့တယ်။ မယုံချင်ပေမဲ့ ယုံလိုက်ခဲ့ရတယ်။အဲ့ရက်ဟာ ကျွန်မအတွက်တော့ ယဥ်ယဥ်ကျေးကျေးပြောလိုက်ရရင်
ဖြင့် မစင်လို ရက်မျိုး။

အဲ့ဒီ့နေ့က တီဗီမှာ ဇာတ်ကားတစ်ကားလာနေတယ် ။ ကားနာမည်ကတော့ မမှတ်မိတော့။ အချစ်ဇာတ်လမ်းတွဲပဲ ၊ မင်းသမီးက ကုမရတဲ့ရောဂါတစ်ခုနဲ့ ဆေးရုံတတ်၊ မင်းသားက ခြေကျိုးပြီး ဆေးရုံတတ်ရ ။

နှစ်ယောက်သားဆေးရုံမှာတွေ့ကြ၊ ချစ်ကြ ၊ ကြိုက်ကြ၊ ပျော်ကြ၊ ဆွေးကြ၊ လွမ်းကြ၊ သေကြ ၊ ပြီးတော့ ပြန်ဆွေး ၊ ပြန်လွမ်း ၊ အမှတ်တရတွေကို ပြန်တွေးပြီး ပျော်နေ။

ဇာတ်လမ်းက အဲ့လိုသိမ်းသွားတယ်။ အဲ့အကောင်ကပြောတယ်။ ဇာတ်လမ်းက မစင်လို ဇာတ်လမ်းတဲ့။ ကျွန်မက ပြန်ပက်တယ်။ နင်တောင် အဲ့လောက်
အဖြစ်ရှိလေသလားလို့ ။

မထင်မှတ်တဲ့ စကားတစ်ခွန်းကနေ မတိုင်ပင်ထားဘဲ ရုပ်ရှင်အတူတူကြည့်ရာကနေ  ရန်ပွဲတစ်ခုက စလာခဲ့တယ်။ နောက်တော့ စကားတွေက အချင်းချင်း ပက်နေရာကနေ
ပိုပြီးမြင့်လာတယ်။ စောင်းမြောင်း ပြောဆိုလာတယ်၊ အတိတ်ကလုပ်ခဲ့ဖူးသမျှ အမှားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပြန်ကိုင်ပေါက်ကြတယ်။ ရယ်ချင်ရက် လက်တို့ ဖြစ်သွားစေခဲ့တဲ့အကြောင်းကတော့ နှစ်ယောက်က ပြတ်သွားတာပဲ ၊ ပြတ်သွားကြတာ။ ရုပ်ရှင်တစ်ကား ၊စကားတစ်ခွန်းကနေ။

အဲ့ကောင်ဟာ အပြင်မှာ အခြားသူနဲ့ရှုပ်ပွေနေလို့လည်းမဟုတ်၊ ကျွန်မကို
စိတ်ကုန်သွားရုံပဲ ။ သိလိုက်တာပေါ့၊ ဒီကောင်ငါ့ကိုစွန့်ပစ်ပြီဆိုတာ၊ သူငယ်ချင်းကနေဖြစ်လာတဲ့အချစ်ဟာ နားလည်မူအပြည့်နဲ့ခိုင်မြဲနေမယ်ဆိုတာ မစင်စကားတွေမှန်း ယုံကြည်လိုက်ရတယ်။ ဒီလိုနဲ့ ပြတ်သွားကြတယ်။

တစ်ပါးသူWhere stories live. Discover now