-15-

3.3K 265 32
                                    

“ ပြန်တော့မယ်လို့ မောင် ရဲ့ မမ ပြန်လာတော့မှာလို့ ....”
‌Lisa က Jen ကိုသူ့အခန်းထဲခေါ်သွားပြီးလိုက်ပြတယ်။ အခုက ကုတင်ပေါ်မှာ Lisa ရင်ခွင်ထဲမှာ Jen ကသူ့ခါးတေကိုသိုင်းဖက်ပြီးရင်ဘတ်လေးပေါ်ခေါင်းလေးတင်ထားတယ်။

“ နေပါအုံးလား ချစ် ရယ်ခနလောက်ပဲဖြစ်ဖြစ် မောင် ကဒီမှာပါအိပ်စေချင်တာ ”

“ အဲ့လိုအိပ်လို့မ‌ရ‌ဘူးလေ မောင် ရဲ့အိမ်မှာ မမ တစ်ယောက်ထဲရယ် ”

“ အင်းပါကွာ ခနလောက်အိပ်ပြီးလိုက်ပို့မယ်နော် ”

“ ဟုတ် ”
Jen လည်း Lisa ရင်ခွင်ထဲပိုတိုးဝင်ကာမျက်လုံးမှိတ်ထားလိုက်တယ်။ အတန်ကြာတော့သူတို့နှစ်‌ယောက်လုံးအိပ်ပျော်သွားကြတယ်။ တစ်နာရီလောက်ကြာတော့ Jen ကနိုးလာတယ် မျက်လုံးမဖွင့်ခင်ကတည်း Lisa ရင်ခွင်ထဲမှာဆိုတဲ့အသိကြောင့်သူမပြုံးမိတယ်။ လှုပ်လှုပ်ရွရွလုပ်လိုက်ရင် Lisa နိုးသွားမှာကြောက်တော့သူမလေးကငြိမ်ငြိမ်လေးနေ နေရှာသေးတာဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲ Lisa သူမလေးကိုပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင်ကောင်းလိုက်လဲ ကမ္ဘာကြီးတစ်ခုလုံးအပိုင်ရထားသလို။ ခနကြာတော့ Jen မျက်လုံးဖွင့်ပြီး Lisa ကိုဖက်ထားတဲ့လက်ကိုအသာလေးလွှတ်ကာဘေးမှာတင်ထားတဲ့ဖုန်းကိုလှမ်းယူပြီးနာရီကိုကြည့်လိုက်တော့ သူမပြန်သင့်ပြီခနကြာရင် မမ ကပြန်လာတော့မည်။ Jen လည်း Lisa မျက်နှာလေးကိုလက်ညိုးလေးဖြင့်အသာလေးတို့ထိကာညင်ညင်သာသာလေး။

“ မောင် ”
Lisa ကနိုးလာပြီးမျက်လုံးမဖွင့်ပဲ Jen လက်လေးကိုယူကာသူ့ခါးမှာပြန်ဖက်စေတယ်။ Jen သူ့ရဲ့ခလေး‌ဆန်မှုကြောင့်ဖွဖွလေးပြုံးလိုက်တယ်။ Jen ကခေါင်းလေးကိုအပေါ်ဘက်ကိုတိုးလိုက်ပြီး သူ့မနှာခေါင်းလေးနဲ့ Lisa နှာခေါင်းလေးကိုပွတ်သတ်နေတယ်။

“ မောင် ထတော့လေနော် မ ပြန်ရတော့မယ်လိုက်ပို့တော့ ”

“ အင်း ”
ပြောသာပြောနေတာမျက်လုံးကမဖွင့်သေးပဲ Jen ကိုသာတင်းတင်းကျပ်ကျပ်ဖက်ထားတယ်။

“ ထတော့ကွာ အာ့လိုဆိုးမနေနဲ့စိတ်ဆိုးလိုက်မှာနော် ”
အဲ့တော့မှ Lisa လည်းမျက်လုံးဖွင့်ပြီး Jen ကိုလက်ကနေဆွဲလိုက်ပြီး သူက Jen ကိုယ်ပေါ်ကိုအုပ်မိုးလိုက်တယ်။ Jen ကတော့အလန့်တကြား Lisa ကိုပြူးကြောင်ကြောင်လေးကြည့်နေတယ်။

I want you Jennie Ruby Jane // Jëñlìsã Where stories live. Discover now