Strawberries and cigarettes 🍓🚬

5K 224 47
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

​မောင့်နှုတ်ခမ်းပါးထက်က cigarette အရသာနဲ့ မောင့်အသဲ နှုတ်ခမ်းထူထူထက်က strawberry အရသာတို့ရဲ့ ပေါင်းစပ်မှုကို မောင်လွမ်းလှပြီ~~~~

~~~~~~~~~~~~~~~🍓🚬~~~~~~~~~~~~~~~

Seoul လမ်းမထက်တစ်နေရာတွင်>>>>

ဆိုင်ကယ်ကို အရှိန်ကုန်တင်ပြီး ဆိုးလ်မြို့ရဲ့ လေထုကို ရူရှိုက်ကာ မောင်းနေစဉ် ကျွန်တော့် ဆိုင်ကယ်ရှေ့ ပြေးဝင်လာသော အရိပ်လေးကြောင့် ကျွန်တော် ဘာမှကို မစဉ်းစားနိုင်ဘဲ ဆိုင်ကယ်ကို ဘေးသို့သာ ကွေ့ချလိုက်ရတယ်....

တော်သေးတာပေါ့ ဘေးက မြက်ခင်းပြင်ဖြစ်နေလို့ မဟုတ်လို့ကတော့ Jeon Jung Kook တို့ခေါင်းကွဲမဲ့ကိန်း....ဒါပေမဲ့လည်း အခုလောလောဆယ် ဆိုက်ကယ်ကို အရှိန်နဲ့ကွေ့တာကြောင့် ကျွန်တော့် ခြေထောက်တော့ ဆိုက်ကယ် အောက်ရောက်နေပြီ....ဒါပေမဲ့ Jeon Jung Kook တို့က ဒီလောက်ကတော့ မဖြုံပါဘူး အသာလေးပဲ....

ဒါနဲ့နေအုန်း ဟို တစ်ယောက်ကော ဘာဖြစ်သွားလဲမသိဘူး သွားကြည့်အုန်းမှ ပြီးရင် နည်းနည်းလောက်တော့ ဆုံးမပေးအုန်းမှ....ဘယ့်နှယ့် သူများ ဆိုင်ကယ်ရှေ့ လာဝင်ရတာလဲလို့ သေချင်လည်း တစ်ခြားနေရာသွားသေတာမဟုတ်ဘူး....

ကျွန်တော် သူ့အနား ရောက်သွားတော့ ရင်ဘက်ကလေးကို သူ့လက်ချောင်းကောက်ကောက်လေးတွေ အုပ်ပြီး ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်နဲ့ အသက်လုရှူနေရသော ကောင်လေးကြောင့် ကျွန်တော် ခေါ်လိုက်မိတယ်...

Jk-ဟေ့ ကောင်လေး အဆင်ပြေရဲ့လား

ကျွန်တော် ခေါ်တာကို အဖက်မလုပ်တဲ့ကောင်လေးကြောင့် ဒေါသက ထောင်းခနဲ ထွက်သွားကာ ကောင်လေးနားမှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး လက်တစ်ဖက်ကလည်း ကောင်လေးရဲ့ မျက်နှာကို ဆွဲမော့လိုက်တယ်....

KookJin one shortWhere stories live. Discover now